သတင်း

လောကဓံမြေဇာပင်များအတွက် မေတ္တာဖြင့်လင်းလက်နေတဲ့ လောကအလင်းပညာဒါနကျောင်းတော်(၁)

(၁)
လွန်ခဲ့တဲ့ငါးနှစ်ခန့်၊ ၂ဝ၁၂ ခု၊ မတ်လရဲ့ နွေရက်တစ်ရက်မှာ အမျိုးသားရေးဝါဒီဆရာတော်တစ်ပါးဟာ ရှမ်း ပြည်မြောက်ပိုင်း နောင်ချိုမြို့ကနေ တရားပွဲအပြီး အပြန်လမ်း၊ ပြင်ဦးလွင်မြို့၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကလေးငယ်တစ်ယောက် ပန်းကန်တွေဆေးနေတာကို တွေ့မြင်ခဲ့ရပါတယ်။
ကျောင်းစာသင်ခန်းထဲမှာ တခြားသူငယ်ချင်း၊ အတန်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူနေရမယ့်အ ချိန် လက်ဖက်ရည်ဆိုင်ထဲမှာ ပန်းကန်ဆေးနေရတဲ့ ကလေးမလေးကိုကြည့် ပြီး ဆရာတော့်ရင်ထဲ စိတ်မကောင်း ဖြစ်မိသွားပါတယ်။
“သမီး၊ လခဘယ်လောက်ရလဲ”။
“တစ်လကို ငါးထောင်ရပါတယ် ဘုရား”
“သမီး အဖေနဲ့အမေကရော ဘာလုပ်လဲ”
“ရပ်ကွက်ထဲမှာ အမှိုက်လှည်း တွန်းပါတယ်”
ဒီလိုနဲ့ ကလေးမလေးကို ကရုဏာသက်ပြီး သူ့လို အရွယ်မတိုင်ခင် လုပ်ငန်းခွင်တွေထဲရောက်နေတဲ့ မရှိ ဆင်းရဲသား ကလေးငယ်လေးတွေကို ပညာသင်ပေးရရင်ကောင်းမှာပဲလို့ ဆရာတော် စိတ်ကူးဖြစ်ခဲ့တာပါ။
အဲဒီ ၂ဝ၁၂ ခုနှစ်ထဲမှာပဲ မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ်ရှေ့ကို လမ်းလာခင်းတော့ ကလေးအလုပ်သမား လေးတွေ ပါဝင်လာတာကို ဆရာတော် တွေ့မြင်ရပြန်ပါတယ်။
အလုပ်ကြမ်းလုပ်ကိုင်ရာမှာ ပါဝင်လာတဲ့ ကလေးငယ်တွေကို မေးကြည့်ပြန်တော့လည်း ကျောင်းမ တက်နိုင်တဲ့ကလေးတွေ ပါဝင်သလို တချို့ကလေးတွေကျတော့လည်း ကျောင်းစရိတ်ရဖို့အတွက် အလုပ်ဝင် လုပ်ရတယ်ဆိုတာ သိလာရပြန်ပါတယ်။ ဒီအခါမှာလည်း ကလေးလုပ်သားတွေအတွက် ပညာရေးဖောင် ဒေးရှင်းတည်ထောင်ပြီး ပညာသင်ကြားခွင့် အခွင့်အလမ်းတစ်ခုပေးဖို့၊ ပညာဒါနကျောင်း တည်ထောင်ဖွင့် လှစ်ပေးဖို့ကိုပဲ ဆရာတော့်စိတ်ထဲ မျှော်လင့်ရည်မှန်းခဲ့တာပါ။
အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အရွယ်မတိုင်ခင် ပညာရေးလမ်းဆုံးနေ တဲ့လူငယ်တွေရဲ့ ဘဝလမ်းစပြန်ပေါ် လာဖို့နဲ့ ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေးတွေကို အခမဲ့ပညာဒါန စာသင်ပေးနိုင်ဖို့အတွက် ပညာဒါန ကျူ ရှင်ကျောင်းလေးတစ်ကျောင်း ထွက်ပေါ်လာခဲ့ပါတော့တယ်။
