သတင်း
‘မီးသုံးပါးတရားတော်’
“၂၀၁၉ ဒသမဓမ္မသဘင် (ချမ်းမြသာစည်-အောင်ပင်လယ်)”
တပို့တွဲလပြည့်ကျော် ၃ ရက် (22.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ဇီဝိတဒါန၊ သံဃာ့ဆေးရုံ အာဟာရဒါနနှင့် ပရဟိတသွေးလှူအသင်း (၅)နှစ်ပြည့်အထိမ်းအမှတ် ဓမ္မသဘင်။
မန္တလေးမြို့ရဲ့ ရှားရှားပါးပါး တရားပွဲပါ။
တရားမဟောခင် စည်သူမိုဘိုင်း မိသားစုအိမ်မှာ ခဏနားပါတယ်။
အမျိုးသားတွေအတွက် အမျိုးသားတရားတော် ဟောမှာဖြစ်လို့ အမျိုးသားတွေနာယူကြဖို့နှင့် အမျိုးသမီးတွေက အမျိုးသားတွေအပေါ် မရိုမသေလုပ်ရင် ဒီတရားလေးနဲ့ သတိပေးဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။
‘မီးသုံးပါးတရားတော်’
၁။ အာဟုနေယျမီးဆိုတာ၊ မိဘနှစ်ပါးပါ။
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါက ကောင်းကျိုးရ။
၂။ ဂဟပတိမီးဆိုတာ၊ အိမ်ထောင်ဦးစီးပါ။
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါက ကောင်းကျိုးရ။
၃။ ဒက္ခိဏေယျမီးဆိုတာ၊ ရဟန်းသံဃာပါ။
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါက ကောင်းကျိုးရ။