သတင်း





“မော်လမြိုင်မြို့ရဲကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်”

နတ်တော်လဆန်း(၁၂)ရက် (၁၉.၁၂.၂၀၁၈)ရက် ညနေ (၅း၀၀)နာရီ မော်လမြိုင်မြို့ မြစေတီရဲကျောင်း ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဆရာတော်ကြီးက ဝမ်းသာအာရ ကြိုဆိုပြီး ကျန်းမာရေးဂရုစိုက်ဖို့ လုံခြုံရေးဂရုစိုက်ဖို့ သြဝါဒ ပေးပါတယ်။

သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလဲ ချီးမြှင့် ပေးသနားပါတယ်။ ဓမ္မကထိက ငမွဲလေးမို့ သနားလို့ စွန့်ကြဲတော်မူခြင်းပဲဖြစ်ပါတယ်။ စာရေးသူ ဝတ်တဲ့သင်္ကန်းအရောင်ကို ရွေးချယ်ပြီး သင်္ကန်းတစ်စုံ စွန့်ကြဲကာ ဒီနေ့ည တရားဟောတဲ့အခါ ဝတ်ပေးပါဆိုလို့ ဆရာတော်ကြီးစွန့်တဲ့ သင်္ကန်းကိုဝတ်ပြီး ဟောခဲ့ပါတယ်။

ဆရာတော်ကြီး သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ သာသနာအကျိုး လူမျိုးအတွက် ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ပါစေဘုရား။