သတင်း

နိုင်​ငံ​ရေးဘုန်းကြီး​တွေလိုများ ​အောက်​​မေ့​နေသလား မသိပါဘူး

နိုင်​ငံ​ရေးဘုန်းကြီး​တွေသာ ချဲဒိုင်​ခံသူ။
ဘောလုံးပွဲ အကြီးအကျယ်​​လောင်းသူ။
အရက်​​သောက်​ မိန်းမ​ပွေ
ငွေ​ကြေးရှုပ်​နဲ့
စုံ​နေတာပါပဲ။

ကျောင်းလာကြည့်​​လိုက်​​လေ။
သိဒ္ဓတ္ထ​လောက်​မဖြူစင်​​ပေမယ့်
နိုင်​ငံ​ရေးဘုန်းကြီး​တွေထက်​ အပုံကြီးသာတယ်​ဆိုတာ​တွေ့ရလိမ့်​မယ်​။

အစိုးရကလွှတ်​ပြီး​စောင့်​ကြည့်​ခိုင်းထားလို့ အမြဲ​စောင့်​ကြည့်​​နေသူ​တွေလည်းရှိပါ့။
ကိုယ်​တိုင်​လာ စုံစမ်းမယ်​ဆိုရင်​လည်း
ထမင်း​ကျွေးထား​ပေးမယ်​ဗျ။

တစ်​ရက်​ ၂၄နာရီ လာ​စောင့်​ကြည့်​ပါခမျ။

အဲလိုမှ မဟုတ်​ရင်
ယောက်ျားမစစ်​သူ​တွေလို့ပဲ
သတ်​မှတ်​လိုက်​မယ်​ခမျ။

ဝီရသူ (မစိုးရိမ်​)
12.8.2017
am 7:29

………………….

#ဝီရသူကိုZarniHteikဒေတာနှင့်ချပြလိုက်ပြီပွဲကြီးပွဲကောင်းပါပဲ….

ဘာသာ သာသနာအတွက် ဒါတာနဲ့
မေးခွန်းတစ်ခုတော့ မေးပါရစေ ဦးဝီရသူ …

မနေ့က ဦးဝီရသူရဲ့ သတင်းတွေ ကြားတော့
အတော် အံ့သြသွားမိတယ်။ ဒီသတင်းကို
ဘယ်လောက် မှန်မမှန် အတိအကျ မသိသေးတာက
တစ်ကြောင်း ပုဂ္ဂိုလ်ရေးတွေ ပါနေတာက တစ်ကြောင်း ဝင်မငံပဲ ဦးဝီရသူ ဆီက ဘယ်လို
ဖြေရှင်းလာမလဲ စောင့်ကြည့်နေမိတယ်။

ထင်တဲ့အတိုင်း ဦးဝီရသူဆီက ပြန်စာတက်လာတယ်။ ဒီစာကို တွေ့တော့မှ
ပိုအံ့သြသွားမိတယ်။ ဟုတ်တယ်လေ
တဖက်က စွပ်စွဲတယ်ပဲပြောပြော တိုက်ခိုက်တယ်ပဲ
ဆိုဆို သူတို့က အချက်အလက် ဓါတ်ပုံအထောက်အထားနဲ့ကို အမည်တပ်ပြီး
ရေးနေချိန်မှာ ဒေါသသမားကို မေတ္တာနဲ့
အနိုင်ယူမယ်ဆိုတဲ့ စကားနဲ့ ငြင်းတာလည်းမဟုတ်
မငြင်းတာလည်း မဟုတ်တဲ့ ရောချပြီး ဖြေရှင်းပုံမျိုးကတော့ သိပ်မဟုတ်ဘူး။

ဦးဝီရသူဟာ မေတ္တာရှေ့ထားပြီး ဖြေရှင်းတတ်တဲ့ ကိုယ်တော် မဟုတ်ဘူးဆိုတာတော့
သူ့လုပ်ရပ်တွေကို သတိထားမိနေတဲ့
ကိုယ်လိုလူတွေက အသိဆုံးပါပဲ။ ခုစွပ်စွဲထားတဲ့
ကိစ္စက သာမန်လူပုဂ္ဂိုလ်ဆိုရင် ကိုယ်တွေ
မသိချင်ယောင် ဆောင်နေလို့ ရပေမယ့်
ကာယကံရှင်က ရဟန်းတပါးဖြစ်နေတဲ့ ဦးဝီရသူ
ဖြစ်နေတော့ သာသနာအတွက်ရော တဖက်က အမျိုးသမီးအတွက်ပါ ဒီကိစ္စ ဘယ်သူ မှားတယ် မှန်တယ်ဆိုတာ အမှန်အတိုင်း အားလုံးသိအောင်
ဖြေရှင်းပေးသင့်တယ်။

