သတင်း

ဘေးသင့်နေသောကမ္ဘာကြီး

ကမ္ဘာကြီးဘေးသင့်နေပါပြီ။
သဘာဝဘေးထက်ဆိုးတဲ့ လူသားဘေးပါ။
လူသားတွေပေးတဲ့ လူသားဘေးဖြစ်ပါတယ်။
အဲဒီအထဲမှာမှ အစွန်းရောက်အကြမ်းဖက် မူဆလင်တွေပေးတဲ့ အစ္စလာမ်မိုက်ဇေးရှင်းဘေးက အဆိုးဆုံးပါပဲ။
ပုံသဏ္ဌာန်မျိုးစုံနဲ့ ဂျီဟတ်လုပ်နေကြတာပါ။
နိုင်ငံသားတွေက ခွဲထွက်မယ်။ နိုင်ငံသားမဟုတ်သူတွေက နိုင်ငံသားအယောင်ဆောင်မယ်။
တိုက်မယ်၊ တောင်းမယ်၊ လုယူမယ်၊ ဖျက်ဆီးမယ်၊ ဒါတွေပဲမဟုတ်လား။
ကမ္ဘာကြီးကို အလ္လာကပေးခဲ့တယ်ဆိုရင် အလ္လာဖန်ဆင်းပေးတဲ့မြေပေါ်မှာ အလ္လာကိုမယုံကြည်တဲ့သူတွေကို ဘာလို့ထားရတာလဲ၊ အဲ့ဒါဟာ အလ္လာရဲ့မဟာအမှားပဲ။
အလ္လာဖန်ဆင်ပေးတယ်ပဲထား အရင်နေတဲ့သူဟာ အိမ်ရှင်ပဲ။
အလ္လာက သူ့မြေပါလို့ ဘယ်သူ့ဆီမှတ်ပုံတင်နိုင်ခဲ့လို့လဲ?
ဒါကြောင့် အလ္လာမြေကိုပြန်လုတယ်ဆိုပြီး သွေးချောင်းစီးသတ်ဖြတ်နေတာတွေကို ရပ်လိုက်ကြပါ။
ဖြစ်နိုင်ရင်တော့ အလ္လာထံပြန်ပြီးတော့ လျှောက်ထားပါ။
အလ္လာမြေပေါ်မှာနေတဲ့ ကာဖီရ်မှန်သမျှကို အလ္လာတန်ခိုးနှင့် ဖယ်ရှားပေးတော်မူပါလို့ ဆုတောင်းရုံမှတစ်ပါး ဘာမှမလုပ်ကြပါတော့နဲ့ ဂျီဟတ်ဝါဒီတွေရယ်။
ဝီရသူ(မစိုးရိမ်)
27.8.2017
PM 9:01
==========================================================
“အကြမ်းဖက်တိုက်ခိုက်မှုမှသည် ခွဲထွက်ရေးဆီသို့”
===========================
မြတ်သစ်
သြဂုတ် ၁၇ ရက်၌ ဘာစီလိုနာမြို့တွင် ဗင်ကားတစ်စီးသည် လူအုပ်ထဲသို့တိုးဝင်လာခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၈ နာရီအကြာတွင် ဘာစီလိုနာမြို့တောင်ဘက် ၁၂၀ ကီလိုမီတာ(၇၅ မိုင်) ဝေးသော ကာဘရေးမြို့တွင် Audi A3 ကားတစ်စီးက လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၁၄ ဦးရှိသည်။ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် နိုင်ငံပေါင်း ၄၀ မှကမ္ဘာလှည့်ခရီးသည်များပါဝင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီးသံသယဖြစ်သူ ၁၂ ဦးရှိနေသည်။ ၄င်းတို့အားလုံးမှာ စပိန်နိုင်ငံရှိ ရီပိုးမြို့တွင် နေထိုင်သူများ (သို့မဟုတ်)ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ IS တို့ကမိမိတို့လက်ချက်ဟု ထုတ်ပြန်ထားသည်။
လာ့စ်ရမ်ဘလာ့စ်သည် ဘာစီလိုနာမြို့၏ အစည်ကားဆုံးလမ်းမကျယ်တစ်ခုဖြစ်သည်။ ဈေးဆိုင်များ၊ စားသောက်ဆိုင်များရှိပြီး ကမ္ဘာလှည့်ခရီးသည်အများစု သွားရောက်ရာ အရပ်ဒေသဖြစ်သည်။ ဘာစီလိုနာတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများထဲတွင် နိုင်ငံ ၁၈ နိုင်ငံမှ နိုင်ငံသားများ ပါဝင်ခဲ့ပြီး လာ့စ်ရမ်ဘလာ့စ်တိုက်ခိုက်မှုတွင် ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။
စပိန်နိုင်ငံသည် အကြမ်းဖက်သမားဂျီဟတ်များ၏ တိုက်ခိုက်မှုကို ယခင်ကလည်း ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် မက်ဒရစ်မြို့၌ ရထားဗုံးခွဲခံရမှုကြောင့် လူ ၁၉၁ ဦးသေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်သည် ဥရောပတွင် အဆိုးရွားဆုံးသော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့သည်။
