သတင္း

အရင္တုန္းက စုဆုိမွစု၊ အခုေတာ့ သူဆုိမွသူူ

ဒီေန႔ စႏၵရားဆရာတစ္ေယာက္ ေက်ာင္းေရာက္လာပါတယ္။ လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ လြတ္လာသူပါ။ အရင္တုန္းကလည္း စာေရးသူႏွင့္ သုံးႀကိမ္ ေတြ႔ဆံုခဲ့ဖူးပါတယ္။  စာေရးသူ နဂါးနီစုဘူး အသစ္ဖြင့္တုိင္း သူ႔ကို ငွားတာပါ။ ဇာတိမာန္သီခ်င္းတို႔ နဂါးနီသီခ်င္းတုိ႔အတြက္ တီးေပးဖုိ႔ပါ။

အဲဒီတုန္းက စာေရးသူအေပၚ စႏၵယားငွားသူတစ္ဦးအျဖစ္သာ ဝတ္ေက်တန္းေက် စကားေျပာတာပါ။ သူၾကားထားရတာေတြေၾကာင့္ စာေရးသူကို မၾကည္ညဳိႏိုင္ခဲ့သလို စာေရးသူႏွင့္ အခုလို လိုက္ဆိုေနရင္ သူပါ စီးပြားေရးထိခိုက္မယ္လို႔ ယူဆထားတာေၾကာင့္ ခပ္စိမ္းစိမ္းေနတာလည္း ပါပါတယ္။ အႏုပညာသမားျဖစ္လို႔သာ ငွားရာလိုက္ရတဲ့သေဘာမုိ႔ လုိက္ဆိုျခင္း ျဖစ္ေသာ္လည္း စိတ္ထဲမွာေတာ့ စာေရးသူကို လံုးဝ ၾကည့္မရတဲ့သူျဖစ္ပါတယ္။

ဒီလိုနဲ႔ စတုတၳအႀကိမ္ နဂါးနီစုဘူးအသစ္ဖြင့္ပြဲမွာ သူ႔ကိုငွားေသာ္လည္း မလိုက္ႏို္င္ေတာ့ပါ။ အုိးဘိုဘဝတကၠသိုလ္ေရာက္သြားၿပီလို႔ပဲ ၾကားလိုက္ရပါတယ္။ အိုးဘိုမွာ စာေရးသူရဲ႕ မိတ္ေဟာင္းေဆြေဟာင္းေတြနဲ႔ အၿမဲတန္း စကားေျပာျဖစ္၊ စာေရးသူအေၾကာင္း စာေတြဖတ္ျဖစ္တာေၾကာင့္ စာေရးသူ ေထာင္ထဲမွာ ေနထိုင္ခဲ့ရပုံေတြ၊ စာေရးသူရဲ႕ စိတ္ေနသေဘာထားေတြ သိရွိသြားရာမွ မေတာင္းပန္လို႔ မျဖစ္ေတာ့ဘူးဆိုတဲ့အေတြးနဲ႔ သူ႔အျမင္ေတြ ေျပာင္းလဲခဲ့ပုံကို သူစပ္ထားတဲ့ ကဗ်ာေလးႏွင့္ စာေရးသူကို လာေရာက္ေတာင္းပန္ပါတယ္။

ျပည္ခ်စ္သားဂ်ာနယ္၊ မဟာဝီရမဂၢဇင္း၊ ရြာျပင္ထုတ္ခံရသူႀကီး၊ အတုမရွိဂ်ာနယ္ စတာေတြက သူ႔ဘဝကို အျမင္ေျပာင္းေစခဲ့တာပါ။  သူက စႏၵယား(……….)ဘယ္သူဘယ္ဝါဆိုတာ ထုတ္ေဖာ္ေျပာၾကားသလို အင္တာဗ်ဴးမယ္ဆိုလည္း အဗ်ဴးခံပါမယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ စာေရးသူကို ၾကည္ညဳိရင္ ရန္သူလို သေဘာထားၾကတဲ့ ငွက္ဆိုးငွက္နာေတြ အထိုးအဆိတ္ မခံေစလိုတာေၾကာင့္ စာေရးသူက စႏၵယား(………..)ကို ထည့္မေရးလုိက္ျခင္းပဲ ျဖစ္ပါတယ္။

ပူးတြဲပါကဗ်ာေလးက သူကိုယ္တုိင္ေရးစပ္ထားတဲ့ သူ႔လက္ေရးစာမူျဖစ္ပါတယ္။ ဒီကဗ်ာေလးကိုဖတ္ၿပီးရင္ သူလို အထင္လြဲမွားေနသူေတြ အျမင္မွန္ရႏိုင္ပါေစလို႔ပဲ သူကရည္ရြယ္တာပါ။ သူ႔ရယ္ရြယ္ခ်က္ ထေျမာက္ေအာင္ျမင္ပါေစေသာ္…..။

