သတင္း

၂၀၁၈ စုဒၵသမဓမၼသဘင္/ ထန္းတစ္ပင္-စႏၵေယာ္ေက်းရြာ

ျမန္မာႏွစ္ဆန္း(၂)ရက္၊ ၁၃၈၀-ခု၊ ကဆုန္လဆန္း(၄)ရက္၊ (18.4.2018)၊ ည(၈း၀၀)နာရီ၊ ရန္ကုန္တုိင္းေဒသႀကီး၊ ထန္းတစ္ပင္ၿမဳိ႕နယ္၊ စႏၵေယာ္ေက်းရြာ၊ အလင္းေရာင္ပရဟိတအဖြဲ႔ တတိယအႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲႏွင့္ ဓမၼပူဇာတရားပြဲ။

ထူးျခားတဲ့တရားပြဲပါ။ ထန္းတစ္ပင္ၿမဳိ႕နယ္သံဃနာယက ဥကၠ႒ဆရာေတာ္ႏွင့္ အတြင္းေရးမွဴးဆရာေတာ္ႏွစ္ပါးလံုး ၾကြေရာက္ၿပီး အားေပးစကားေျပာပါတယ္။

စႏၵေယာ္ေက်းရြာ ရြာဦးေက်ာင္းဆရာေတာ္ႀကီးလည္း ၾကြေရာက္ခ်ီးေျမႇာက္ပါတယ္။ တရားမေဟာခင္ ဆရာေတာ္မ်ားႏွင့္ အမ်ဳိးဘာသာ သာသနာအေရး ေဆြးေႏြးေနခ်ိန္မွာ မိုးတစ္ေျပာက္ႏွစ္ေျပာက္က်ပါတယ္။ ေလျပင္းလာလိ္ု႔ မိုးရပ္သြားပါတယ္။

ပလႅင္ေပၚမတက္ခင္ ရြာထဲမွာ မိုးသဲေနေပမယ့္ ရြာျပင္ကတရားပြဲ မိုးလြတ္ပါတယ္။ ရန္ကုန္မွာမိုးသဲေနလုိ႔ အခ်ဳိ႕တရားပြဲေတြ ပ်က္သြားတယ္လုိ႔ သိရပါတယ္။ စာေရးသူကေတာ့ စႏၵေယာ္မွာ ေဟာလို႔ေကာင္းေနတုန္းေပါ့။

တိကနိပါတ္၊ ဗ်ဂၣဇာတ္ေတာ္ ေဟာၾကားခဲ့ပါတယ္။ စစ္သားေတြဟာ ျခေသၤ့ေတြ က်ားေတြနဲ႔တူေၾကာင္း၊ ျခေသၤ့ေတြ က်ားေတြမရွိရင္ ေတာျပဳန္းသြားႏိုင္ေၾကာင္း၊

လူေတြက ျခေသၤ့ေတြ က်ားေတြကိုေတာ့ ေၾကာက္ၾကလို႔ ရုကၡစိုးေတြ အသက္အိုးအိမ္ စည္းစိမ္ လံုၿခဳံေနျခင္းျဖစ္ေၾကာင္း ဇာတ္ေတာ္ကိုသာဓကျပဳကာ တစ္မတ္သားကိုုယ္စာလွယ္မ်ားႏွင့္ စစ္သားဝန္ႀကီးသံုးပါး မရွိမျဖစ္ လိုအပ္ေၾကာင္း ထည့္ေျပာေဟာၾကားခဲ့တာပါ။

ေတာနတ္မိစၦာ၊ မလိမၼာလွ်င္၊

ဣႆာျငဴစူ၊ မ်က္ၿငဳိးမူ၍၊

အတူေနေလ့၊ က်ားျခေသၤ့ကို၊

ေမာင္း၍အျပင္း၊ ႏွင္ထုတ္ျခင္းေၾကာင့္၊

က်ားမင္းသားမင္း၊ ေတာေစာင့္ကင္း၍၊

ေၾကာက္ျခင္းရြံ႕ျခင္း၊ ထိတ္ျခင္းတစိ၊

မရွိေသာအား၊ လူအမ်ားတုိ႔၊

ဝင္ျငားအဟုတ္၊ ထင္းသစ္ခုတ္၍၊

ျပဳတ္ျပဳတ္ေၾကညက္၊

ေတာလံုးပ်က္၏။ (မဃ။ ၃၇၂)