စပိန်နိုင်ငံ ကက်တလိုးနီးယားတို့၏ ဘာစီလိုနာမြို့တွင် IS တို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိသူများ၏ တုန်လှုပ်ခြောက်ခြားဖွယ်သတင်းသည် မက်ဒရစ်မှနေ၍ ခွဲထွက်ရန် ပြင်ဆင်နေသော ကတ်တလိုးနီးယား ခွဲထွက်ရေးသမားများအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ကို မလွဲမသွေလုပ်ဆောင် ရမည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ ခွဲထွက်ရေးကို လိုလားသည့်သူများအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို လုံးဝသည်းမခံနိုင်သည့်အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။
ခွဲထွက်ရေးကို မက်ဒရစ်က မလိုလားပေမယ့် ကတ်တလန်အစိုးရသည် ချမ်းသာကြွယ်ဝသည့် အရှေ့မြောက်ဒေသကို စပိန်မှခွဲထွက်ပြီး လွတ်လပ်ရေးရယူရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပရန် စီစဉ်ထားရှိပြီးဖြစ်သည်။ စပိန်တို့က ကတ်တလန်ပြည် ခွဲထွက်ရေးသည် ရထားနှစ်စင်း ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေမျိုးနှင့် တူနေကြောင်း ယူဆထားကြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ကတ်တလန်တွင် နှစ်ကြိမ်တိုင် မော်တော်ကားဖြင့် တိုက်ခိုက်ခံရခြင်းသည် မက်ဒရစ်နှင့်လက်တွဲနေခြင်းကို အဆုံးသတ်ရန် အချက်ပြလိုက်သလို ဖ်ြစနေပြီဆိုသော အယူအဆသည်လည်း ထွက်ပေါ်လာခဲ့သည်။ ဤအယူအဆကို ကတ်တလန်ဒေသဆိုင်ရာ အစိုးရက လက်ခံခဲ့ခြင်းပင်ဖြစ်သည်။
စပိန်ဝန်ကြီးချုပ်ကို သူ၏ ကွန်ဆာဗေးတစ်ပေါ်ပြူလာပါတီတွင်းမှ လူအချို့က ဝန်ကြီးချုပ်သည် ကတ်တလန်တို့၏ ကိုယ်ပိုင်အုပ်ချုပ်မှု တောင်းဆိုခြင်းကို ငြင်းပယ်နေခြင်းအားဖြင့် ခွဲထွက်ရေးကိစ္စများကို မီးလောင်ရာလေပင့် လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်မှုများ ပြုလုပ်လျက်ရှိသည်။ ဝန်ကြီးချုပ်က မက်ဒရစ်နှင့် ဘာစီလိုနာတို့သည် အပြုသဘောဆောင်သည့် တွေ့ဆုံမှုများ ပြုလုပ်ရေးနှင့် အကြမ်းဖက်ဝါဒကို လက်တွဲလုပ်ဆောင်ရေးတို့ကို ပြောကြားထားသည်။
သို့သော် သူ၏ ညီညွတ်ရေးနှင့် အကြမ်းဖက်လက်တွဲတိုက်ဖျက်ရေးဆိုသည့် စကားလုံးများမှာ ကတ်တလန်ပြည်သူများ၏ ဒေါသများကို ပြေပျောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ခွဲထွက်ရေးကို တောင်းဆိုနေသည့် ကတ်တလန်တို့အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကို မျက်ဝါးထင်ထင်တွေ့ဆုံရင်ဆိုင်ရမှု ကြောင့် စိတ်ထဲတွင် မကျေနပ်မှုများထွက်ပေါ်လျက်ရှိကြသည်။