ပြင်ဦးလွင်မြို့၊ လက်ဖက်ရည် ဆိုင်ထဲမှာ ပန်းကန်ဆေးနေတဲ့ ကလေးမလေးနဲ့ ကလေးလုပ်သားလေးတွေ အပေါ် ကရုဏာသက်မိရာကနေ လောကအလင်းပညာဒါနကျူရှင်ကျောင်းကို ဖွင့်လှစ်တည်ထောင်ဖို့ဖြစ်လာခဲ့တဲ့ ဆရာတော်ဆိုတာကတော့ တခြားသူ မဟုတ်ပါဘူး။
တစ်ကမ္ဘာလုံးက သတင်းမီဒီယာတွေနဲ့ ဘာသာခြားအဖွဲ့အစည်းတွေဘက်က အစွန်းရောက်၊ အကြမ်းဖက် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ လက်ရှိ NLD အစိုးရလက်ထက်မှာ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ခံထားရတဲ့ အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)ပဲ ဖြစ်ပါတယ်။

(၂)
ဆင်ခြေဖုံးရပ်ကွက်လေးတွေထဲက ပညာရေးစရိတ်မတတ်နိုင်ရှာတဲ့ ကျောင်းသားလူငယ်လေးတွေအတွက် ပညာဒါန ကျူရှင်ကျောင်းအဖြစ် ဖွင့်လှစ်တည်ထောင်ထားတဲ့ လောကအလင်းပညာဒါနကျောင်းဟာ ပထမဆုံး နှစ်(၂ဝ၁၂-၁၃ ပညာသင်နှစ်)မှာ မန္တလေးမြို့၊ လမ်း ၅ဝ နဲ့ မနော်ဟရီလမ်းထောင့်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ နောက်နှစ်ကျမှ အဲဒီကနေ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်၊ ၅၃ လမ်းနဲ့ ယုဇနလမ်းထောင့် ကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ တည်မြဲနေတဲ့ လောကအလင်း တည်နေရာကို မစိုးရိမ်တိုက်သစ်ကနေ ပြင်ဦးလွင်မြို့ဘက် အထွက်ဘက် မိနစ် ၂ဝ ကျော်လောက် ကားမောင်းသွားရင် ရောက်ရှိနိုင်ပါတယ်။
လောကအလင်းကျောင်း ပတ်ဝန်းကျင်မှာရှိတဲ့ မြရည်နန္ဒာမြို့သစ်၊ (မမ) ရပ်ကွက်၊ (ဘဘ)ရက်ကွက်၊ (ဗ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း၊ (ညည)ရပ်ကွက်စတဲ့ ရပ်ကွက်တွေမှာ ဆင်းရဲသား လက်လုပ်လက်စားတွေများပြီး တချို့ဆို တစ်နေ့စာ တစ်နေ့တောင် မနည်းလောက်အောင် ရှာဖွေစားသောက်နေရတယ်လို့ သိရပါတယ်။
တချို့မိဘတွေဟာ ကြုံရာကျပန်း အလုပ်တွေနဲ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတာကြောင့် ကိုယ့်သားသ မီးတွေရဲ့ ပညာရေးဘက် လှည့်မကြည့်နိုင်သလို ကိုးတန်း၊ ဆယ်တန်းရောက် ပြီဆိုတာနဲ့ ကျောင်းဆက်ထားနိုင်ဖို့ အခက်အခဲတွေ ရှိလာပါတော့တယ်။
