သတင်း

ပြန်ဖို့လာတာမဟုတ်ဘူးနော်

မူဆလင်တွေနှင့် ညောင်ပင်တွေ သဘာဝချင်းတူပါတယ်။ ခြေကုတ်ယူမိသွားပြီဆိုရင် ဘယ်လိုထုတ်ထုတ် မပြုတ်တော့ပါဘူး။ အခုလည်း မထွက်ခွါနိုင်ဘူးလို့ ဆိုပါတယ်။

လာကတည်းကိုက ပြန်ဖို့စိတ်ကူးမှ မပါခဲ့တာ။ စဉ်းစားကြပေါ့ဗျာ။ ခင်ဗျားတို့သိပ်စေတနာရှိတယ်ဆိုရင် ခင်ဗျားတို့သိပ်ချစ်တဲ့နိုင်ငံကြီးပါ တစ်ချိန်ချိန်မှာ ပေးရမယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ။

ဝီရသူ(မစိုးရိမ်)
6.11.2017
PM 8:10
========================================================

“မာနုစ်ကျွန်းရှိ သြစတြေးလျ ထိန်းသိမ်းရေးစခန်းမှ ရွှေ့ပြောင်းဒုက္ခသည်များ ထွက်ခွါရန် ငြင်းဆန်”
ကန်တာရာ၊ အောက်တိုဘာ ၃၁

ပါပူအာနယူးဂီနီနိုင်ငံ မာနုစ်ကျွန်းတွင် လာရောက်ဖွင့်လှစ်ထားသော သြစတြေးလျ ထိန်းသိမ်းရေးစခန်းကို ပိတ်သိမ်းရန် စီစဉ်ခဲ့ရာတွင် စခန်းရှိ ရွှေ့ပြောင်းဒုက္ခသည်များက ထွက်ခွါရန် ငြင်းဆန်နေပြီး ဥပဒေကြောင်း အရ ကန့်ကွက်ထားကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

သြစတြေးလျသည် နိုင်ငံတွင်းသို့ လှေဖြင့် ခိုးဝင်လာသူများကို နိုင်ငံတွင်း လက်မခံဘဲ ပါပူအာနယူးဂီနီရှိ မာနုစ်ကျွန်းနှင့် ပစိဖိတ်နိုင်ငံငယ် နော်ရူးရှိ ၄င်းတို့ဖွင့်လှစ်ပေးထားသော ထိန်းသိမ်းရေးစခန်းများတွင် ထားရှိခြင်းဖြစ်သည်။

သို့ရာတွင် မာနုစ်ကျွန်းရှိ ထိန်းသိမ်းရေးစခန်းမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟု ပါပူအာနယူးဂီနီ တရားရုံးက ဆုံးဖြတ်သောကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပိတ်သိမ်းရန် သြစတြေးလျက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိန်းသိမ်းခံထားရသူများက ယင်းကဲ့သို့ ပိတ်သိမ်းပြီး ရေ၊ မီး၊ လုံခြုံရေးဖြတ်တောက်လိုက်ခြင်းသည် ၄င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်သည်ဟု ကန့်ကွက်ထားသည်။ အများစုမှာ ထွက်ခွါရန် ငြင်းဆန်နေဆဲဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် လျှပ်စစ်၊ သောက်ရေ၊ အစားသောက်များ ပေးပို့မှု ရပ်စဲမည်ဖြစ်ပြီး ပါပူအာနယူးဂီနီကာကွယ်ရေးအာဏာပိုင်များမှာ နိုဝင်ဘာလ ၁ ရက်နေ့တွင် စခန်းတွင်း ဝင်ရောက်ရှင်းလင်းမည်ဟု ဒေသအာဏာပိုင်များက ကြေညာထားသည်။

