မုဒိတာရပ္၀န္းသတင္း

“ေလာကအလင္း ေရခဲမုန္႔ အလွဴေတာ္”

14.3.2020 မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ေလာကအလင္း ပညာဒါနေက်ာင္း တကၠသိုလ္ဝင္တန္း ေျဖဆိုေနၾကေသာ ေက်ာင္းသူ/သားမ်ားအား အမရပူရၿမဳိ႕၊ ကြမ္းဆြဲရပ္၊ ေရာဟိနီသံဃေဝယ်ာဝစၥအဖြဲ႔ ကိုမုိးကို+မခိုင္မာဝင္း၊ သမီး မခင္ဇာျခည္ဝင္း M.Kေက်ာက္မ်က္ မိသားစုမွ ေရခဲမုန္႔ ေကြ်းေမြးလွဴဒါန္းပါတယ္။

ေလာကအလင္း ကေလးငယ္မ်ား၏ ကုသိုလ္ကံကား တစ္ေန႔တျခား ကုသိုလ္ႀကီးလွပါတကား……
ဝမ္းေျမာက္ေပ်ာ္ရႊင္ဖြယ္ ေကာင္းေပစြ……
လွဴသူဝမ္းေျမာက္ အလွဴခံလည္း ေပ်ာ္ရႊင္ ျမင္ရသူမ်ား ၾကည္းႏူး ဒါနကုသိုလ္ ထူးလွပါတကား……

ေလာကအလင္း ပညာဒါနေက်ာင္းအား ၂၀၁၂-ပညာသင္ႏွစ္မွ စတင္ကာ အထူးထုတ္မွအစ အေတြ႔အႀကံဳ ရင့္က်က္လွေသာ ဘာသာရပ္ ဆရာမ်ား ဖိတ္ၾကားကာ အခမဲ႔ သင္ၾကားျပသေပးခဲ႔ရာ ယခုႏွစ္ဆိုပါလွ်င္ ၈ႏွစ္ေျမာက္သို႔ ဝင္ေရာက္လာခဲ႔ေပၿပီ……

တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ႔သူေပါင္း ၁၂၇-ေယာက္ႏွင့္ ဂုဏ္ထူး႐ွင္မ်ားလည္း ေပၚထြက္လာခဲ႔ေပၿပီ…
တခ်ိဳ႕ေက်ာင္းသားမ်ား M.Aေနာက္ဆံုးႏွစ္အထိ ေရာက္ရွိေနခဲ႔ၿပီ……

ယခုႏွစ္၌ ေလာကအလင္း ပညာဒါနေက်ာင္းတြင္ ေအာင္ခ်က္ျမင့္မားေရး ထူးခြ်န္စြာ ေအာင္ျမင္ေစေရးအတြက္ အရာရာကို မိဘအိမ္ႏွင့္မျခား ေက်ာင္းအိပ္ေက်ာင္းစားအျဖစ္ အခမဲ႔ စခန္းသြင္း ေလ့က်င့္ပ်ိဳးေထာင္ေပးျခင္းကို 20.1.2020-ရက္ေန႔မွ စတင္ကာ စာေမးပြဲမ်ားၿပီးဆံုးသည္အထိ လက္ခံသင္ၾကား ေပးေနျခင္းျဖစ္သည္…

ဒီကေလးေတြဟာ ပညာေရးစရိတ္ မတတ္ႏိုင္ခဲ႔သည္မ်ား ရွိခဲ႔ပါမူ စာသင္ခန္းဆီသို႔သာ မေရာက္ခဲ႔ၾကပါမူ……?

ဒီလူငယ္ေလးမ်ား လမ္းေပၚေရာက္ေနသည္ထက္ စာသင္ခန္းေရာက္ေနတာက ပိုမေကာင္းၾကေပဘူးလား?

အထက္ပါရည္ရြယ္ခ်က္မ်ားေၾကာင့္လည္းေကာင္း ပညာတတ္ လူလိမၼာမ်ား မ်ားျပားလာပါေစျခင္း အက်ိဳးငွါလည္းေကာင္း အပင္ပန္းခံ ဘႀကီးႏြား အငွါးေၾကာင္းေနရသည္မွာ……

မဟာဂႏၶာရံု ဆရာေတာ္ႀကီး ၾသဝါဒ အဓိ႒ာန္ ကဗ်ာေလးျဖင့္ ပူေဇာ္ရမည္ ဆိုပါလွ်င္…

” အ ဓိ ႒ာန္ “
°°°°°°°°°°°°°
“ ကိုယ္တည္းတစ္ေယာက္၊
ခ်မ္းသာေရာက္ဖို႔၊
ခုေလာက္ႀကိဳးကုတ္၊
အားမထုတ္ဘူး။
ဗုဒၶျမတ္စြာ၊ သာသနာ၏၊
ေရွးခါဘိုးဘ၊
လက္ထက္ကလွ်င္၊
ရသည့္တန္ခိုး၊ထပ္မညွိဳးဖို႔၊
အားႀကိဳးမာန္တက္၊
ငါေဆာင္ရြက္ သည္၊
ဆက္လက္တည္တန္႔ပါေစေသာ္။”
{မဟာဂႏၵာရံုဆရာေတာ္ဘုရားႀကီး}