ဒါကြောင့် အထက်တန်းအဆင့် ရောက်ပြီဆိုတာနဲ့ စာသင်ကျောင်းထဲကနေ လက်လုပ်လက်စား ပန်းရံအ လုပ်သမား၊ အရောင်းဆိုင်စတဲ့ လုပ်ငန်းခွင်တွေထဲ မရောက်ချင်ဘဲ ရောက်ကြရတော့မယ့် လူငယ်လေးတွေကို တတ်နိုင်သမျှ မြှင့်တင်ကူညီပေးနိုင်ဖို့အတွက် ဆယ်တန်း(ဒသမတန်း)သီးသန့် လောကအလင်း ပညာဒါန ကျူရှင်ကျောင်းကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်နေ့မှာ ဆရာတော် ဦးဝီရသူက စတင်ဖွင့်လှစ်ပေးခဲ့တာပါ။
၂ဝ၁၂-၁၃ ပညာသင်နှစ်ကနေ လက်ရှိ ၂ဝ၁၇-၁၈ ထိ ဖွင့်လှစ်တည် ထောင်လာတာနဲ့အမျှ ဒီရပ်ကွက်လေး တွေထဲက ကျောင်းသားမိဘတွေရဲ့ စရိုက်လက္ခဏာ၊ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေရဲ့ ဘဝအခြေ အနေ၊ အနာဂတ်မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံကြားသိခဲ့ရတာတွေ အများ ကြီးရှိတယ်လို့ လောကအလင်းရဲ့ ရုံးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဆရာမဒေါ် ဝင်းဝင်းအေးက ဖွင့်ဟပါတယ်။
“တချို့ကျောင်းသားတွေဆို ဆယ်တန်းအောင်ယအောင် ဆက်ပြီးတော့ ဖြေချင်ကြတယ်။ ဒါပေမဲ့ မိဘတွေက အားမပေးတော့ဘူး။ တစ်နှစ်၊ နှစ်နှစ် ကျတယ်ဆိုရင် မိဘတွေက ကျောင်းဆက်ထားချင်သေးတယ်။ ဒါပေမဲ့ သုံးနှစ်ဆိုရင် ဆက်မထားချင်တော့ဘူး။ သူတို့အိမ် စားဝတ်နေရေးအတွက် ကလေးကို ကျောင်းနုတ်ပြီး အလုပ်လုပ်ခိုင်းကြတာလေ။
တချို့ ကလေးတွေကျတော့ အိမ်မှာအကြီးဆုံးဖြစ်နေလို့ မိဘတွေက အားကိုးရတာရှိတယ်။ စားဝတ်နေရေး အတွက် ဒီကလေးကို အားပြုနေရတော့ ကျောင်းဆက်တက်လို့ မရတော့ဘူးပေါ့ဒလို့ ဒေါ်ဝင်းဝင်းအေးက ဆိုပါတယ်။
စာသင်နှစ်တစ်နှစ် ရောက်ပြီဆို တာနဲ့ လောကအလင်းကျူရှင်ကျောင်းကို လာတက်ချင်တယ်ဆိုရင် ကျောင်း သားအမည်စာရင်းပေးရုံ၊ စည်းကမ်းချက်တွေ ဖတ်ပြရုံနဲ့ ကျောင်းတက်ခွင့်ရပြီး ကျူရှင်လခအတွက် လုံးဝ ပူပင် စရာမလိုတော့သလို ကလေးတွေရဲ့ စာအုပ်စာတမ်း၊ ဘောပင်နဲ့ အထူးထုတ်စာအုပ်တွေကအစ ဆရာတော် ဦးဝီရသူကပဲ လစဉ်ထောက်ပံ့လှူဒါန်းထားတာပါ။ ဒါပေမဲ့ ကျူရှင်စရိတ်၊ ဘော်ဒါစရိတ်တွေ တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုဘဲ ကိုယ့်ရပ်ကွက်အနီးအနား လောကအလင်းပညာဒါနကျောင်းမှာ ဆယ်တန်းကို အခမဲ့ကျူ ရှင်တက်ရောက်ရင်း ဘဝတစ်ဆစ်ချိုး စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရှိတာတောင်မှ တချို့မိဘတွေဆိုရင် သူတို့ ရဲ့ကလေးတွေကို လောကအလင်းစာသင်ခန်းထဲရောက်အောင် မပို့နိုင်ပြန်ပါဘူး။