ဦးဝီရသူက မဖြေရှင်းတဲ့အပြင် ဒါတာနဲ့မှ
လာခဲ့ပါဆိုတော့ ကိုယ်တိုင်ပဲ ညကမန္တလေးက လူတွေဆီ သဲလွန်စကိုင်ပြီး လိုက်စုံစမ်းတာ
ညဥ့်အတော်နက်မှ ကံကောင်းစွာနဲ့
အဲဒီ့အမျိုးသမီးရဲ့ ယောင်္ကျားဖြစ်သူရဲ့ မိတ်ဆွေနဲ့
သွားဆုံမိပြီး အတော်လေး သိခွင့်ရခဲ့တယ်။
ဒါကြောင့် ဒါတာနဲ့ပဲ မေးပါတော့မယ်။

အဲဒီ့အမျိုးသမီးအမည်ကတော့ ချောစုဝင်းတဲ့။
သူ့ရဲ့ ယောင်္ကျားအမည်က လွှမ်းမိုးကျော်။
လက်ရှိ အိုးဘိုထောင်မှာ ထောင်တစ်သက် လွတ်ရက်မရှိ ကျခံနေရတဲ့သူ၊ တလောကပဲ အထဲမှာ တန်းစီးကို ရိုက်မှုနဲ့ သာယာဝတီရောက်ပြီး
မန္တလေးကို ပိုက်ဆံပေး ပြန်ခေါ်လာရတဲ့ သူ၊
လက်ရှိရင်ဆိုင်နေဆဲ အမှုတွေကလည်း များကြီး ကျန်ပါသေးတယ်။

ဒီအမျိုးသမီးက အစက မန္တလေး ၄၂ လမ်း ဂုန်းဆင်းမှာ ငါးကင်နဲ့ မာလာဟင်း ရောင်းတယ်
နောက်တော့ ဦးဝီရသူက ဈေးမရောင်းခိုင်းတော့ပဲ ချောစုဝင်းနဲ့ ကလေးနှစ်ယောက်ကို ကျောင်းမှာ
ခေါ်ထားတယ်။ ချောစုဝင်းရဲ့ ကလေးနှစ်ယောက်ကို မဟာမြတ်မုနိ ဘုရားကြီးနားက Private ကျောင်းမှာ
ထားပေးတယ်။

ခု မန္တလေးသပိတ်မှာ ပုဒ်မ ၅၀၅ ခ နဲ့ ဝရမ်းထုတ်ခံရသူတွေထဲမှာ ချောစုဝင်းလည်း ပါနေတယ်။ ခု ချောစုဝင်းက ရှောင်နေပေမဲ့
သူ့ကလေးနှစ်ယောက်က ဦးဝီရသူ ကျောင်းမှာ
ကျန်နေခဲ့တယ်။

ကျတော်စုံစမ်းလို့ ရလာတာ ဒီလောက်ပါပဲ။
ခုရေးထားတဲ့ ဒါတာ မမှန်ရင် ကြိုက်သလို
ကျတော့အပေါ် တုန့်ပြန်လို့ ရပါတယ်။
ဒီတော့ တဖက်က စွပ်စွဲမှုတွေ မှန်မမှန်ဆိုတာကို
မထောက်ခံလိုပေမယ့် ဦးဝီရသူအနေနဲ့
လင်ယောင်္ကျား မရှိချိန်မှာ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းစားနေတဲ့
အမျိုးသမီး တစ်ယောက်ကို ဘာလို့ဈေးမရောင်းခိုင်းပဲ ကျောင်းမှာ ခေါ်ထားလဲ
ဆိုတဲ့အချက်ကိုတော့ ကျတော်အပါအဝင်
အများပြည်သူ ယုံမှားသံသယ ကင်းစေရန်
ပြန်လည်ဖြေရှင်းပေးပါလို့ ဒါတာနဲ့ပဲ တောင်းဆိုလိုက်ပါတယ်။
အများကြီး မရှင်းခိုင်းပါဘူး။ ဦးဝီရသူဟာ ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်နေတဲ့အတွက် သာသနာတော်ကိုပါ ယခုစွပ်စွဲမှုတွေက ထိခိုက်လာနိုင်တဲ့အတွက် ဒီတစ်ချက်ထဲကိုပဲ အများကျေနပ်အောင် ဖြေရှင်းပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

ကျန်းမာစွာဖြင့် အများကျေနပ်စေမယ့် အဖြေမျိုး
အမြန်ဆုံး ဖြေရှင်းပေးနိုင်ပါစေ ဦးဝီရသူ

ZN.H

ထပ်ဆင့် ဖြန့်ဝေပေးပါသည်။
ဪခေတ်သနပ်ပင်