သတင္း

ၿမိတ္ခရီးစဥ္ – ၅

11.2.2018 ရက္ေန႔ ညေနေစာင္းမွာ ၿမိတ္ မဘသ ညီေတာ္ ေနာင္ေတာ္မ်ားႏွင့္အတူ ၿမိတ္ၿမဳိ႕အတြင္း ဘုရားဖူး သြားၾကပါတယ္။ မေရာက္ဖူးေသးတဲ့ ကမၻာလုံးေစတီေတာ္သုိ႔လည္း ေရာက္ရွိပါတယ္။ သီရိလကၤာျပန္ဆရာေတာ္ေလးတစ္ပါးက သီရိလကၤာႏုိင္ငံယဥ္ေက်းမႈအတုိင္း သာသနာ့အလံလႊင့္ထူထားတာ ေတြ႕ရပါတယ္။

ေက်ာင္းတုိက္အသစ္ျဖစ္ေသာ္လည္း ဘုရားဖူးမ်ားႏွင့္ စည္ကားေနတာ ေတြ႕ရပါတယ္။ တရားပြဲက်င္းပေနတာလည္း ေတြ႕ရပါတယ္။ စာေရးသူတုိ႔သြားတဲ့ေန႔ ေဟာၾကားမည့္ဆရာေတာ္ကေတာ့ ရန္ကုန္မွ ဆရာေတာ္ဦးဂုဏိႏၵျဖစ္ပါတယ္။ ဆရာေတာ္ဦးဂုဏိႏၵႏွင့္လည္း ေတြ႕ခဲ့ပါတယ္။

ဆရာေတာ္ဦးဂုဏိႏၵက စာေရးသူကုိ အားေပးစကားေျပာပါတယ္။ လူဆုိးမဟုတ္ပါဘူး၊ အမုန္းခံကာကြယ္ေနတဲ့သူပါလုိ႔ ႏွစ္သိမ့္အားေပးတာပါ။ အဲ့ဒီေနာက္ ၿမိတ္ၿမဳိ႕ ေရႊတိဂုံဘုရားသုိ႔လည္း ေရာက္ပါတယ္။ ေနာင္ေတာ္ႀကီး ဦးစေႏၵာဘာသေက်ာင္းထုိင္တဲ့ ေက်ာင္းဝန္းႀကီးထဲက ေစတီႀကီးျဖစ္ပါတယ္။

ရွင္မေတာင္ဆရာေတာ္ႀကီးလည္း ပါပါတယ္။ ဆရာေတာ္ႀကီးကေတာ့ သက္ေတာ္(၇၀)ေက်ာ္ၿပီျဖစ္ေပမဲ့ မေမာႏုိင္ မပမ္းႏုိင္ အမ်ဳိးသားေရးတရားေတြ ေဟာေနဆဲ အမ်ဳိးသားေရး အဆုံးအမေတြ ေပးေနဆဲ အမ်ဳိးသားေရး စာေပေတြ ေရးေနဆဲ အမ်ဳိးသားေရး အုိင္ဒီယာေတြ ေတြးႀကံေနဆဲ ျဖစ္ပါတယ္။ ေဘာလုံးစကားနဲ႔ေျပာရင္ လူငယ္ေျခတက္ထက္သာတဲ့ လူႀကီးေျခတက္ႀကီးေပါ့ဗ်ာ။

 

“မြိတ်ခရီးစဉ် – ၅”

11.2.2018 ရက်နေ့ ညနေစောင်းမှာ မြိတ် မဘသ ညီတော် နောင်တော်များနှင့်အတူ မြိတ်မြို့အတွင်း ဘုရားဖူး သွားကြပါတယ်။
မရောက်ဖူးသေးတဲ့ ကမ္ဘာလုံးစေတီတော်သို့လည်း ရောက်ရှိပါတယ်။ သီရိလင်္ကာပြန်ဆရာတော်လေးတစ်ပါးက သီရိလင်္ကာနိုင်ငံယဉ်ကျေးမှုအတိုင်း သာသနာ့အလံလွှင့်ထူထားတာ တွေ့ရပါတယ်။

ကျောင်းတိုက်အသစ်ဖြစ်သော်လည်း ဘုရားဖူးများနှင့် စည်ကားနေတာ တွေ့ရပါတယ်။ တရားပွဲကျင်းပနေတာလည်း တွေ့ရပါတယ်။ စာရေးသူတို့သွားတဲ့နေ့ ဟောကြားမည့်ဆရာတော်ကတော့ ရန်ကုန်မှ ဆရာတော်ဦးဂုဏိန္ဒဖြစ်ပါတယ်။ ဆရာတော်ဦးဂုဏိန္ဒနှင့်လည်း တွေ့ခဲ့ပါတယ်။

ဆရာတော်ဦးဂုဏိန္ဒက စာရေးသူကို အားပေးစကားပြောပါတယ်။ လူဆိုးမဟုတ်ပါဘူး၊ အမုန်းခံကာကွယ်နေတဲ့သူပါလို့ နှစ်သိမ့်အားပေးတာပါ။ အဲ့ဒီနောက် မြိတ်မြို့ ရွှေတိဂုံဘုရားသို့လည်း ရောက်ပါတယ်။ နောင်တော်ကြီး ဦးစန္ဒောဘာသကျောင်းထိုင်တဲ့ ကျောင်းဝန်းကြီးထဲက စေတီကြီးဖြစ်ပါတယ်။

ရှင်မတောင်ဆရာတော်ကြီးလည်း ပါပါတယ်။ ဆရာတော်ကြီးကတော့ သက်တော်(၇၀)ကျော်ပြီဖြစ်ပေမဲ့ မမောနိုင် မပမ်းနိုင် အမျိုးသားရေးတရားတွေ ဟောနေဆဲ အမျိုးသားရေး အဆုံးအမတွေ ပေးနေဆဲ အမျိုးသားရေး စာပေတွေ ရေးနေဆဲ အမျိုးသားရေး အိုင်ဒီယာတွေ တွေးကြံနေဆဲ ဖြစ်ပါတယ်။ ဘောလုံးစကားနဲ့ပြောရင် လူငယ်ခြေတက်ထက်သာတဲ့ လူကြီးခြေတက်ကြီးပေါ့ဗျာ။