အခြေအနေ အကြောင်းကြောင်းကြောင့် ကျောင်းလာတက်ဖို့ စာရင်းပေးသွင်းပြီးမှ ရောက်မလာတဲ့ ဆယ် ကျော်သက်လေးတွေ၊ ကျောင်းတက် နေရင်း စာသင်ခန်းထဲကနေ အပြင်ကမ္ဘာ လုပ်ငန်းခွင်ထဲကို ပြန်ရောက် သွားတဲ့ ကလေးငယ်တွေလည်း စိတ် မကောင်းဖွယ်ရာ တွေ့ရပြန်ပါတယ်။
ဒဒီဘက်မှာကျတော့လည်း တ ကယ့်ကို ဆင်းရဲသားတွေ တအားများတယ်ဗျ။ လက်လက်လုပ်စားတွေ တ အားများတယ်။ တချို့ကလေးတွေဆို ကိုးတန်းအောင်ပြီးတာနဲ့ ပန်းရံလိုက်လုပ်ရတာ။ ဘိလပ်မြေအိတ်တွေ ထမ်းနိုင်ရင် ပိုက်ဆံပိုရတယ်တဲ့။ ပန်းရံလုပ်ရင်းနဲ့ ကျောင်းဖွင့်ရင် ပြောပါဦး၊ တက်ချင်လို့ဆိုပြီး လာစုံစမ်းထားရ တာ။
တစ်လောက ကောင်မလေးဆိုရင် လောကအလင်းမှာတက်ဖို့ စာရင်းကပေးပြီးသား။ သူ့အဖေက ပန်းပုသ မားဆိုတော့ တရုတ်ပြည်ဘက်ကို ပန်းပုသွားထုရတာ။ အဲတရုတ်ပြည်ဘက်မှာ သူ့အဖေသေသွားတယ်လို့ ပြောတာပဲ။ အဲလိုဆိုတော့ ကျောင်းအပ်ပြီးမှ ထွက်လိုက်ရတာပဲ။
သူ့အစ်မအကြီးဆုံးက အိမ်ထောင်ကျသွားပြီဆိုတော့ အိမ်မှာ သူကအကြီးဆုံးဖြစ်သွားပြီလေ။ အောက်မှာကျ တော့ သူ့မောင်လေးတွေက ရှိသေးတယ်။ သူတို့က သူ့အဖေကို အားကိုးနေရတာ၊ ဒီအချိန်မှာ သူ့အဖေမရှိ တော့ဘူးဆိုတော့ ကျောင်းဆက်မတက်နိုင်တော့ဘူး။
တချို့ကျတော့လည်း စာမေးပွဲ ဖြေချင်တဲ့ဆန္ဒရှိတယ်၊ ဒါပေမဲ့ အလုပ်က ခွင့်မပြုတာတို့ပေါ့၊ ပြောရရင်တော့ အများကြီးပဲ” လို့ ဆရာမဒေါ်ဝင်းဝင်းအေးက ဆက်ပြီးတော့ ရှင်းပြပါတယ်။
နောက်ပြီး ဒီိလိုမျိုး ဆင်းရဲနွမ်းပါးပြီး ပညာရေးကို အားမပေးနိုင်၊ မထောက်ပံ့နိုင်ဖြစ်နေတဲ့ ရပ်ကွက်တစ်ခုမှာ လောကအလင်းလိုမျိုး ပညာဒါနကျောင်းကို ဖွင့်လှစ်ထားတာဟာ ဒီပတ်ဝန်းကျင်အတွက် တကယ်တန်ဖိုးရှိတဲ့ လူငယ်အကျိုးပြု၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းလည်း ဆရာမက ဆိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)