“ေနာင္တ”
======

ဗိုလ္ခ်ဳပ္ကုိ ခ်စ္တယ္
စစ္အာဏာရွင္ကို မုန္းတယ္
‘စု’ကို ခ်စ္တယ္
တစ္ခ်ိန္က အစိုးရကို မုန္းတယ္
ဘာေၾကာင့္ရယ္မသိ
မုန္းမိတယ္ ‘သူ႔’ကို…။

‘စု’ေျပာသမွ် နားဝင္ခ်ဳိတယ္
‘သူ’ေျပာသမွ် နား၀င္ခါးတယ္
အမ်ားခ်စ္တဲ့ ‘စု’ကို ဆန္႔က်င္
သူ႔လမ္း ‘သူ’ထြင္
‘သူ’တင္တဲ့ အမ်ဳိးေစာင့္ဥပေဒ
လူ႔အခြင့္အေရးေပတံနဲ႔ တုိင္း
ငွက္ တုိင္းက ရိုင္းသတဲ့ေလ…။

အရင္က နားဝင္ခါးတဲ့ ‘သူ႔’စကား
အခုမ်ားေတာ့ မွန္လိုက္ေလ
‘စု’စကားေတြ နားဝင္မခ်ဳိေတာ့ပါလား
တုိင္းတစ္ပါးသား ဆရာတင္
ကိုယ္ထင္ရာ ကိုယ္စုိင္း
ရုိင္းလိုုက္တဲ့ အေျခ
တိုင္းရင္းသားတို႔အေဆြ
တုိ႔ပိုင္တဲ့ေျမ
ဒါတုိ႔ေျပ(ျပည္) ဒါတို႔ေျမကို
အေသအခ်ာ ျပန္သံုးသပ္ရမယ္တဲ့…။

ရင္နာစရာ ‘စု’မေနာ
‘သူ႔’အေျပာေတြနဲ႔ ထပ္တူက်လွခ်ည့္
အမ်ဳိးထိမွ အဟုတ္ေနာ္
ပုပ္မွပဲ ေပၚေတာ့သေလ
ျမတ္ေထရ္ရွင္ ဝီရ ‘သူ’ စကား
ျပစ္မွားမိမွား။ ။

နတ္လြန္းအိမ္
18.4.2018
ဤကဗ်ာျဖင့္ အမ်ဳိးသားေရးဆရာေတာ္ ဦးဝီရသူအား ရိုေသစြာျဖင့္ ဦးခ်ကန္ေတာ့ပါသည္။

 

“အရင်တုန်းက စုဆိုမှစု၊ အခုတော့ သူဆိုမှသူူ”

ဒီနေ့ စန္ဒရားဆရာတစ်ယောက် ကျောင်းရောက်လာပါတယ်။  လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်လာသူပါ။ အရင်တုန်းကလည်း စာရေးသူနှင့် သုံးကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။  စာရေးသူ နဂါးနီစုဘူး အသစ်ဖွင့်တိုင်း သူ့ကို ငှားတာပါ။ ဇာတိမာန်သီချင်းတို့ နဂါးနီသီချင်းတို့အတွက် တီးပေးဖို့ပါ။

အဲဒီတုန်းက စာရေးသူအပေါ် စန္ဒယားငှားသူတစ်ဦးအဖြစ်သာ ဝတ်ကျေတန်းကျေ စကားပြောတာပါ။ သူကြားထားရတာတွေကြောင့် စာရေးသူကို မကြည်ညိုနိုင်ခဲ့သလို စာရေးသူနှင့် အခုလို လိုက်ဆိုနေရင် သူပါ စီးပွားရေးထိခိုက်မယ်လို့ ယူဆထားတာကြောင့် ခပ်စိမ်းစိမ်းနေတာလည်း ပါပါတယ်။ အနုပညာသမားဖြစ်လို့သာ ငှားရာလိုက်ရတဲ့သဘောမို့ လိုက်ဆိုခြင်း ဖြစ်သော်လည်း စိတ်ထဲမှာတော့ စာရေးသူကို လုံးဝ ကြည့်မရတဲ့သူဖြစ်ပါတယ်။

