သတင်းအင်တာဗျူး

အရင်အစိုးရထက် မသာ တောင်မှ အရင်အစိုးရလောက်တော့ လုံခြုံ အောင် စောင့်ရှောက်ပါ(၂) (ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်)

မေး- နောက်ဆုံးသတင်းတွေအရ ကိုင်ကြီးကျေးရွာသား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရတာ၊
နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများ ၀ိုင်းဝန်းရန်ပြု တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတာ၊
မေယုတောင်တွင် ခရု ရှာရင်း ပျောက်ဆုံးခဲ့သူနေထိုင်ရာ ချွတ်ပြင်ကျေးရွာ အပါအ၀င် ရသေ့တောင်မြို့နယ်က
ရခိုင်ကျေးရွာ သုံးရွာမှ ဒေသခံများ စိုးရိမ်မှု မြင့်တက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့မှုများ ဖြစ်ပေါ်နေပြီဖြစ်တယ်လို့ သိရပါတယ်ဘုရား။
ဒေသခံရခိုင်တွေ ဒီလိုပြောင်းရွေ့ကြတာဟာ ဘင်္ဂါလီတွေရဲ့ အကြိုက်ဖြစ်နေတယ်ပေါ့ဘုရား။
ဒေသခံရွာတွေလည်းမရွေ့ပြောင်းအောင်၊ လုံခြုံရေးကိုလည်း ကောင်းမွန်အောင် အစိုးရက ဘယ်လိုကိုင်တွယ်သင့်သလဲဘုရား။
နောက် ရခိုင်ကပြည်သူတွေကိုရော ဘယ်လိုအားပေးစကားပြောချင်ပါသလဲဘုရား။

ဖြေ – အစိုးရကိုင်တွယ်တာနဲ့ပတ်သက်ပြီး ပြောရရင် အရင်အစိုးရက ကိုင်တွယ်တာကောင်းတယ်လေ။ အရင်အစိုးရလက်ထက်မှာ ဒီလို ပြေးရ လွှားရတာတွေ၊ ဒီလို အသတ်ခံရတာတွေလည်း မဖြစ်တော့ဘူးလေ။ ဆိုကြပါဆို့ကွာ၊ ၂၀၁၂ အရေးအခင်းကြီးဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အရင်အစိုးရအစီအမံတွေ အကာအကွယ်တွေက တော်တော်လေးကောင်းတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက အစိုးရရဲ့ လုပ်ဆောင်ချက်ကို
တော်တော်လေး ချီးကျူးကြတယ်ပေါ့နော်။

ဒီအစိုးရတက်လာတဲ့အခါကျတော့ UNရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ NGO တွေက တောပြောတောင်ပြောလျှောက်ပြော အစိုးရက ပြောတဲ့အတိုင်းလိုက်လုပ်၊ အဲဒီတော့ လုံခြုံရေးစည်းတွေ ကျိုးပေါက်ပြီးတော့ အခုလို အမှည့်ချွေ ချွေခံနေရတာပေါ့လေ။
အဲတော့ အရင်အစိုးရထက်မသာတောင်မှ အရင်အစိုးရလောက်တော့ လုံခြုံအောင် စောင့်ရှောက်ပါလို့ တိုက်တွန်းချင်ပါတယ်။
ဌာနေတိုင်းရင်းသားတွေအနေနဲ့လည်း ဦးဇင်းတို့ ဆရာတော်သံဃာတော်တွေ ဦးဆောင်ပြီးတော့ ဒီတိုင်းရင်းသားတွေကို
လုံခြုံအောင်စောင့်ရှောက်ဖို့ လုံခြုံအောင် အကာအကွယ်ပေးဖို့ ကြိုးစားနေပါတယ်။ အားမငယ်ကြပါနဲ့ ပြောချင်တာပေါ့နော်။

မေး- ဒီ ရခိုင်မှာပဲ သြဂုတ်လ ၄ ရက်နေ့မှာ ရသေ့တောင်မြို့နယ်ထဲက အောက်နန်းရာကျေးရွာမှာ အကြမ်းဖက်ဆက်စပ်ပြီး မသင်္ကာသူများကို သွားရောက်ဖမ်းဆီးတဲ့
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရွာအတွင်းက လူ ၆၀၀ ဦးခန့်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ဘုရား။ ဆိုတော့ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဘယ်လောက်ထိ ခြိမ်းခြောက်နေတယ်လို့ သုံးသပ်ချင်ပါသလဲဘုရား။

