သတင္း

ၿမိတ္ခရီးစဥ္ – ၃

11.2.2018 ရက္ေန႔ ည ၈း၃၀ နာရီ တနသၤာရီတုိင္း ၿမိတ္ၿမဳိ႕ ေအာင္မဂၤလာပရိယတၱိစာသင္တုိက္ ဓမၼဗိမာန္မွာ မ်ဳိးခ်စ္မ်ားႏွင့္ေတြ႕ဆုံပါတယ္။ ရွင္မေတာင္ဆရာေတာ္ႀကီးက ၾသဝါဒေပးပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ ပရိသတ္ထဲက ေမးလုိသူမ်ား တစ္ဦးၿပီးတစ္ဦး ေမးျမန္းၾကပါတယ္။

သံဃာေတြ အမ်ဳိးသားေတြ အမ်ဳိးသမီးေတြ ေမးသမွ်ကုိ ရွင္မေတာင္ဆရာေတာ္ႀကီးရယ္ စာေရးသူရယ္ ဘူးလတ္ဦးလွေဆြႀကီးရယ္ ေျဖဆုိၾကပါတယ္။ ရွင္မေတာင္ဆရာေတာ္ႀကီးႏွင့္ စာေရးသူက ဒုိင္ခံေျဖဆုိၿပီး ဘူးလတ္ဦးလွေဆြႀကီးကေတာ့ သတင္းႏွင့္ပတ္သက္တာ ပါတီႏွင့္ပတ္သက္တာေတြေလာက္ပဲ ေျဖဆုိပါတယ္။

ည ၁၀း၀၀ နာရီေက်ာ္မွ ၿပီးပါတယ္။ ၿမိတ္သူၿမိတ္သားေတြ အမ်ဳိးသားေရး ေသြးမေအးမွန္း အေတာ္သိသာပါတယ္။ ေမးခြန္းေတြအမ်ားႀကီးက်န္ေသးတယ္လုိ႔လည္း ေလွ်ာက္ထားသူေတြရွိပါတယ္။ အခန္းအနားၿပီးဆုံးသြားေပမယ့္ ေမးခ်င္တာေတြ က်န္ေသးတဲ့အေၾကာင္း ေလွ်ာက္ထားၾကပါတယ္။

ၿမိတ္ခရီးစဥ္ကေတာ့ ဒီညအေမးအေျဖက႑နဲ႔တင္ လာရက်ဳိးနပ္သြားပါၿပီ။ ေမးေျဖေနတာေတြကုိ တုိက္ရုိက္လႊင့္တဲ့အေကာင့္ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ အဲဒီ Live လႊင့္တဲ့အေကာင့္မ်ားမွတစ္ဆင့္ တနသၤာရီျပည္သူမ်ား သတင္းအခ်က္အလက္မ်ား သိျမင္သြားလုိ႔ပါပဲ။

 

“မြိတ်ခရီးစဉ် – ၃”

11.2.2018 ရက်နေ့ ည ၈း၃၀ နာရီ တနင်္သာရီတိုင်း မြိတ်မြို့ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဓမ္မဗိမာန်မှာ မျိုးချစ်များနှင့်တွေ့ဆုံပါတယ်။ ရှင်မတောင်ဆရာတော်ကြီးက သြဝါဒပေးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပရိသတ်ထဲက မေးလိုသူများ တစ်ဦးပြီးတစ်ဦး မေးမြန်းကြပါတယ်။

သံဃာတွေ အမျိုးသားတွေ အမျိုးသမီးတွေ မေးသမျှကို ရှင်မတောင်ဆရာတော်ကြီးရယ် စာရေးသူရယ် ဘူးလတ်ဦးလှဆွေကြီးရယ် ဖြေဆိုကြပါတယ်။ ရှင်မတောင်ဆရာတော်ကြီးနှင့် စာရေးသူက ဒိုင်ခံဖြေဆိုပြီး ဘူးလတ်ဦးလှဆွေကြီးကတော့ သတင်းနှင့်ပတ်သက်တာ ပါတီနှင့်ပတ်သက်တာတွေလောက်ပဲ ဖြေဆိုပါတယ်။

ည ၁၀း၀၀ နာရီကျော်မှ ပြီးပါတယ်။ မြိတ်သူမြိတ်သားတွေ အမျိုးသားရေး သွေးမအေးမှန်း အတော်သိသာပါတယ်။ မေးခွန်းတွေအများကြီးကျန်သေးတယ်လို့လည်း လျှောက်ထားသူတွေရှိပါတယ်။ အခန်းအနားပြီးဆုံးသွားပေမယ့် မေးချင်တာတွေ ကျန်သေးတဲ့အကြောင်း လျှောက်ထားကြပါတယ်။

မြိတ်ခရီးစဉ်ကတော့ ဒီညအမေးအဖြေကဏ္ဍနဲ့တင် လာရကျိုးနပ်သွားပါပြီ။ မေးဖြေနေတာတွေကို တိုက်ရိုက်လွှင့်တဲ့အကောင့်တော်တော်များများ ရှိပါတယ်။ အဲဒီ Live လွှင့်တဲ့အကောင့်များမှတစ်ဆင့် တနင်္သာရီပြည်သူများ သတင်းအချက်အလက်များ သိမြင်သွားလို့ပါပဲ။