သတင်း






“၂၀၁၉ ဆဋ္ဌမဓမ္မသဘင် (ချမ်းမြသာစည်-အောင်သာယာ)”

တပို့တွဲလဆန်း ၈ရက် (12.2.2019)ရက်နေ့၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မမ-၂၂/၂၃/၂၄/၂၅ (၄)ရပ်ကွက်လုံးဆိုင်ရာ သဗ္ဗသုခဆုတောင်းပြည့် စုပေါင်းဓမ္မာရုံ (၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။

၂၀၁၉ ခုနှစ်ရဲ့ ခြောက်ခုမြောက်တရားပွဲပါ။ ၂၀၁၆ ခုနှစ်တုန်းက တစ်ကြိမ်၊ ၂၀၁၇ မှာ တစ်ကြိမ် ဟောခဲ့ဖူးတဲ့ ဓမ္မာရုံလေးပါ။ ၂၀၁၆ မှာဟောတုန်းက လမ်းဘေးဇရပ်လောက်တောင် ရုပ်မပေါက်ပါဘူး။

အမိုးနှင့်တိုင်ထူရုံလေးပဲမို့ နွားတင်းကုတ်သာသာပဲ ရှိခဲ့တာပါ။ စာရေးသူ ၂နှစ်ဆက်တိုက်ဟောကြားလို့ရခဲ့တဲ့ ဓမ္မပူဇာတွေကို ပြန်လည်လှူဒါန်းခဲ့ရာမှ အခုလို ဓမ္မာရုံကြီးတစ်ခု ပေါ်ပေါက်လာတာပါ။ ဒီနေ့တရားပွဲမှာတော့ အောင်သာယာနဂါးနီစုဘူးဝိုင်းတော်သားများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ် ဆရပ်ကွက် နဂါးနီစုဘူးဝိုင်းတော်သားများပါ လာရောက်တရားနာယူကြပါတယ်။

ဆင်းရဲသူဆင်းရဲသားများဖြစ်လို့ ကြီးပွားချမ်းသားကြောင်းတရား ဟောကြားခဲ့ပါတယ်။
တရားတော်အမည်ကတော့ ဘဝအောင်မြင်ရေးတရားတော် ဖြစ်ပါတယ်။
နောက်မှအိမ်ပါ၊ အရင်ထပါ။
စိတ်ပါလက်ပါ လုပ်ကိုင်ပါ။
အကျင့်ကောင်းပါ၊ ချိုသာပါ။
မြန်စွာကြီးပွားချမ်းသာမှာ။