ဒီလိုနဲ့ စတုတ္ထအကြိမ် နဂါးနီစုဘူးအသစ်ဖွင့်ပွဲမှာ သူ့ကိုငှားသော်လည်း မလိုက်နိုင်တော့ပါ။ အိုးဘိုဘဝတက္ကသိုလ်ရောက်သွားပြီလို့ပဲ ကြားလိုက်ရပါတယ်။ အိုးဘိုမှာ စာရေးသူရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အမြဲတန်း စကားပြောဖြစ်၊ စာရေးသူအကြောင်း စာတွေဖတ်ဖြစ်တာကြောင့် စာရေးသူ ထောင်ထဲမှာ နေထိုင်ခဲ့ရပုံတွေ၊ စာရေးသူရဲ့ စိတ်နေသဘောထားတွေ သိရှိသွားရာမှ မတောင်းပန်လို့ မဖြစ်တော့ဘူးဆိုတဲ့အတွေးနဲ့ သူ့အမြင်တွေ ပြောင်းလဲခဲ့ပုံကို သူစပ်ထားတဲ့ ကဗျာလေးနှင့် စာရေးသူကို လာရောက်တောင်းပန်ပါတယ်။

ပြည်ချစ်သားဂျာနယ်၊ မဟာဝီရမဂ္ဂဇင်း၊ ရွာပြင်ထုတ်ခံရသူကြီး၊ အတုမရှိဂျာနယ် စတာတွေက သူ့ဘဝကို အမြင်ပြောင်းစေခဲ့တာပါ။ သူက စန္ဒယား(……….)ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ပြောကြားသလို အင်တာဗျူးမယ်ဆိုလည်း အဗျူးခံပါမယ်လို့ ပြောပါတယ်။

ဒါပေမယ့် စာရေးသူကို ကြည်ညိုရင် ရန်သူလို သဘောထားကြတဲ့ ငှက်ဆိုးငှက်နာတွေ အထိုးအဆိတ် မခံစေလိုတာကြောင့် စာရေးသူက စန္ဒယား(………..)ကို ထည့်မရေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ပူးတွဲပါကဗျာလေးက သူကိုယ်တိုင်ရေးစပ်ထားတဲ့ သူ့လက်ရေးစာမူဖြစ်ပါတယ်။ ဒီကဗျာလေးကိုဖတ်ပြီးရင် သူလို အထင်လွဲမှားနေသူတွေ အမြင်မှန်ရနိုင်ပါစေလို့ပဲ သူကရည်ရွယ်တာပါ။ သူ့ရယ်ရွယ်ချက် ထမြောက်အောင်မြင်ပါစေသော်…..။

“နောင်တ”
======

ဗိုလ်ချုပ်ကို ချစ်တယ်
စစ်အာဏာရှင်ကို မုန်းတယ်
‘စု’ကို ချစ်တယ်
တစ်ချိန်က အစိုးရကို မုန်းတယ်
ဘာကြောင့်ရယ်မသိ
မုန်းမိတယ် ‘သူ့’ကို…။

‘စု’ပြောသမျှ နားဝင်ချိုတယ်
‘သူ’ပြောသမျှ နားဝင်ခါးတယ်
အများချစ်တဲ့ ‘စု’ကို ဆန့်ကျင်
သူ့လမ်း ‘သူ’ထွင်
‘သူ’တင်တဲ့ အမျိုးစောင့်ဥပဒေ
လူ့အခွင့်အရေးပေတံနဲ့ တိုင်း
ငှက် တိုင်းက ရိုင်းသတဲ့လေ…။

အရင်က နားဝင်ခါးတဲ့ ‘သူ့’စကား
အခုများတော့ မှန်လိုက်လေ
‘စု’စကားတွေ နားဝင်မချိုတော့ပါလား
တိုင်းတစ်ပါးသား ဆရာတင်
ကိုယ်ထင်ရာ ကိုယ်စိုင်း
ရိုင်းလိုုက်တဲ့ အခြေ
တိုင်းရင်းသားတို့အဆွေ
တို့ပိုင်တဲ့မြေ
ဒါတို့ပြေ(ပြည်) ဒါတို့မြေကို
အသေအချာ ပြန်သုံးသပ်ရမယ်တဲ့…။

ရင်နာစရာ ‘စု’မနော
‘သူ့’အပြောတွေနဲ့ ထပ်တူကျလှချည့်
အမျိုးထိမှ အဟုတ်နော်
ပုပ်မှပဲ ပေါ်တော့သလေ
မြတ်ထေရ်ရှင် ဝီရ ‘သူ’ စကား
ပြစ်မှားမိမှား။ ။

နတ်လွန်းအိမ်
18.4.2018
ဤကဗျာဖြင့် အမျိုးသားရေးဆရာတော် ဦးဝီရသူအား ရိုသေစွာဖြင့် ဦးချကန်တော့ပါသည်။