သတင္း

၂၀၁၈ ခုႏွစ္ ဆ႒မဓမၼသဘင္

တန္ခူးလဆန္း(၇)ရက္ 23.3.2018 ရက္ေန႔ ည ၈း၀၀ နာရီ မြန္ျပည္နယ္ က်ဳိက္မေရာၿမဳိ႕နယ္ လွကဇုိင္းေက်းရြာ ေရႊနိဗၺာန္ေက်ာင္းတုိက္ဆရာေတာ္ အရွင္စႏၵိမာ တည္ထားကုိးကြယ္ေတာ္မူေသာ ဝိဇၨာရွင္ၿငိမ္းခ်မ္းေအာင္ေစတီေတာ္ျမတ္ႀကီး တုိ႔၏ ဗုဒၶပူဇနိယပြဲေတာ္အႀကဳိ ဓမၼသဘင္။

ေမာ္လၿမဳိင္ၿမဳိ႕ ဟိတဓရဆရာေတာ္ေလး၏ မဟာၿမဳိင္ေက်ာင္းတုိက္မွာ ခဏနားၿပီး လွကဇုိင္းသုိ႔ ထြက္ခြါလာခဲ့ပါတယ္။
လွကဇုိင္းေရာက္မွပဲ စာခ်ဆရာေတာ္ အရွင္စႏၵိမာႏွင့္ ရြာသူရြာသားမ်ား စိတ္ေအးသြားပါေတာ့တယ္။ စာေရးသူကုိယ္တုိင္ၾကြမလာဘဲ ကုိယ္စားလႊတ္မွာစုိးလုိ႔ပါ။

ဒီလုိေနရာမ်ဳိးထိ စာေရးသူ လာမယ္မထင္လုိ႔ပါ။ စာခ်ဆရာေတာ္အရွင္စႏၵိမာ ကုိယ္တုိင္ အားရဝမ္းသာ ႀကဳိဆုိပါတယ္။
က်ဳိက္ခမီ ျမစိမ္းေရာင္ဘုရားကုိ ကာကြယ္ေနၾကတဲ့ မ်ဳိးခ်စ္အဖြဲ႕မ်ားလည္း လာေရာက္ေတြ႕ဆုံၾကပါတယ္။ ျမစိမ္းေရာင္ဘုရားနဲ႔ပတ္သက္ၿပီး တုိင္ပင္ေဆြးေႏြးၾကပါတယ္။

တရားပြဲအခမ္းအနား ျပင္ဆင္ထားတဲ့ အခင္းအက်င္းကေတာ့ ေတာ္ေတာ္ထူးျခားပါတယ္။ လွကဇုိင္းဆုိတာ ကရင္ရြာႀကီးပါ။
ထူးျခားတာကေတာ့ ဓမၼပူဇာအလွဴေငြ လွဴဒါန္းသူမ်ားကုိ စာအိတ္တစ္အိတ္စီ ေဝပါတယ္။ အဲဒီစာအိတ္ေလးေတြကုိ အလွဴရွင္မ်ားကုိယ္တုိင္ပဲ ကုိင္ေဆာင္ထားၾကတာပါ။

တရားပြဲက်င္းပတဲ့အဖြဲကုိေတာ့ စာရင္းေလာက္ပဲ ေပးၾကတာပါ။ တရားပြဲက်င္းပတဲ့အဖြဲ႕က ဓမၼပူဇာအလွဴရွင္မ်ားႏွင့္ အလွဴေငြမ်ားကုိ ဖတ္ၾကားေၾကညာေပးပါတယ္။ ရြာသူရြာသားမ်ားက စာအိတ္ေလးေတြကုိယ္စီကုိင္လာၿပီး အလွဴခံဖလားထဲသုိ႔ တန္းစီထည့္လွဴၾကတာပါ။