ဒုက္ခသည်များက ငြိမ်းချမ်းစွာ ဆန္ဒပြရန် ပြင်ဆင်ထားပြီး ရေနှင့်ဘီစကစ်ခြောက်များ စုဆောင်းထားကြောင်း၊ မိုးရေးစုဆောင်းသည် ကန်များလည်း ပြင်ဆင်ထားကြောင်း BBC သို့ပြောကြားသည်။ လုံခြုံရေးမပေးတော့သည့်နောက်တွင် ဒေသခံများက စခန်းအတွင်း ဝင်ရောက်လုယက်မှုများ ရှိသည်ဟုလည်း ၄င်းတို့ကပြောကြားသည်။

သြစတြေးလျသည် ၄င်းပိုင်နက်အတွင်း လှေဖြင့် ခိုးဝင်လာသူ မည်သူမဆို လက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ၄င်းတို့အားလုံးကို ထိန်းသိမ်းပြီး နော်ရူးနှင့် မာနုစ်ကျွန်းများရှိ ထိန်းသိမ်းရေးစခန်းများတွင် ထားရှိသည်။

ယခုစခန်းကို ပိတ်တော့မည်ဖြစ်သောကြောင့် ဒုက္ခသည် ၆၀၀ ကျော်ကို ထွက်ခွါခိုင်းထားရာတွင် ထွက်ခွါပေးပါက ယာယီနေထိုင်ရမည့် နေရာများတွင် မာနုစ်ကျွန်းသားများ၏ အန္တရာယ်ပြုမှုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့်ဟုဆိုကာ အများစုက စခန်းတွင်း၌ပင် အခိုင်အမာ အကာအကွယ်ယူနေထိုင်လျက်ရှိသည်။ စခန်းကို အာဏာပိုင်များက ဝင်စီးမည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

ဒေါသထွက်နေသည့် ဒေသခံများကလည်း စခန်းရှေ့မှနေပြီး ထွက်မလာကြနဲ့ဟု အော်ဟစ်ဆန္ဒပြနေကြောင်း ထိန်းသိမ်းခံဒုက္ခသည် ဘီရွတ်ဘူချာနီက ပြောကြားသည်။ သြစတြေးလျကမူ ထိုသူများကို နိုင်ငံတွင်း၌ လုံးဝလက်မခံနိုင်ကြောင်း လက်ခံလိုက်ပါက အလားတူ ပင်လယ်ဖြတ်အသက်စွန့်ပြီး ခိုးဝင်လာမှုများကို အားပေးအားမြှောက်ပြုရာ ရောက်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

သို့သော်လည်း ပူပါအာနယူးဂီနီအစိုးရက ထိန်းသိမ်းထားသူများကို ဆက်လက်ထောက်ပံ့ရန်မှာ သြစတြေးလျ၏ တာဝန်သာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ သြစတြေးလျအစိုးရကမူ ယင်းမှာ ပါပူအာနယူးဂီနီ၏ တာဝန်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ဒုက္ခသည်များအနေနှင့် ပါပူအာနယူးဂီနီတွင် အခြေချလိုက အခြေချနိုင်သလို ကမ္ဘောဒီးယားတွင် နေထိုင်ခွင့်ရရန်လည်း လျှောက်ထားနုင်ပြီး နော်ရူးသို့ ရွှေ့ပေးရန်လည်း တောင်းဆိုနိုင်သည်ဟု သြစတြေးလျဘက်က ထုတ်ပြန်ထားသည်။ သို့သော်လည်း အများစုမှာ ယင်းနည်းလမ်းများကို ရွေးချယ်လိုကြခြင်းမရှိပေ။

အချို့သော သူများမှာ ယာယီနေထိုင်ရာနေရာများတွင်ပင် ဝန်ဆောင်မှုများနှင့်အကူအညီများ ရရှိနေသောကြောင့်သက်သောင့်သက်သာ အဆင်ပြေနေကြကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားကာကွယ်ရေးဌာနက ထုတ်ပြန်သည်။
F-03
1.11.2017 ရက်နေ့ထုတ် The Voice သတင်းစာမှ ကူးယူဖော်ပြသည်။