သတင်း

ငြိမ်းချမ်းရေးကွန်ယက် သဘောထားကြေညာချက်

လက်ရှိရခိုင်ပြည်နယ်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် မြိုတိုင်းရင်းသားအပြစ်မဲ့ပြည်သူများ အိုးအိမ်စွန့်ခွါ မှုများကို မြင်တွေနေရသောကြောင့် ၆ရက်၅လ ၂၀၁၃နေ့မှယနေ့ထိ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဟန်းသံဃာတွေများနှင့် လက်တွဲလုပ်ဆောင်နေသော် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် လူသားဝါဒီကွန်ယက်မှ များစွာစိတ်မကောင်းဖြစ်မိပါသည်။
အသတ်ခံရသူများ၏ မိသားစုဝင်များကို မိမိတို့ကွန်ယက်မှ အားပေးနှစ်သိမ့်ကိုယ်ချင်းစားတရားဖြင့် ပြုအပ်ပါသည်။ ယခုကဲ့သို့လူသားအချင်းချင်း မုန်းတီးသတ်ဖြတ်မှုများ ပြူလုပ်နေသော အကြမ်းဖက်သမားများကို လုံးဝ(လုံးဝ) ဆန့်ကျင် ကန့်ကွက်ပါသည်။
ကျွန်ုပ်တို့ကွန်ယက်သည် ငြိမ်ချမ်းရေးကွန်ယက် ဖြစ်သည်နှင့်အညီ လူသားတိုင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး နိုင်ငံတစ်နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုဓလေ့ထုံးစံများကို နားလည်ပြီး အချုပ်အခြာအာဏာ မထိပါးဘဲ လုံခြုံစိတ်ချစွာ နေထိုင်ရေးအခြေခံမူများကို ထောက်ခံပါသည်။
မည့်သည့်အကြမ်းဖက် အစွန်းရောက်များကိုမျှ မထောက်ခံပါ။
လူသားအချင်းချင်သတ်ဖြတ်နေခြင်းကို ချင်ချင်းရပ်တန့်ပြီး တရားဥပဒေစိုးမိုးမှုကို ထိရောက်စွာလုပ်နိုင်သော မြန်မာ့တပ်မတော်ကြီးကို အထူးအားကိုးပါသည်။
၎င်းဒေသကို တပ်မတော်ကြီးမှသာ ထိရောက်စွာ တရားဥပဒေစိုးမိုးမှုရှိလာအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။
ယခင် တပ်မတော်အစိုးရလက်ထက်ကာလတွင် ယခုကဲ့သို မင်းမဲ့စရိုက်သတ်ဖြတ်မှုမျိုး မကြားသိခဲ့ရပါ။
သို့ပါ၍ ဖြစ်နိုင်လျှင် ဤဒေသအား တပ်မတော်အုပ်ချုပ်ရေးလက်အောက်တွင် ထားရှိသင့်ပါကြောင်း။ တရားဥပဒေစိုမိုးရေး ပြည်သူများနိုင်ငံသားတိုင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ လုံခြုံစိတ်ချမ်းမြေ့စွာ နေထိုင်ရေးတို့ အတွက်အပြုသဘောဆောင်အကြံပြုအပ်ပါသည်။

ဒိုင်းမွန်းရွှေကြည်
(ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်)