♦ ျခေသၤ့ႏွင့္က်ား၊ ေတာေစာင့္ထား၊ ေတာမ်ားလံုၿခံဳမယ္။

♦ ျခေသၤ့ဖယ္ရွား၊ က်ားဖယ္ရွား၊ ေတာမ်ားအႏၲရာယ္။

 

“၂၀၁၈ စုဒ္ဒသမဓမ္မသဘင်/ ထန်းတစ်ပင်-စန္ဒယော်ကျေးရွာ”

မြန်မာနှစ်ဆန်း(၂)ရက်၊ ၁၃၈၀-ခု၊ ကဆုန်လဆန်း(၄)ရက်၊ (18.4.2018)၊ ည(၈း၀၀)နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ၊ အလင်းရောင်ပရဟိတအဖွဲ့ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် ဓမ္မပူဇာတရားပွဲ။

ထူးခြားတဲ့တရားပွဲပါ။ ထန်းတစ်ပင်မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် အတွင်းရေးမှူးဆရာတော်နှစ်ပါးလုံး ကြွရောက်ပြီး အားပေးစကားပြောပါတယ်။ စန္ဒယော်ကျေးရွာ ရွာဦးကျောင်းဆရာတော်ကြီးလည်း ကြွရောက်ချီးမြှောက်ပါတယ်။

တရားမဟောခင် ဆရာတော်များနှင့် အမျိုးဘာသာ သာသနာအရေး ဆွေးနွေးနေချိန်မှာ မိုးတစ်ပြောက်နှစ်ပြောက်ကျပါတယ်။ လေပြင်းလာလို့ မိုးရပ်သွားပါတယ်။

ပလ္လင်ပေါ်မတက်ခင် ရွာထဲမှာ မိုးသဲနေပေမယ့် ရွာပြင်ကတရားပွဲ မိုးလွတ်ပါတယ်။ ရန်ကုန်မှာမိုးသဲနေလို့ အချို့တရားပွဲတွေ ပျက်သွားတယ်လို့ သိရပါတယ်။ စာရေးသူကတော့ စန္ဒယော်မှာ ဟောလို့ကောင်းနေတုန်းပေါ့။

တိကနိပါတ်၊ ဗျဂ္ဃဇာတ်တော် ဟောကြားခဲ့ပါတယ်။ စစ်သားတွေဟာ ခင်္သြေ့တွေ ကျားတွေနဲ့တူကြောင်း၊ ခင်္သြေ့တွေ ကျားတွေမရှိရင် တောပြုန်းသွားနိုင်ကြောင်း၊ လူတွေက ခင်္သြေ့တွေ ကျားတွေကိုတော့ ကြောက်ကြလို့ ရုက္ခစိုးတွေ အသက်အိုးအိမ် စည်းစိမ် လုံခြုံနေခြင်းဖြစ်ကြောင်း ဇာတ်တော်ကိုသာဓကပြုကာ တစ်မတ်သားကိုုယ်စာလှယ်များနှင့် စစ်သားဝန်ကြီးသုံးပါး မရှိမဖြစ် လိုအပ်ကြောင်း ထည့်ပြောဟောကြားခဲ့တာပါ။

တောနတ်မိစ္ဆာ၊ မလိမ္မာလျှင်၊
ဣဿာငြူစူ၊ မျက်ငြိုးမူ၍၊
အတူနေလေ့၊ ကျားခင်္သြေ့ကို၊
မောင်း၍အပြင်း၊ နှင်ထုတ်ခြင်းကြောင့်၊
ကျားမင်းသားမင်း၊ တောစောင့်ကင်း၍၊
ကြောက်ခြင်းရွံ့ခြင်း၊ ထိတ်ခြင်းတစိ၊
မရှိသောအား၊ လူအများတို့၊
ဝင်ငြားအဟုတ်၊ ထင်းသစ်ခုတ်၍၊
ပြုတ်ပြုတ်ကြေညက်၊
တောလုံးပျက်၏။ (မဃ။ ၃၇၂)

♦ ခင်္သြေ့နှင့်ကျား၊ တောစောင့်ထား၊ တောများလုံခြုံမယ်။
♦ ခင်္သြေ့ဖယ်ရှား၊ ကျားဖယ်ရှား၊ တောများအန္တရာယ်။