စပိန်ဘုရင် ဖီးလစ်(၆)သည် လာ့စ်ရမ်ဘလာ့စ်အနီးရှိ ဘာစီလိုနာရင်ပြင်တွင် စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျိုင်းဘရေးနှင့် ကတ်တလိုးနီးယားအစိုးရအဖွဲ့ခေါင်းဆောင်ကားလ်ပူဒီမော့ကာဆာမာဂျိုတို့ အတူယှဉ်တွဲပြီး သေဆုံးသူများအတွက် ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ် တစ်မိနစ်ကြာငြိမ်သက်စွာ ဆုတောင်းမှုများပြုလုပ်ခဲ့သည်။ ဘုရင်နှင့် အတူတကွ ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ဆုတောင်းမေတ္တာများပို့သပြီးသည့်နောက်တွင် တက်ရောက်လာကြသည့် လူထုပရိသတ်ကြီးက ငါတို့လုံးဝ မကြောက်ဟု ကြွေးကြော်သည့်အသံများသည် မိုးယံသို့ လွှင့်ပျံသွားခဲ့ကြသည်။
ဘာစီလိုနာတွင် စပိန်မှ ခွဲထွက်ရေးအယူအဆများ မသိမသာ ငုပ်လျှိုးနေရာမှနေ၍ သိသိသာသာပေါ်ထွက်လာခဲ့သည်။ စပိန်ပြည်ထဲရေးဝန်ကြီး ဂျိုဟာကွင်ဖွန်က ကတ်တလိုးနီးယားဒေသဆိုင်ရာ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုများကို စုံစမ်းအရေးယူမှုများ ပြုလုပ်နေကြောင်းနှင့် ဗင်ကားမောင်းသူမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။
စပိန်မြောက်ပိုင်း ဘာ့စ်ကေးကဲ့သို့ပင် ကတ်တလိုးနီးယားသည် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ဘာသာစကားရှိသော အရပ်ဖြစ်ပြီး ပြည်သူ ၇ ဒသမ ၅သန်းနေထိုင်ရာအရပ်ဖြစ်သည်။ ကတ်တလိုးနီးယားတွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ သီးသန့်ရှိနေသည်။
ကတ်တလန်နှင့် စပိန်တို့သည် သီးခြားဖြစ်နေသည့်ပုံစံမျိုးရှိနေကြောင်း စပိန်မီဒီယာအချို့က ရေးသားဖော်ပြ ခဲ့ကြသည်။ စပိန်သတင်းစာအချို့က ကတ်တလိုးနီးယားသည် အကြမ်းဖက်သမားများအတွက် ရေကြည်ရာ မြက်နုရာအရပ်ဒေသတစ်ခုဖြစ်ကြောင်းနှင့် ဂျီဟတ်ဟု သံသယဖြစ်ဖွယ်ကောင်းသော အကြမ်းဖက်သမားများကို ယင်းဒေသမှနေ၍ ဖမ်းဆီးရမိကြောင်း ဖော်ပြထားခဲ့သည်။
အချို့သတင်းစာများကမူ ကတ်တလိုးနီးယားသည် မြောက်အာဖရိကမှနေ၍ ဝင်ရောက်လာကြသည့် ရွှေ့ပြောင်းဒုက္ခသည်များကို အထူးအခွင့်အရေးပေးလက်ခံနေကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ မြောက်အာဖရိကမှ ဝင်ရောက်လာသော အာရပ်ဘာသာစကားပြောဒုက္ခသည်များသည် ကတ်တလန် ဘာသာစကားကို သင်ယူခဲ့ကြသည်။
လက်တင်အမေရိကနိုင်ငံမှ ရွှေ့ပြောင်းဒုက္ခသည်များမှာမူ ကတ်တလန်ဘာသာစကားထက် စပိန်ဘာသာစကားကို တတ်မြောက်ကြသူများဖြစ်သည်။ သို့ဖြစ်၍ ကတ်တလန်ဘာသာစကားကို အကာအကွယ်ပြုရန်အတွက် လက်တင်အမေရိကမှ ရွှေ့ပြောင်းဒုက္ခသည်များထက် မြောက်အာဖရိကမှ ဒုက္ခသည်များကို ပို၍ လက်ခံနေကြသည်ဟု စွပ်စွဲထားကြသည်။ ဤစွပ်စွဲချက်ကို ကတ်တလန်တို့က လက်မခံဘဲ ငြင်းပယ်ထားကြသည်။
စပိန်အစိုးရကမူ ကတ်တလန်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကို လုံးဝလက်မခံဘဲ ထားရှိနေသော်လည်း ကတ်တလန်အစိုးရကမူ မိမိတို့၏ ကိုယ်ပိုင်ခွဲထွက်ခွင့်အတွက် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ် မည်ဆိုသော အချက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားပြီး ၂၀၁၇ အောက်တိုဘာလတွင် ကတ်တလန်လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည်။