သတင်း


“အသင်လူသားသတိထား”

လောကလူ့ ဘုံ

ခဏကြုံခိုက်

အဆိုးအကောင်း

ဒုက္ခပေါင်းကို

ခံစားတွေ့ ကြုံ

အမြဲဆုံသော်

ဆင်ခြင်ပိုင်းခြား

မပြုငြား၍

ကံကြမ္မာဆိုး

လက်ညှိုးထိုးကာ

ဘာသိဘာသာ

နေတုံပါမူ

လူဖြစ်သင့်မှာ

ရှုံးလိမ့်သာတည်း။

ရတုန်းဘဝ

တစ်ခဏတွင်

လောကဓံမျိုး

ရင်ဆိုင်တိုးလျက်

အတ္တပရ

ဟိတနှစ်မျိုး

ထိုအကျိုးကို

သယ်ဆောင်ပိုးကာ

စိတ်ဓာတ်မြင့်မား

နှလုံးသားဖြင့်

ကုသိုလ်ဓမ္မ

ပွားများကြ၍

အကုသိုလ်များ

ပယ်ရှောင်ရှားသော်

လူဖြစ်သင့်မှာ

မြတ်လိမ့်သာတည်း။

ကေသရာဇာ(၄၀မြေ)

“ပြိုင်ပွဲဝင်ကဗျာများ (၁၉)”

“အသင်လူသားသတိထား”

လောကလူ့ဘုံ
ခဏကြုံခိုက်
အဆိုးအကောင်း
ဒုက္ခပေါင်းကို
ခံစားတွေ့ကြုံ
အမြဲဆုံသော်
ဆင်ခြင်ပိုင်းခြား
မပြုငြား၍
ကံကြမ္မာဆိုး
လက်ညှိုးထိုးကာ
ဘာသိဘာသာ
နေတုံပါမူ
လူဖြစ်သင့်မှာ
ရံှုးလိမ့်သာတည်း။

ရတုန်းဘဝ
တစ်ခဏတွင်
လောကဓံမျိုး
ရင်ဆိုင်တိုးလျက်
အတ္တပရ
ဟိတနှစ်မျိုး
ထိုအကျိုးကို
သယ်ဆောင်ပိုးကာ
စိတ်ဓာတ်မြင့်မား
နှလုံးသားဖြင့်
ကုသိုလ်ဓမ္မ
ပွားများကြ၍
အကုသိုလ်များ
ပယ်ရှောင်ရှားသော်
လူဖြစ်သင့်မှာ
မြတ်လိမ့်သာတည်း။

ကေသရာဇာ(၄၀မြေ)