သုမန( လယ္တြင္း)14.3.2020
ေလာကအလင္း ရံုးဖုန္း09402000350

“လောကအလင်း ရေခဲမုန့် အလှူတော်”

14.3.2020 မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်း ပညာဒါနကျောင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြသော ကျောင်းသူ/သားများအား အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့ ကိုမိုးကို+မခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း M.Kကျောက်မျက် မိသားစုမှ ရေခဲမုန့် ကျွေးမွေးလှူဒါန်းပါတယ်။

လောကအလင်း ကလေးငယ်များ၏ ကုသိုလ်ကံကား တစ်နေ့တခြား ကုသိုလ်ကြီးလှပါတကား……
ဝမ်းမြောက်ပျော်ရွှင်ဖွယ် ကောင်းပေစွ……
လှူသူဝမ်းမြောက် အလှူခံလည်း ပျော်ရွှင် မြင်ရသူများ ကြည်းနူး ဒါနကုသိုလ် ထူးလှပါတကား……

လောကအလင်း ပညာဒါနကျောင်းအား ၂၀၁၂-ပညာသင်နှစ်မှ စတင်ကာ အထူးထုတ်မှအစ အတွေ့အကြုံ ရင့်ကျက်လှသော ဘာသာရပ် ဆရာများ ဖိတ်ကြားကာ အခမဲ့ သင်ကြားပြသပေးခဲ့ရာ ယခုနှစ်ဆိုပါလျှင် ၈နှစ်မြောက်သို့ ဝင်ရောက်လာခဲ့ပေပြီ……

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူပေါင်း ၁၂၇-ယောက်နှင့် ဂုဏ်ထူးရှင်များလည်း ပေါ်ထွက်လာခဲ့ပေပြီ…
တချို့ကျောင်းသားများ M.Aနောက်ဆုံးနှစ်အထိ ရောက်ရှိနေခဲ့ပြီ……

ယခုနှစ်၌ လောကအလင်း ပညာဒါနကျောင်းတွင် အောင်ချက်မြင့်မားရေး ထူးချွန်စွာ အောင်မြင်စေရေးအတွက် အရာရာကို မိဘအိမ်နှင့်မခြား ကျောင်းအိပ်ကျောင်းစားအဖြစ် အခမဲ့ စခန်းသွင်း လေ့ကျင့်ပျိုးထောင်ပေးခြင်းကို 20.1.2020-ရက်နေ့မှ စတင်ကာ စာမေးပွဲများပြီးဆုံးသည်အထိ လက်ခံသင်ကြား ပေးနေခြင်းဖြစ်သည်…

ဒီကလေးတွေဟာ ပညာရေးစရိတ် မတတ်နိုင်ခဲ့သည်များ ရှိခဲ့ပါမူ စာသင်ခန်းဆီသို့သာ မရောက်ခဲ့ကြပါမူ……?

ဒီလူငယ်လေးများ လမ်းပေါ်ရောက်နေသည်ထက် စာသင်ခန်းရောက်နေတာက ပိုမကောင်းကြပေဘူးလား?

အထက်ပါရည်ရွယ်ချက်များကြောင့်လည်းကောင်း ပညာတတ် လူလိမ္မာများ များပြားလာပါစေခြင်း အကျိုးငှါလည်းကောင်း အပင်ပန်းခံ ဘကြီးနွား အငှါးကြောင်းနေရသည်မှာ……

မဟာဂန္ဓာရုံ ဆရာတော်ကြီး သြဝါဒ အဓိဋ္ဌာန် ကဗျာလေးဖြင့် ပူဇော်ရမည် ဆိုပါလျှင်…

” အ ဓိ ဋ္ဌာန် “
°°°°°°°°°°°°°
“ ကိုယ်တည်းတစ်ယောက်၊
ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ်၊
အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊
ရှေးခါဘိုးဘ၊
လက်ထက်ကလျှင်၊
ရသည့်တန်ခိုး၊ထပ်မညှိုးဖို့၊
အားကြိုးမာန်တက်၊
ငါဆောင်ရွက် သည်၊
ဆက်လက်တည်တန့်ပါစေသော်။”
{မဟာဂန္ဒာရုံဆရာတော်ဘုရားကြီး}

သုမန( လယ်တွင်း)14.3.2020
လောကအလင်း ရုံးဖုန်း09402000350