သတင္း

ေဉယ်ဓမ္ေတာရသုိ႔ … (၁)

ေဉယ်ဓမ္ေတာရသုိ႔ … (၁)
================

တေပါင္းလဆန္း ၁၃ရက္ (14.3.2022)ရက္ေန႔၊ မြန္းလြဲ ၃း၀၀နာရီမွာ သဟာယေက်ာင္းမွ ထြက္ခြာလာခဲ့ပါတယ္။
ဒကာရင္းႏွစ္ေယာက္သာေခၚလာခဲ့ပါတယ္။ တစ္ေယာက္က ကားေမာင္း၊ တစ္ေယာက္က ကပၸိယလုပ္ေပါ့။

ညေနေစာင္းမွာ မင္းဘိသိက္ခံေစတီေတာ္တည္ရွိရာ နတ္တလူသာသနာျပဳစခန္းမွ ညီေတာ္ေလး အရွင္ဇဋိလာလကၤာရာဘိဝံသ လာေရာက္ႀကဳိဆိုၿပီး ေဉယ်ဓမ္ေတာရသို႔ လုိက္ပို႔ပါတယ္။
ေဉယ်ဓမ္ေတာရသို႔ ေရာက္ရွိသည္ႏွင့္တၿပဳိင္နက္ မေဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး၏ ေမတၱာရိပ္ကိုခုိလံႈၿပီးသားျဖစ္ကာ ဘဝအေမာမ်ား တဒဂၤခ်ဳပ္ၿငိမ္းသြားပါေတာ့တယ္။
ကိုခင္ေမာင္ဝင္းအမွဴးျပဳေသာ ေဂါပကလူငယ္မ်ားကလည္း လုိေလေသးမရွိေအာင္ စီစဥ္ေပးၾကပါတယ္။
ေနဝင္ရီတေရာအခ်ိန္မွာ ေရာက္ရွိသျဖင့္ သမင္ေတာက္သံေလးမ်ားလည္း ၾကားေနရပါတယ္။ သမင္သံၾကားရတာ ဒီတစ္ခါ ပထမဦးဆံုးပါပဲ။

ဆရာေတာ္ႀကီးသီတင္းသံုးေတာ္ခဲ့ရာ သာသနဝုၯိေက်ာင္းေဆာင္မွာ တည္းခိုရင္း ေတာရိပ္ေတာင္ရိပ္ႏွင့္အတူ ေတာရနံ႔ ပန္းရနံ႔ေလးမ်ားပါ ရွဴရွဳိက္ခြင့္ရခဲ့ပါတယ္။
ပဉႇာဝါရပါဠိေတာ္ရြတ္ဖတ္ကာ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီး သီတင္းသံုးရာ စံေက်ာင္းေတာ္သုိ႔ ဦးညြတ္လ်က္ ဆရာေတာ္ႀကီးအား ပ႒ာန္းျဖင့္ ပူေဇာ္ခြင့္ရခဲ့ပါတယ္။
ေတာေစာင့္နတ္ေတာင္ေစာင့္နတ္မ်ားႏွင့္အတူ နတ္ေဒဝါအားလံုးအား အမွ်အတန္းေပးေဝကာ ေမတၱာပို႔သခဲ့ပါတယ္။
ခရီးလည္းပန္း စိတ္လည္းေအးခ်မ္းသြားသျဖင့္ အိပ္စက္လို႔ အင္မတန္ေကာင္းပါတယ္။

မနက္ျဖန္ (15.3.2022)ရက္ေန႔မွာ လူသားအားလံုးေမွ်ာ္လင့္ေနတဲ့ သတင္းေကာင္းတစ္ပုဒ္ကို ဖတ္ခြင့္ရဖုိ႔အတြက္ အခြင့္အလမ္းတစ္ခု ျဖစ္လာလိမ့္မယ္လုိ႔ ယံုၾကည္ထားပါတယ္။
ေဉယ်ဓမ္ေတာရႏွင့္အတူ သတၱဝါအားလံုး ေဘးကင္းလံုၿခဳံ ျပည့္စံုခ်မ္းေျမ့ၾကပါေစ… ။

