သတင်း

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး (၂)

တစ်ဝန်းတည်းနေ မူဆလင်များက ဗုဒ္ဓဘာသာ ဆွေမျိုးအရင်းကို နှင်ချမှု
—————————————————————————-

မန္တလေး၊ အမရပူရမြို့နယ်၊ ကိုယ်ရံတော်ရပ်ကွက်မှာ ဖြစ်ပွားတဲ့ အမှုပါ။
ဦးနိုင်ထွန်း (မူဆလင်မှ ဗုဒ္ဓဘာသာခံယူထားသူ)နှင့် ဇနီးသည် ဒေါ်သန္တာမြင့်တို့ 29.9.2017 နေ့ ညပိုင်း အလုပ်မှ ပြန်လာတဲ့အခါ ဝန်းတံခါးကြီး ပိတ်ထားလို့ ကျော်ခွပြီး ဝင်ခဲ့ရပါတယ်။ အဲလိုဝင်တဲ့အခါ တံခါးတန်းပေါ်က သံတိုင်အချွန်လေးတစ်ချောင်း ကျိုးပဲ့သွားပါတယ်။

30.9.2017 ရက်နေ့ရောက်တဲ့အခါ ဦးနိုင်ထွန်းတို့လင်မယားကို တစ်ဝန်းတည်းနေ ဆွေမျိုးတော်စပ်သူ မူဆလင်များက ပုဒ်မ ၄၅၂ နှင့် ရဲစခန်းမှာ တိုင်ကြားထားပါတယ်။
ဦးနိုင်ထွန်းဟာ 1990 ခုနှစ်ကတည်းက ဗုဒ္ဓဘာသာခံယူထားသူပါ။
ဖခင် ဦးလှကြီး ရှိစဉ်ကလည်း သားနှင့်ချွေးမ ဗုဒ္ဓဘာသာကိုးကွယ်တာ မတားမြစ်ခဲ့ပါဘူး။
ဘိုးဘွားပိုင် အဲဒီ အိမ်ခန်းမှာနေလာတာလည်း ၂၇ နှစ်ရှိပါပြီ။

2014 ခုနှစ်တုန်းကလည်း ရုပ်ပွားတော်ကိုအကြောင်းပြုပြီး အမျိုးသမီးချင်း စကားများရာမှ မူဆလင်ဘက်မှ အမျိုးသမီးများက ဒေါ်သန္တာမြင့်ကို အုပ်စုဖွဲ့ အကြမ်းဖက်ခဲ့ကြလို့ ဒေါ်သန္တာမြင့် လက်သန်းရိုးကျိုးသွားခဲ့ပါသေးတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး လက်သန်းရိုးကျိုးအောင်ကိုက်သူ ဒေါ်သက်မာ(ဦးနိုင်ထွန်း၏ ခယ်မ)ကို ထောင်(၁)နှစ် ချလိုက်ပါတယ်။
ကျန်အမျိုးသမီးလေးဦးကတော့ တိုင်းအယူခံအောင်သွားလို့ လွတ်မြောက်သွားပါတယ်။
အခုကိစ္စမှာလည်း တစ်ဝန်းတည်းအတူနေပြီး ဗုဒ္ဓဘုရားကို ကိုးကွယ်နေကြတဲ့ ဦးနိုင်ထွန်းတို့လင်မယားကြောင့် ကွယ်လွန်သွားကြတဲ့ အဘိုးအဘွားတွေ ဂျဟနန်(ငရဲ)ကျနိုင်တယ်ဆိုပြီး ဦးနိုင်ထွန်းတို့လင်မယားကို မောင်းထုတ်နှင်ချနေကြတာ ဖြစ်ပါတယ်။
ဒီရည်ရွယ်ချက်ကြောင့် ဦးနိုင်ထွန်းတို့လင်မယား ညအချိန် အလုပ်မှ ပြန်လာတဲ့အခါ ဝင်လို့မရအောင် ဝန်းတံခါးကြီးကို ပိတ်ထားလိုက်ခြင်း ဖြစ်ပါတယ်။

