သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း ပညာရေးအစည်းအဝေး

4.1.2019 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီမှာ စည်းဝေးပါတယ်။ 2018-2019 ပညာသင်နှစ် ကျောင်းသူကျောင်းသားများအတွက် သင်ရိုးပြဋ္ဌာန်းစာနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းရန် 2019.2020 ပညာသင်နှစ်အတွက် အခြေခံမူများချမှတ်ရန် စည်းဝေးကြတာပါ။
လာမည့်နှစ်မှာ လောကအလင်းပညာဒါနကျောင်းသို့ အရင်ကလို ဝင်ခွင့်စာရင်းပေးသူတိုင်းကို ဝင်ခွင့်မပေးတော့ပါ။ စိစစ်ပြီးမှ လက်ခံပါတော့မယ်။

Fresher တန်းများအတွက် တစ်ခန်းစီ သင်ပြီးမှ စာမေးပွဲကျင်းပပါမယ်။ ဖြေဆိုနိုင်မှ ဝင်ခွင့်ပြုမှာပါ။ ဘာသာစုံ တစ်ပုစ္ဆာစီ မေးခွန်းမေးပါမယ်။ ၄၀% အောင်မှတ် သတ်မှတ်ထားပါတယ်။

၄၀% အောင်မှတ်ရမှ တက်ရောက်ခွင့်ပြုမှာပါ။

Repeater တန်းများ အမှတ်စာရင်းပြရပါမယ်။
တစ်ဘာသာလျှင် ၂၀ မှတ်စီ ရသူများသာ ဝင်ခွင့်ပြုပါမယ်။
သို့မဟုတ် ဘာသာစုံ အမှတ်ပေါင်း (၁၅၀)ရမှ ဝင်ခွင့်ပြုပါမယ်။
လာမည့်နွေရာသီမှာ လောကအလင်းယဉ်ကျေးလိမ္မာသင်တန်းနှင့်အတူ ၈-၉ တန်းအတွက် Grammar သင်တန်းလည်း ပို့ချမှာပါ။
အောင်စာရင်းထွက်တဲ့အခါ လောကအလင်းကျောင်းတက်လိုသူများ အင်္ဂလိပ်စာအခြေခံပါအောင် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။

လောကအလင်းကလေးငယ်များ လောကအလင်းဆောင်နိုင်ကြပါစေ…။