မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း







“ဖေးကူလက်တွဲအဖွဲ့၏ ပညာရေးအကယ်ဒမီကျောင်း အလှူတော်”

13.7.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဓမ္မစေတီကျောင်းတိုက်အတွင်းရှိ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ကြီးကြပ်ရေးဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း/ နေ့ဆွမ်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား နံနက်စာ/နေ့လယ်စာ ဝက်သားဟင်း၊ ငါးဟင်း၊ အစိမ်းကြော်၊ ပဲနှပ်၊ ငါးခေါင်းဟင်းချိုများဖြင့် ကျွေးမွေးလှူဒါန်းတာပါ။ ဆွမ်းကပ်အပြီးမှာ ရေခဲမုန့်များလည်း ကျွေးမွေးလှူဒါန်းပါတယ်။

အာဟာရဒါနများအပြင် ဗလာစာအုပ် (၄၀၀)အုပ်၊ စာရေးကိရိယာများ၊ ဖူဂျီဆပ်ပြာဗူး၊ အဝတ်အထည်အမွှေးဆီ စတဲ့ အသုံးအဆောင်များလည်း လှူဒါန်းပါတယ်။ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ ၁၁၀၀၀၀ဝိ (တစ်ဆယ့် တစ်သိန်းကျပ်) ဖြစ်ပါတယ်။

အလှူရှင်များက မဟော်သဓာ-မစိုးရိမ်တိုက်သစ် နှင့် သူငယ်ချင်းသံဃာတော်များ၊ ဒါယကာ ဒါယိကာမများဖြစ်တဲ့ “ဖေးကူလက်တွဲ”အဖွဲ့ ဖြစ်ပါတယ်။

ရေခဲမုန့်အလှူရှင်က စစ်ကိုင်းမြို့၊ ချမ်းငြိမ်းစံချောင် ဆရာကြီးဒေါ်ကုဏ္ဍလကေသီနှင့် မန္တလေးမြို့မှ ညီမဖြစ်သူ ဒေါ်ဌေးဌေးဝင်း မိသားစုတို့ ဖြစ်ပါတယ်။

အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။