သတင်းအင်တာဗျူး
ဝီရသူ(မစိုးရိမ်)
11.3.2018
PM 9:26
ဗွီဒီယိုဖိုင်ကြည့်ရှုရန်
10.3.2018 BBC~1
“BBC အင်တာဗျူးအပြည့်အစုံ”
မနေ့က (10.3.2018) ရက်နေ့က ဖုန်းအင်တာဗျူးလေးပါ။ အသံဖမ်းထားတာလေး အပြည့်အစုံ ပြန်တင်ပေးတာပါ။ ကျေးဇူးတင်တာနဲ့ ထောက်ခံတာ မတူပါဘူးနော်။ ဗမာစကားကို ကွဲကွဲပြားပြား မခွဲခြားတတ်တဲ့ ငနဲသားတွေကတော့ ငရဲလားကြောင်းပဲ အမြဲရှာကြံနေကြတာပါ။
ထောက်ခံတယ်ဆိုတာ လူသတ်မှုကို အားပေးတာပါ။ ကျေးဇူးတင်တယ်ဆိုတာ မိမိအန္တရာယ် အကာအကွယ် ပေးသူရဲ့ ကျေးဇူးတရားကို သိတာပါ။ ထောက်ခံတယ်ဆိုတာ လူသတ်မှုနဲ့ပဲဆိုင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာ ကျေးဇူးတရားနဲ့ပဲ ဆိုင်ပါတယ်။
ပဋ္ဌာန်းဒေသနာအရ ကျေးဇူးမတင်ထိုက်တဲ့သတ္တဝါမည်သည် မရှိပါဘူး။ ဒေဝဒတ်သည်ပင် ဘုရားလောင်း၏ ပါရမီဖြည့်ဖက် မိတ်ဆွေ အစစ်ကြီး ကျေးဇူးရှင်အစစ်ကြီး ဖြစ်ပါတယ်။ ၎င်းကို ပဋိနာယက(လူကြမ်းခေါင်းဆောင်) လို့ခေါ်ပါတယ်။
လူကြမ်းရှိမှ လူကြမ်းသရုပ်ဆောင်ပီပြင်မှ မင်းသားဆိုတာ ရှိတာပါ။
မင်းသားကို ပရိသတ်က ပိုချစ်ကြတာပါ။ ဒါကြောင့် လူကြမ်းကြီးကလည်း မင်းသားအတွက် ကျေးဇူးရှင်ပါပဲ။ ဒါကိုရည်ရွယ်တာပါနော်။ ကျေးဇူးတင်ပါတယ်ဗျာ။
ဝီရသူ(မစိုးရိမ်)
11.3.2018
PM 9:26