အခုတော့ မိခင် မူဆလင်အဖွားကြီးအမှူးပြုသော မူဆလင်များနှင့် အမရပူရရဲစခန်း အမှုစစ် ဦးဇော်လင်းတို့ ပူးပေါင်းကြံစည်ကာ ဗုဒ္ဓဘာသာဝင်မိသားစုကို အိမ်မှ နှင်ချဖို့ လုံးပန်းနေကြပါတယ်။
အမှုစစ်ဦးဇော်လင်းက ပြောပါတယ်။ အသာတကြည် ဆင်းပေးလိုက်ပါ။
ဆင်းပေးလိုက်ရင် အမှုဆက်ဖွင့်မှာမဟုတ်တော့ဘူး။
မဆင်းရင်တော့ ပုဒ်မ ၄၅၂ (ပိုက်နက်ကျူးကျော်မှု)နှင့် ဖမ်းရပါလိမ့်မယ်။
အာမခံလည်း မရပါဘူး။
(၇)တန်းကျောင်းသူ သမီးလေးရော မိဘနှစ်ပါးကိုပါ ဖမ်းပြီး အချုပ်ထဲထည့်ရပါလိမ့်မယ်လို့ ခြိမ်းခြောက်ထားလို့ (၇)တန်ကျောင်းသူ သမီးလေး စာမကျက်နိုင်ဘဲ ငိုယိုနေပါတော့တယ်။
တကယ်တော့ အိမ်မှထွက်အောင် မူဆလင်တွေနဲ့ အမှုစစ်ဇော်လင်းနှင့် ပူးပေါင်းကြံစည်နေကြတာပါ။
၄၅၂ အမှုမမြောက်သလို မိခင်ကြီးကိုယ်တိုင်က မထားချင်တော့ဘူးဆိုရင်လည်း တရားမကြောင်းအရပဲ ဖြေရှင်းခွင့်ရှိတာပါ။
နှင်ချခွင့်မရှိပါဘူး။

ဦးနိုင်ထွန်းတို့မိသားစု နေလာတာလည်း (၂၇)နှစ် ရှိခဲ့ပါပြီ။
အကြီးဆုံးသားတောင် တတိယနှစ် ဥပဒေကျောင်းသားကြီး ဖြစ်နေပါပြီ။
ဦးနိုင်ထွန်းတို့မိသားစုကို အဲဒီလို ရဲနှင့်ပေါင်းပြီး ပိုင်နက်ကျူးကျော်မှုနှင့် တရားစွဲလို့ မရနိုင်တဲ့အပြင် အဲဒီဝန်းတံခါးကြီးကိုပိတ်ပြီး မဝင်နိုင်အောင် တားဆီးပိတ်ပင်တဲ့လူတွေကိုတောင် ပုဒ်မ ၃၄၁ နှင့် တရားစွဲလို့ရပါသေးတယ်။
ဒီအကြောင်းတွေကို အမှုစစ်ဇော်လင်း သိပုံမရပါဘူး။

ဒါကြောင့် ဦးနိုင်ထွန်းတို့မိသားစု အိမ်မှ လုံးဝ ဆင်းမပေးဖို့ စာရေးသူကိုယ်တိုင် ပြောကြားထားပါတယ်။
အမရပူရ စခန်းမှူးကိုလည်း ဖုန်းဆက်အသိပေးထားပါတယ်။
အမှုစစ်ဇော်လင်း လုပ်နေတာတွေ သူမသိသေးဘူးလို့ စခန်းမှူးက ဆိုပါတယ်။
ဒီပြဿနာဟာ မိသားစုပြဿနာဆိုပေမယ့် ဘာသာမတူလို့ ဖြစ်ရတဲ့ပြဿနာပါ။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုသူတွေ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ဆိုသူတွေ ဖြေရှင်းပေးကြဖို့ လိုပါတယ်။
(ပိုစ့်အဟောင်းများကို ပူးတွဲတင်ပြလိုက်ပါတယ်။)
ဝီရသူ (မစိုးရိမ်)
1.10.2017
PM-1:00
——————————————————————-

ကင်းကင်းရှင်းရှင်း နေတတ်ကြဖို့လိုပြီ
———————————————–
အမှုအခင်း ဖြစ်စဉ်

အမည် ။ ။ ဒေါ် သန္တာမြင့် ။
နေရပ် ။ ။ ကိုယ်ရံတော်ရပ်ကွက်၊ ဗလီတောင်ဖက်၊ အမရပူရ မြို့ ။

