သတင်း




28.2.2019

“အမှုမှန်ပေါ်ပေါက်တော့မည်”

အေးမြတ်သူသားအမိကို ဒီနေ့(28.2.2019)ရက်နေ့ တစ်နေကုန်နီးပါး CIDက စစ်ပါတယ်။
သားအမိနှစ်ယောက်တည်းသီးသန့် အသေးစိတ်စစ်ဆေးတာပါ။
ဘယ်သူက ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာ ဘာနဲ့ ဘာကို ဘယ်လို ဘယ်ပုံ ပြုကျင့်ပြီး ဘာဖြစ် ဘယ်လိုဖြစ် ဘယ်လိုပြီးဆုံး ဘာတွေဆက်ဖြစ် ဘယ်လိုပြုမူ ဘယ်လိုပြောဆို ဘာကြောင့်အိမ်ပြန် စတာတွေ အကုန်လုံးကို ကလေးမလေးက အတိအကျ အသေအချာ အပိုင်အနိုင် အမှားအယွင်းမရှိ မကြောက်မလန့် မချွင်းမချန် ရှေ့နောက်အညီအညွတ် အဆက်အစပ်မိမိ ဖြေဆိုနိုင်ခဲ့ပါတယ်။
သဘာဝတရားကြီးကတော့ အမှန်တရားဘက်မှာ အပြည့်အဝရပ်တည်နေပါပြီ။
သစ္စာဆိုထားသူကြီးရေ ခင်ဗျားသစ္စာဘယ်လောက်မှန်မလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။

ကမ္ဘာကျော်အမုန်းခံသမားကြီး
28.2.2019