ဖြေ- အဓိကကတော့ မောင်တောမြို့ကြီးကို ရအောင် သိမ်းချင်နေတာလေ။ အဲဒါကြောင့် ၂၀၁၂ ဇွန်လ ၈ ရက်အရေးအခင်းဆိုတာ ဖြစ်လာတာ။
အဲဒီအရေးအခင်းကို ဂျီဟတ်လို့လည်း ခေါ်လို့ရတယ်၊ မြို့သိမ်းတိုက်ပွဲလို့လည်း ခေါ်လို့ရတာပေါ့နော်။
အဲဒီမောင်တောမြို့ကြီးသာ ကျသွားမယ်ဆိုရင် အနောက်တံခါးကို အသာလေးဖွင့်ပေးလိုက်ရုံပဲလေ။
ဘင်္ဂလားဒေ့ရှ်က အစွန်းထွက် သန်း ၆၀ ပဲ မောင်တောကို ကူးလာဦးတော့ ရခိုင်တပြည်လုံးက အမည်းရောင်လွှမ်းသွားမှာပဲ။
အဲဒီ ရခိုင်တပြည်လုံး အမည်းရောင်လွှမ်းသွားရင် ဧရာဝတီတို့၊ ရန်ကုန်တို့ အကုန်လုံး ဆက်စပ်နေတဲ့နေရာတွေကို ကူးတော့မှာပဲလေ။
အဲတော့ ဘင်္ဂလားဒေ့ရှ်က အစွန်းထွက် သန်း ၆၀ နဲ့တင် မြန်မာပြည်ဟာ တမျိုးသားလုံးရော၊ တစ်သာသနာလုံးရော၊ အချုပ်အခြာအာဏာရော နေချင်းညချင်း ပျောက်ကွယ်သွားနိုင်တာပေါ့နော့်။ အင်မတန်ကို အရေးကြီးတဲ့ တံခါးပေါက်ကြီးပေါ့။ အရေးကြီးရုံနဲ့တင်မကဘူး လောလောဆယ်မှာတော့ အင်မတန်ကို အန္တရာယ်ကြီးတဲ့ တံခါးပေါက်ကြီးကို ဖြစ်နေတာပေါ့နော်။

မေး- ရခိုင်မှာ ဘင်္ဂါလီတွေက အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တိုင်း ပြည်တွင်းမှာရှိတဲ့မွတ်ဆလင်တွေက ဆန့်ကျင်တာမျိုး၊ ကန့်ကွက်ရှုတ်ချတာမျိုး မတွေ့ရသလောက်နည်းပါတယ်ဘုရား။ အဲဒီမှာရော ပြည်တွင်းနေ မွတ်ဆလင်တွေကို အရှင်ဘုရားအနေနဲ့ဘာများပြောချင်ပါသလဲဘုရား။

ဖြေ- သူတို့တွေက ဘာသာပေါင်းစုံချစ်ကြည်ရေးတို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဆိုင်းဘုတ်လှလှလေးတွေကိုင်ပြီးတော့
နိုင်ငံတကာရဲ့ငွေတွေကို ယူနေကြတာလေ။ အဲဒါကို အဟုတ်မှတ်ပြီးတော့ မေတ္တာရှင်လိုလို ကရုဏာရှင်လိုလိုဆိုတဲ့ ဘုန်းကြီးတွေကရောပြီး
သူတို့ အသုံးချတာခံနေရတာပေါ့။ တကယ်တော့ မွတ်ဆလင်တိုင်းဟာ မွတ်ဆလင်ညီရင်းအစ်ကိုတော်များစိတ်ဓာတ်ကိုသာ အတော်တန်ဖိုးထားကြတာကို
မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေကို လေ့လာကြည့်ရင် လွယ်လွယ်ပဲသိနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့တတွေက ဒီလိုနေရာမျိုးဆိုရင်
မသိချင်ယောင်ဆောင်နေကြတာပေါ့။

မေး- သပိတ်ဘက်နည်းနည်း ပြန်လှည့်ချင်ပါတယ်ဘုရား၊ ခုလက်ရှိဖွင့်ထားတဲ့သပိတ်စခန်းတွေမှာရော အရှင်ဘုရား ပူးပေါင်းပါဝင်ဦးဆောင်ဖို့ ရှိပါသလားဘုရား။

ဖြေ- အဲဒါကတော့ အခြေအနေကိုကြည့်နေတာပေါ့နော်။ အခြေအနေနဲ့ အချိန်အခါအရ စောစောကလို ဦးဆောင်တဲ့သံဃာတွေကို
အမြင်ကတ်ပုဒ်မတပ်ပြီး ဖမ်းသွားပြီဆိုရင်တော့ ဒါကို ဦးဇင်းတို့က လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ။
နောက်ပြီးတော့ ဒီသပိတ်စခန်းတွေကို စစ်အစိုးရလက်ထက်ကလို အကြမ်းဖက်ဖြိုခွင်းသွားမယ်ဆိုရင်
ဦးဇင်းတို့က လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးပေါ့။ အဲတော့ ဦးဇင်းတို့က အခြေအနေကိုကြည့်ပြီး လှုပ်ရှားမှာပေါ့နော်။

၁၃။ နိဂုံးချုပ်အဖြစ် အမျိုးသားရေးသမားတွေအတွက်လည်း သြ၀ါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။

အမျိုးသားရေး ညီအစ်ကိုမောင်နှမတွေ ယခုဆင်နွှဲနေတဲ့ ဒီအမျိုးသားတော်လှန်ရေးသပိတ်ဟာ အင်မတန်မွတ်မြတ်ပါတယ်။
အင်မတန်မွတ်မြတ်တဲ့သပိတ်ကြီးကို ၀ိုင်းဝန်းပြီး အားပေးကြပါလို့။

ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။