၁၉၉၀ ခု နှစ် ကတည်းက ဒေါ် သန္တာမြင့် သည် မွတ်ဆလင် ဦးနိုင်ထွန်း နှင့် လက်ထပ် ထိမ်းမြားခဲ့သည် ။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ အတိုင်း လက်ထပ် ထိမ်း မြား ခဲ့ ပြီး ဦး နိုင်ထွန်း မှာ ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည် သူ ဖြစ် လာ ကာ တစ် နှစ် လျှင် ရဟန်း ၂ ကြိမ် ခန့် ရွှေဂူကြီး ကျောင်း တွင် ပုံ မှန် ဒုလ္လဘ ရဟန်း ဝတ် လေ့ ရှိသည် မှာ နှစ် ပေါင်း ၂၀ နီး ပါး ရှိ ခဲ့ ပါ သည် ။ ယနေ့ အထိ ဗုဒ္ဓဘာ သာ ကို သက်ဝင် ယုံကြည်သော သားလိမ္မာ တစ် ယောက် နှင့် သမီး အလိမ္မာ ၂ ယောက် ထွန်းကား ခဲ့ ပါသည် ။
သားအကြီး အောင်စိုးမိုး ၁၉ နှစ် သည် မုံရွာတက္ကသိုလ် တွင် ဥပဒေ ဘာသာရပ် သင်ယူ လေ့ လာ နေ ပါသည် ။
သမီးလတ် သည် ၁၀ တန်း ရောက် ရှိနေ ပြီး သမီးငယ် မှာ စစ်ကိုင်းစု ဓမ္မာရုံ တွင် ဓမ္မစကူး သင်တန်း တက် ရောက် ပြီး ထူးချွန်စွာ အောင် မြင် ထား ပါသည် ။
ဖြစ်စဉ် မှာ
ယောက်ျား ဖြစ်သူ ဖက် မှ
သက်မာ၊ ခင်စန်းယု မွတ်ဆလင် ညီမများ
ဦး နိုင်ထွန်း ညီ ဧ။် မိန်းမ မွတ်ဆလင် မ
ဝင်းဇော်
အငယ်လေး
မီးငယ်
မနီ စသော ဦး နိုင်ထွန်း ဖက် မှတော် စပ်သော မွတ် စလင် များ က ဒေါ် သန္တာမြင့် အား ဝိုင်း ဝန်း ရိုက် နှက် ကြ ရာ တွင် မသက်မာ မှ ဒေါ် သန္တာ မြင့် လက်သန်း ကို ကိုက် ဖြတ် ရာ ယခု အခါ ဆေးရုံသို့ သွား ရောက် ကုသနေရပါ သည် ။
တရားခံ ၇ ယောက် လုံး ကို အမှု ဖွင့် ထား ပြီး အမရပူရ ရဲစခန်း မှ အာမခံ ဖြင့် စီစဉ် ဆောင် ရွက် နေ သည် ဟု သိရပါ သည် ။
ယခု အခါ ဒေါ် သန္တာမြင့် မှာ မန္တလေး ဆေးရုံကြီး အရေးပေါ် အပေါ် ထပ် အရိုးအကြော ပညာ ဋ္ဌာန မှာ ရောက် ရှိ နေ ပြီး အမရပူရ မ ဘ သ ၅၀ ၀၀၀ ကျပ် ကို ချက် ချင်း ပေးကမ်း လှူဒါန်း ခဲ့ ကြောင်း သိရ ပါ သည် ။ မန်း မ ဘ သ မှ လည်းပံ့ပိုး ကူ ညီ နေ ကြောင်း ရုံး အဖွဲ့ မှ ဆရာတော် တစ် ပါး ထံ မှ သိရှိ ရပါ သည် ။

Posted by
ရက္ခ ဗျာလ
06: 35 pm
3.9.2014
https://www.facebook.com/wirathumsy1/posts/371878979626070
————————————————————–