သာဓုအႀကိမ္ႀကိမ္ ေခၚဆုိခြင့္ရတဲ့ ဓမၼသဘင္ႀကီးပါ။ နေမာတႆတန္ဖုိး တရားေဟာေတာ့ ရြာသူရြာသားေတြ အထူးအဆန္းလုိျဖစ္ၿပီး အံ့ၾသေနၾကပါတယ္။ နေမာတႆတန္ဖုိး နားလည္သြားလုိ႔ပါ။

 

“၂၀၁၈ ခုနှစ် ဆဋ္ဌမဓမ္မသဘင်”

တန်ခူးလဆန်း(၇)ရက် 23.3.2018 ရက်နေ့ ည ၈း၀၀ နာရီ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာ ရွှေနိဗ္ဗာန်ကျောင်းတိုက်ဆရာတော် အရှင်စန္ဒိမာ တည်ထားကိုးကွယ်တော်မူသော ဝိဇ္ဇာရှင်ငြိမ်းချမ်းအောင်စေတီတော်မြတ်ကြီး တို့၏ ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။

မော်လမြိုင်မြို့ ဟိတဓရဆရာတော်လေး၏ မဟာမြိုင်ကျောင်းတိုက်မှာ ခဏနားပြီး လှကဇိုင်းသို့ ထွက်ခွါလာခဲ့ပါတယ်။
လှကဇိုင်းရောက်မှပဲ စာချဆရာတော် အရှင်စန္ဒိမာနှင့် ရွာသူရွာသားများ စိတ်အေးသွားပါတော့တယ်။ စာရေးသူကိုယ်တိုင်ကြွမလာဘဲ ကိုယ်စားလွှတ်မှာစိုးလို့ပါ။

ဒီလိုနေရာမျိုးထိ စာရေးသူ လာမယ်မထင်လို့ပါ။ စာချဆရာတော်အရှင်စန္ဒိမာ ကိုယ်တိုင် အားရဝမ်းသာ ကြိုဆိုပါတယ်။
ကျိုက်ခမီ မြစိမ်းရောင်ဘုရားကို ကာကွယ်နေကြတဲ့ မျိုးချစ်အဖွဲ့များလည်း လာရောက်တွေ့ဆုံကြပါတယ်။ မြစိမ်းရောင်ဘုရားနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးကြပါတယ်။

တရားပွဲအခမ်းအနား ပြင်ဆင်ထားတဲ့ အခင်းအကျင်းကတော့ တော်တော်ထူးခြားပါတယ်။ လှကဇိုင်းဆိုတာ ကရင်ရွာကြီးပါ။
ထူးခြားတာကတော့ ဓမ္မပူဇာအလှူငွေ လှူဒါန်းသူများကို စာအိတ်တစ်အိတ်စီ ဝေပါတယ်။ အဲဒီစာအိတ်လေးတွေကို အလှူရှင်များကိုယ်တိုင်ပဲ ကိုင်ဆောင်ထားကြတာပါ။

တရားပွဲကျင်းပတဲ့အဖွဲကိုတော့ စာရင်းလောက်ပဲ ပေးကြတာပါ။ တရားပွဲကျင်းပတဲ့အဖွဲ့က ဓမ္မပူဇာအလှူရှင်များနှင့် အလှူငွေများကို ဖတ်ကြားကြေညာပေးပါတယ်။ ရွာသူရွာသားများက စာအိတ်လေးတွေကိုယ်စီကိုင်လာပြီး အလှူခံဖလားထဲသို့ တန်းစီထည့်လှူကြတာပါ။

သာဓုအကြိမ်ကြိမ် ခေါ်ဆိုခွင့်ရတဲ့ ဓမ္မသဘင်ကြီးပါ။ နမောတဿတန်ဖိုး တရားဟောတော့ ရွာသူရွာသားတွေ အထူးအဆန်းလိုဖြစ်ပြီး အံ့သြနေကြပါတယ်။ နမောတဿတန်ဖိုး နားလည်သွားလို့ပါ။