မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း







“ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့ အာဟာရ အလှူတော်”

19.2.2020 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာရှိတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ညနေစာ ဖက်ထုပ်ကြော်နှင့် အကင်မုန့်မျိုးစုံ အာဟာရဒါနပြုတာပါ။

အလှူရှင်များက အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း MKကျောက်မျက် မိသားစု ဖြစ်ပါတယ်။
အလှူရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။

ပညာရေးအကယ်ဒမီကျောင်းကို အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ဓမ္မစေတီကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အရှင်နာဂိန္ဒာလင်္ကာရတို့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တည်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆရာ ဆရာမ (၂၃)ဦး၊ ကျောင်းသားကျောင်းသူ (၃၂၀)ဦး ရှိပါတယ်။


ဆက်သွယ်ရန် – ဦးဥက္ကဋ္ဌ(ကျောင်းအုပ်ဆရာတော်) 09781513980