သတင္း

အဆဲမလြတ္ေသာ ေလာကႀကီး

ခံရေတာ့လည္း အဆဲခံရ။
ျပန္ခ်ေတာ့လည္း အဆဲခံရ။
ခံလည္းမခံရ ခ်လည္းျပန္မခ်ေတာ့လည္း အဆဲခံရ။
ထိုးစစ္ဆင္ေတာ့လည္း အဆဲခံရ။
အပစ္ရပ္ထားေတာ့လည္း အဆဲခံရ။
အမ်ားကူေတာ့လည္း အဆဲခံရ။
ကုလားလွဴေတာ့လည္း အဆဲခံရ။
မဘသလွဴေတာ့လည္း အဆဲခံရ။
ဘာသာေပါင္းစံုလွဴေတာ့လည္း အဆဲခံရ။
ေထရ္ႀကီးဝါႀကီးေတြကို ဆည္းကပ္ေတာ့လည္း အဆဲခံရ။
ဘာသာေရးေခါင္းေဆာင္ေတြထံ ခ်င္းကပ္ေတာ့လည္း အဆဲခံရ။
ဘုရားဖူးေတာ့လည္း အဆဲခံရ။
ကုလားပူးေတာ့လည္း အဆဲခံရ။
တရားစြဲေတာ့လည္း အဆဲခံရ။
တရားစြဲခံရေတာ့လည္း အဆဲခံရ။
အသင္လူသား
သင့္အားဆဲသံ
နားမခံဘဲ
အားအံခဲကာ
ေလွ်ာက္ၿမဲလမ္းသာ ေလွ်ာက္လွမ္းပါေတာ့
သင္ဟာ ဘုရားသားေတာ္တည္း။ ။

ဝီရသူ(မစုိးရိမ္)
14.9.2019
PM-9:34

“အဆဲမလွတ်သော လောကကြီး”

ခံရတော့လည်း အဆဲခံရ။
ပြန်ချတော့လည်း အဆဲခံရ။
ခံလည်းမခံရ ချလည်းပြန်မချတော့လည်း အဆဲခံရ။
ထိုးစစ်ဆင်တော့လည်း အဆဲခံရ။
အပစ်ရပ်ထားတော့လည်း အဆဲခံရ။
အများကူတော့လည်း အဆဲခံရ။
ကုလားလှူတော့လည်း အဆဲခံရ။
မဘသလှူတော့လည်း အဆဲခံရ။
ဘာသာပေါင်းစုံလှူတော့လည်း အဆဲခံရ။
ထေရ်ကြီးဝါကြီးတွေကို ဆည်းကပ်တော့လည်း အဆဲခံရ။
ဘာသာရေးခေါင်းဆောင်တွေထံ ချင်းကပ်တော့လည်း အဆဲခံရ။
ဘုရားဖူးတော့လည်း အဆဲခံရ။
ကုလားပူးတော့လည်း အဆဲခံရ။
တရားစွဲတော့လည်း အဆဲခံရ။
တရားစွဲခံရတော့လည်း အဆဲခံရ။
အသင်လူသား
သင့်အားဆဲသံ
နားမခံဘဲ
အားအံခဲကာ
လျှောက်မြဲလမ်းသာ လျှောက်လှမ်းပါတော့
သင်ဟာ ဘုရားသားတော်တည်း။ ။

ဝီရသူ(မစိုးရိမ်)
14.9.2019
PM-9:34