သတင်းလောကအလင်းပညာဒါနကျောင်း





 

“လောကအလင်း ပညာဒါနကျူရှင်ကျောင်း ဖွင့်လှစ်သင်ကြားခြင်း”

7.5.2018 ရက်နေ့မှာ ၂၀၁၈ စာသင်နှစ်အတွက် ကျောင်းစဖွင့်ပါတယ်။ 8.5.2018 ရက်နေ့မှာ စတင်သင်ကြားနေပါပြီ။
ကိုးတန်းအောင်သူများအတွက် ကြိုတင်ဖွင့်လှစ်ထားပါတယ်။

ဆယ်တန်းအောင်စာရင်းထွက်တဲ့အခါ Repeater တန်းတွေအတွက် ထပ်မံဖွင့်လှစ်ပေးရတတ်ပါတယ်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းကို 2012 ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာပါ။ စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများနှင့် ကျောင်းသားများ ဆရာ ဆရာမများ ကျောင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတာပါ။

သီးခြားအလှူရှင်များမရှိသလို ပုဂ္ဂိုလ် အဖွဲ့အစည်းတို့ရဲ့အထောက်အပံ့မျိုးလည်း မရှိပါ။ လောကအလင်းဆောင်ပုဒ်က သာသနာ ပညာ ယဉ်ကျေးမှု ကောင်း တော် ယဉ်အောင်ပြု ဖြစ်ပါတယ်။