“အနိုင်ကျင့်ခံခဲ့ရသော မြန်မာအမျိုးသမီး အကူအညီလိုအပ်နေ”
=========================================
28.8.2014 ရက်နေ့က မွတ်စလင်လူတစ်စု၏ ဝိုင်းရိုက်ဝိုက်းကိုက်တာကို ခံခဲ့ရတဲ့ ဒေါ်သန္တာမြင့်(၄၈)နှစ် (ဗမာ/ဗုဒ္ဓ) မန္တလေး ၆၂ လမ်း၊ အရိုးအကြော အထူးကုဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။
ဒေါ်သန္တာမြင့်ရဲ့ အမျိုးသားက မွတ်စလင်ပါ။ သားတစ်ယောက် သမီးနှစ်ယောက်ရှိပါတယ်။ အမျိုးသား ဦးနိုင်ထွန်းက ဒေါ်သန္တာမြင့်နှင့် လက်ထပ်ကတည်းက ဗုဒ္ဓဘာသာခံယူခဲ့ပါတယ်။ ရွှေကူကြီးကျောင်းမှာ နှစ်စဉ် ဒုလ္လဘ ရဟန်းဝတ်တာ အကြိမ်(၂၀) အနှစ်(၂၀)ရှိပါပြီ။
မိသားစုငါးယောက်လုံး ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ကာ ဦးနိုင်ထွန်းမိသားစုနှင့် အိမ်ဝန်းတစ်ဝိုင်းထဲမှာပဲ နေကြပါ တယ်။
28.8.2014 ရက်နေ့မှာတော့ စကားများရာမှ ရန်ဖြစ်ကာ ဦးနိုင်ထွန်းရဲ့ ဆွေမျိုးများက အုပ်စုဖွဲ့ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာပါ။
ဒေါ်ခင်စန်းယု(နှမ)
ဒေါ်သက်မာ(ခယ်မ)
ဦးဝင်းဇော်(ညီ)
ကိုအငယ်လေး(တူ)
မမီးငယ်(တူမ)
ဒေါ်နီ(ခယ်မ) တို့က ဝိုင်းရိုက်ကြတာဖြစ်ပါတယ်။
ဒေါ်သန္တာမြင့်လက်သန်းကို ကိုက်ဖြတ်လိုက်တဲ့ ဒေါ်သက်မာဆိုတာ ဦးနိုင်ထွန်း ညီရဲ့ မိန်းမဖြစ်ပြီး အရင်က ဗုဒ္ဓဘာသာဝင် ကချင်တိုင်းရင်းသူဖြစ်ပါတယ်။ အခုတော့ လင်ဖြစ်သူရဲ့ ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာကို ကူးပြောင်း ကိုးကွယ်ထားသူဖြစ်ပါတယ်။
အမရပုရမြို့၊ ကိုယ်ရံတော်ရပ်ကွက်၊ ဗလီတောင်ဘက်မှာ နေထိုင်ကြပြီး 30.8.2014 ရက်နေ့မှာ အမရပုရ ရဲစခန်းက အာမခံနှင့် လွှတ်ပေးထားပါတယ်။
ဒေါ်သန္တာမြင့်က လင်ကိုရော သားသမီးတွေကိုပါ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စွမ်းဆောင်နိုင်သူဖြစ်လို့ ရန်ညှိုးထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ဒေါ်သန္တာမြင့်ရဲ့ အမျိုးသားက အမှတ်(၈)ကားအသင်းမှာ ဂိတ်စောင့် အလုပ်လုပ် ကြောင်း၊ သားကြီးက ဥပဒေပထမနှစ်၊ သမီးလတ်က ဆယ်တန်း၊ သမီးငယ်က လေးတန်းအရွယ်ဖြစ်ပါတယ်။
လခ ပညာရေးစရိတ်တို့ကြောင့် ဆေးကုသစရိတ်အခက်အခဲရှိကြောင်း သိရလို့ မန်း မ.ဘ.သ နှင့် အမရပုရ မ.ဘ.သ ကရော မန္တလေးကာယကံမေတ္တာအဖွဲ့ကပါ ဝိုင်းဝန်းထောက်ပံ့နေကြပါတယ်။
ဆက်သွယ်ရန်
ဦးစန္ဒာဝရ-ရွှေဘုံသာတိုက်ဟောင်း၊ အမရပုရ-09.43155144
ဦးနိုင်ထွန်း-09.259111063
https://www.facebook.com/wirathumsy1/posts/379750418838926