ဦးပၪၥင္း
ဝီရသူ(မစုိးရိမ္)
17.3.2022
——————–—
ဉေယျဓမ်တောရသို့ … (၁)
================

တပေါင်းလဆန်း ၁၃ရက် (14.3.2022)ရက်နေ့၊ မွန်းလွဲ ၃း၀၀နာရီမှာ သဟာယကျောင်းမှ ထွက်ခွာလာခဲ့ပါတယ်။
ဒကာရင်းနှစ်ယောက်သာခေါ်လာခဲ့ပါတယ်။ တစ်ယောက်က ကားမောင်း၊ တစ်ယောက်က ကပ္ပိယလုပ်ပေါ့။

ညနေစောင်းမှာ မင်းဘိသိက်ခံစေတီတော်တည်ရှိရာ နတ်တလူသာသနာပြုစခန်းမှ ညီတော်လေး အရှင်ဇဋိလာလင်္ကာရာဘိဝံသ လာရောက်ကြိုဆိုပြီး ဉေယျဓမ်တောရသို့ လိုက်ပို့ပါတယ်။
ဉေယျဓမ်တောရသို့ ရောက်ရှိသည်နှင့်တပြိုင်နက် မဟောဗောဓိမြိုင်ဆရာတော်ကြီး၏ မေတ္တာရိပ်ကိုခိုလှုံပြီးသားဖြစ်ကာ ဘဝအမောများ တဒင်္ဂချုပ်ငြိမ်းသွားပါတော့တယ်။
ကိုခင်မောင်ဝင်းအမှူးပြုသော ဂေါပကလူငယ်များကလည်း လိုလေသေးမရှိအောင် စီစဉ်ပေးကြပါတယ်။
နေဝင်ရီတရောအချိန်မှာ ရောက်ရှိသဖြင့် သမင်တောက်သံလေးများလည်း ကြားနေရပါတယ်။ သမင်သံကြားရတာ ဒီတစ်ခါ ပထမဦးဆုံးပါပဲ။

ဆရာတော်ကြီးသီတင်းသုံးတော်ခဲ့ရာ သာသနဝုဍ္ဎိကျောင်းဆောင်မှာ တည်းခိုရင်း တောရိပ်တောင်ရိပ်နှင့်အတူ တောရနံ့ ပန်းရနံ့လေးများပါ ရှူရှိုက်ခွင့်ရခဲ့ပါတယ်။
ပဉှာဝါရပါဠိတော်ရွတ်ဖတ်ကာ မဟာဗောဓိမြိုင်ဆရာတော်ကြီး သီတင်းသုံးရာ စံကျောင်းတော်သို့ ဦးညွတ်လျက် ဆရာတော်ကြီးအား ပဋ္ဌာန်းဖြင့် ပူဇော်ခွင့်ရခဲ့ပါတယ်။
တောစောင့်နတ်တောင်စောင့်နတ်များနှင့်အတူ နတ်ဒေဝါအားလုံးအား အမျှအတန်းပေးဝေကာ မေတ္တာပို့သခဲ့ပါတယ်။
ခရီးလည်းပန်း စိတ်လည်းအေးချမ်းသွားသဖြင့် အိပ်စက်လို့ အင်မတန်ကောင်းပါတယ်။

မနက်ဖြန် (15.3.2022)ရက်နေ့မှာ လူသားအားလုံးမျှော်လင့်နေတဲ့ သတင်းကောင်းတစ်ပုဒ်ကို ဖတ်ခွင့်ရဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဉေယျဓမ်တောရနှင့်အတူ သတ္တဝါအားလုံး ဘေးကင်းလုံခြုံ ပြည့်စုံချမ်းမြေ့ကြပါစေ… ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
17.3.2022