ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ သဘောထားထုတ်ပြန် ကြေညာချက်

5. 8. 2017

၁။ ၃- ၈- ၂ဝ၁၇ ဘင်္ဂလီအကြမ်းဖက် သောင်းကျန်းသူများကြောင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု
”မြို”တိုင်းရင်းသား ၈-ဦး သတ်ဖြတ်ခံခဲ့ရာ အလောင်း ၆-လောင်းသာ တွေ့ရှိပြီး ၂-ဦး ပျောက်ဆုံးနေပါသည်၊ ထိုသတင်းကို- မောင်တောမြို့နယ်၊ ကိုင်းကြီးရွာ အနောက်ဖက်၌ သြဂုတ်လ ၃-ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုတွင် ဒေသခံရွာသား ၆-ဦး သေဆုံးပြီး ၂-ဦး ပျောက်ဆုံးနေသည်ဟု နိုင်ငံတော်သမ္မတရုံးက ည ၇-နာရီ သတင်းထုတ်ပြန်ခဲ့သည်။

၂။ အဆိုပါကိစ္စအတွက် နယ်မြေရှင်းလင်းရေး သွားကြသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ရွာခံ လူစုလူဝေး ၆ဝဝ-ခန့်ဦးက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၃။ ယခုအခါ ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ ကျေးရွာများတွင် ဒေသခံပြည်သူများ စိုးရိမ်မှုမြင့်တက်ကာ နေရပ်တိမ်းရှောင် စွန့်ခွာ ထွက်ပြေးနေရသော ရုပ်/သံများလည်း တွေ့ရသည်။

၎။ ၄င်းပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးဒေသများ၌ ရဟန်း, ရှင်, လူ ပြည်သူများက သပိတ်စခန်းများဖွင့်၍ မကျေနပ်ချက်များ၊ လိုလားချက်များ တောင်းဆို ဆန္ဒပြနေသည်ကိုလည်း တွေ့ရသည်။

ယခု ဖော်ပြခဲ့သော ပြဿနာများ ဖြစ်ပေါ်နေခြင်းသည် တိုင်းပြည်အတွက် အလားအလာမကောင်းပါ၊
တာဝန်ရှိသူ များက စနစ်တကျ ဖြေရှင်းမပေး လျှင် အပ်ဖြင့် ထွင်းရမည့်အရာသည် ပုဆိန်ဖြင့် ထွင်းရမည့်အရာအဖြစ်သို့ ရောက်သွားနိုင်သည်၊

ဆန္ဒပြတောင်းဆိုသူများ၏ တောင်းဆိုချက်များတွင် ၁။ အမျိုး ဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ ပရဟိတအသင်းများကို နှိမ်ချ
ဖျက်ဆီးနေသော သာ/ယဉ်ဝန်ကြီး သူရဦးအောင်ကို-အား ရာထူးမှ ချက်ခြင်း ဖြုတ်ချပေးရန်၊ ၂။ အမျိုး ဘာသာ သာသနာနှင့် လူမျိုးရေးအန္တရာယ်ကို မိမိကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပါလျက် မကာကွယ်ဘဲ စောင့်ရှောက်ပေးနေသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများအား ဖိနှိပ်ဖမ်းဆီး ချုပ်နှောင် ထောင်ချခြင်းများမှ
ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်၊ ၃။ ကမ္ဘာနှင့် မြန်မာမှာ ရိုဟင်ဂျာလူမျိုးမရှိ၊ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလီလူမျိုးသာရှိကြောင်း ကမ္ဘာကသိအောင် ထုတ်ပြန် ကြေညာပေးရန်နှင့် တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ ပြတ်သားစွာ စိစစ်ကိုင်တွယ် ဖြေရှင်းပေးရန်-ဟူသော တောင်းဆိုချက်များသည် နိုင်ငံအတွက် အမှန်တကယ် လိုအပ်သော တောင်းဆိုချက်များဖြစ်၍ တရားဝင် ညှိနှိုင်း ဆောင်ရွက်ပေးသင့်ပါသည်။
အမှန်တကယ်တော့ သာ/ယဉ်ဝန်ကြီး၏ ပြောဆိုချက်များသည် တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက် ရှေးတန်းမှ အနစ်နာခံ ဆောင်ရွက်နေသော ရဟန်းတော်များကို ၁။ အကျိုးမဲ့ဖြစ်စေရန် အားထုတ်မှု၊ ၂။ ဆဲရေးခြင်း ၁ဝ-မျိုးတွင် ပါဝင်သော ဆဲရေးခြင်းမျိုးဖြင့် ရိုင်းပြစွာ သုံးနှုန်းပြောဆိုခြင်း၊ ၃။ မဟနနှင့် မဘသ ရဟန်းအချင်းချင်း ညီညွတ်မှုကွဲပြားအောင် ကိုယ်တိုင် ပြုလုပ်ခြင်း, ပြုလုပ်သူများကို ထောက်ခံခြင်း-စသော ဤအချက်များသည် (ဝိ- ၄၊ ၂၆၃) နှင့်ညီညွတ်သောကြောင့် သာ/ယဉ်ဝန်ကြီးသည်လည်းကောင်း၊ သူနှင့်ပတ်သက်သူများသည်လည်းကောင်း သပိတ်မှောက် (ပတ္တနိက္ကုဇ္ဇန) ကံ ထိုက်နေပါသည်။

မည်သို့ဆိုစေ တိုင်းပြည်အတွက် ငြိမ်းငြိမ်းချမ်းချမ်း အကောင်းဆုံးဖြစ်စေလိုသောကြောင့် နိုင်ငံတော်တာဝန်ရှိသူများ ကလည်း အကောင်းဆုံးဖြစ်အောင် တွေ့ဆုံးညှိနှိုင်း ပေးသင့်ပါသည်၊ သပိတ်မှောက် ဆန္ဒပြသူများကလည်း ဖြစ်ချင်သည်များ ထည်းမှ ဖြစ်သင့်သည်များကို ဖြစ်နိုင်သလောက်ဖြင့် ကျေနပ်လက်ခံပေးကြပါဟု တိုက်တွန်းကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီးမှ သဘောထား ထုတ်ပြန်လိုက်သည်။

ဦးဆောင်တာဝန်ခံ နာယကများ
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီး

စာအမှတ် ၊ ဝဝဝ၄/ စီမံ- ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း/ ၂ဝ၁၇
နေ့စွဲ ၊ ၁၃၇၉-ခု၊ ဝါခေါင်လဆန်း ၁၃-ရက်၊ (သြဂုတ်လ ၅-ရက်၊ ၂ဝ၁၇) စနေနေ့။