Uncategorizedသတင်း
“၂၀၁၉ စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူတော် (၂)”
ရမည်းသင်းမြို့၊ မချို မိသားစုမှ အလှူငွေ ၁၀၀၀၀ဝိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (16.3.2019) မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းအတွက်လည်း ၁၀၀၀၀ဝိ (တစ်သိန်းကျပ်) လှူဒါန်းပါသေးသည်။
မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။
အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။
နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်နင်းပါ။
ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။
စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။
တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။
ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။
စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။
စာဖြေရက်မှာ စာဖြေမည့် စာသင်သားသံဃာများကိုသာ ရည်ရွယ်လှူဒါန်းနိုင်ပါတယ်။
ဥပမာ စာချတန်းဖြေလျှင် ပထမပြန်သံဃာများကို ဆွမ်းမကပ်နိုင်ပါ။
စာချတန်းသံဃာများကိုသာ ဆွမ်းကပ်နိုင်ပါမယ်။
ဒီနှစ်လည်း ပုံမှန်အတိုင်းပဲ မုန့်ဟင်းခါး မုန့်တီ ခေါက်ဆွဲ ကြာဇံ လဘက်ရည် ပလာတာ စသည် တစ်နေ့တစ်မျိုး မထပ်ရအောင် ဆက်ကပ်သွားမှာပါ။
အခုလောလောဆယ် လှူဒါန်းထားသူများစာရင်းကို အများပြည်သူ သာဓုခေါ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
၁။ ကိုသန်းဇော်မြင့်+မဝင်းမာ မိသားစု၊ မန္တလေး၊ ၁၀၀၀၀ဝိ
၂။ ဒေါ်ချို၊ ရမည်းသင်း၊ ၁၀၀၀၀ဝိ
၃။ ဒေါ်ပေါရွှေ၊ ရန်ကုန်၊ ၂၀၀၀၀ဝိ