သတင်း

ဟုတ်​​သေးပါဘူးဗျာ

အစိုးရတစ်​ဖွဲ့လုံးကို ကိုယ်​စားပြုတဲ့ ပြန်​ကြား​ရေးဌာနရှိပြီးသား​လေ။ အင်​​ဖော်​​မေးရှင်း​ကော်​မတီဖွဲ့ချင်​ရင်​လည်း ပြန်​ကြား​ရေး​လက်​​အောက်ခံအ​​နေနဲ့ပဲဖွဲ့ရမှာ၊ တပ်​၊ရဲ၊သမ္မတရုံး၊နိုင်​ငံခြား​ရေး၊နယ်​စပ်​​ရေးရာ တာဝန်​ခံ​တွေကို တရားဝင်​ထုတ်​ပြန်​​ပေးထားရမှာဗျ။ အခုဟာက သတင်းရစ်​မြစ်​​​တွေကို အမှုတွဲပြီး ​သေ​ဖေါ်​ခေါ်သလိုဖြစ်​သွားပြီ။

ဝီရသူ(မစိုးရိမ်​)
30.8.2017
am 10:25
………………….

အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ Facebook စာမျက်နှာအမည် အပြောင်းအလဲလုပ်

ရန်ကုန်၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အစိုးရက တရားဝင် သတင်းထုတ်ပြန်နေသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ Facebook စာမျက်နှာကို သတင်းထုတ်ပြန်ရေးကော်မတီဟု အမည်ပြောင်းလဲ လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ စာမျက်နှာမှ ထုတ်ပြန်ချက်များသည့် အစိုးရတစ်ရပ်လုံးကို ကိုယ်စားပြုသည်ဟု အများပြည်သူ သိရှိနိုင်စေရန် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီပေ့ခ်ျဟာ တစ်ဦးတစ်ယောက်တည်းထက် အစိုးရတစ်ရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတာ သိစေချင်တယ်။
တပ်ပါတယ်။ ရဲပါတယ်။ သမ္မတရုံးပါတယ်။ နိုင်ငံခြားရေးပါတယ်။ နယ်စပ်ရေးရာပါတယ်။ ဒီလို စုဖွဲ့ ပါဝင်တာမို့လို့ ဒီအတိုင်းပဲ ကျွန်တော်တို့ သွားမယ်။ ဆိုလိုတာက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက ထုတ်ပြန်နေတာ မဟုတ်ဘူးပေါ့ ” ဟု ဦးဇော်ဌေးက ဆိုသည်။

ယခင်က နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ (State Counsellor Office Information Committee) ဆိုသည့် အမည်ကို ယနေ့ (သြဂုတ် ၂၉) ညနေ ၈နာရီ ၃၀ မိနစ်ခန့်တွင် သတင်းထုတ်ပြန်ရေး ကော်မတီ(Information Committee)ဟု အမည်ပြောင်းလဲခဲ့သည်။

လက်ရှိတွင် အဆိုပါစာမျက်နှာတွင် ဖော်ပြပေးသည့် သတင်းအချက်အလက် ထုတ်ပြန်ချက်များကို နိုင်ငံတကာ သတင်းဌာနများမှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးတည်း၏ ထုတ်ပြန်ချက်ကဲ့သို့ ရေးသားဖော်ပြနေကြကာ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်များတွင် သွေးထွက်သံယိုဓါတ်ပုံများ ပါနေခြင်းအပေါ် ပြည်တွင်း၌ ဝေဖန်မှုများ ရှိနေသည်။

သတင်းအမှန်ကို လျှို့ဝှက်ခြင်း မရှိဘဲ အစိုးရတစ်ရပ်လုံးကို ကိုယ်စားပြု၍ ဆက်လက် သတင်း ထုတ်ပြန်သွား မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

The Voice Journal