သတင်း

နိုင်ငံရေးနိယာမ (၁)

ဟို တစ်ချိန်က သူမဟာ

ဟိုတစ်ချိန်က သူမဟာ

ဝီရသူ(မစိုးရိမ်)
4.10.2019
PM-9:51

“နိုင်ငံရေးနိယာမ (၁)”

ဟို တစ်ချိန်က သူမဟာ
နိုင်ငံတကာကပေးတဲ့ ဆုတံဆိပ်တွေနဲ့
ဝင့်ကြွား စွင့်ကားလို့ နေခဲ့ပေါ့။
အခုတော့ ဆုတံဆိပ်တွေ တစ်ခုချင်း
ပြန်ရုပ်သိမ်းခံနေရတာ ဘာကြောင့်ပါလဲ။

ဟိုတစ်ချိန်က သူမဟာ
ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ
ခေါင်းမော့ ရင်ကော့ရင်း
ဝင့်ထယ် တင့်တယ်လို့ နေခဲ့ပေါ့။
အခုတော့ UN အစည်းအဝေး မတက်ရဲလောက်အောင်
မျက်နှာမပြဝံ့တာဟာ ဘာကြောင့်လဲ။

ဝီရသူ(မစိုးရိမ်)
4.10.2019
PM-9:51