Uncategorizedေဆာင္းပါး

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၂၂)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၂၂)
“သမဂၢ စိတ္ထား”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္အထူးလက္ေဆာင္)

သမဂၢ ဟူေသာစကားကို လူတုိင္းာၾကားဖူးၾကေပမည္။ ညီညြတ္ျခင္းဟု အဓိပၸါယ္ရ၏။ ကိုယ္အားျဖင့္ ညီညြတ္ျခင္း၊ စိတ္အားျဖင့္ ညီညြတ္ျခင္း၊ ကိုယ္စိတ္ႏွစ္ပါးစံုအားျဖင့္ ညီညြတ္ျခင္းဟူ၍ ရွိရာတြင္ လူစံုတက္စံု အင္အားျပျခင္းကို ကာယသမဂၢ(ကာယသာမဂၢီ)၊ အျမင္တူညီျခင္း(သေဘာထားမကြဲလြဲျခင္း)ကို စိတၱသမဂၢ (စိတၱသာမဂၢီ)၊ ကိုယ္စိတ္ႏွစ္ပါးလံုး ညီညြတ္ျခင္းကို ဥဘယသမဂၢ(ဥဘယသာမဂၢီ)ဟု ေခၚပါသည္။ သမဂၢဆိုသည္မွာ အဖြဲ႔အစည္းကိုဆိုလိုၿပီး သာမဂၢီဆိုသည္မွာ အဖြဲ႔အစည္းမ်ား၏ လုပ္ေဆာင္ခ်က္ကို ဆိုလိုေပသည္။ ဤေနရာ၌ သမဂၢစိတ္(အဖြဲ႔အစည္းစိတ္)ႏွင့္ ပတ္သက္၍ ေျပာလိုစိတ္ရွိေပသည္။

ဗုဒၶဘာသာဝင္ႏွင့္ အျခားဘာသာဝင္ျဖစ္လွ်င္ ဗုဒၶဘာသာဝင္ဘက္မွ ရပ္တည္မည္၊ ဤသို႔ေသာခံယူခ်က္မ်ဳိးသည္ ဘာသာသမဂၢစိတ္ပင္ ျဖစ္ပါသည္။ တုိင္းရင္းသားႏွင့္ ႏိုင္ငံသားျပႆနာျဖစ္လွ်င္ တုိင္းရင္းသားဘက္မွ ရပ္တည္မည္၊ ဤသို႔ေသာခံယူခ်က္မ်ဳိးသည္ လူမ်ဳိးသမဂၢစိတ္ပင္ ျဖစ္ပါသည္။ ႏိုင္ငံသားႏွင့္ ႏိုင္ငံျခားသား ျပႆနာျဖစ္လွ်င္ ႏိုင္ငံသားဘက္မွရပ္တည္မည္၊ ဤသို႔ေသာခံယူခ်က္မ်ဳိးသည္ ႏိုင္ငံသားသမဂၢစိတ္ပင္ ျဖစ္ပါသည္။ သံဃာအခ်င္းခ်င္း ဘုရားသားေတာ္အခ်င္းခ်င္း ရိုင္းပင္းျခင္းသည္ သံဃသမဂၢစိတ္ပင္ ျဖစ္ပါသည္။ စာေရးသူသည္ ဤသို႔ေသာသမဂၢစိတ္မ်ဳိး ထားရွိသူျဖစ္ပါသည္။ စာေရးသူတုိ႔ အမ်ဳိးသားေရးသမားမ်ားတြင္ သမဂၢစိတ္မရွိသူ လြန္စြာနည္းပါးလွေပသည္။ ထုိ႔ေၾကာင့္ အခမ္းအနားမွာျဖစ္ေစ အစည္းအေဝးမွာျဖစ္ေစ ပုဂၢဳိလ္ေရးကို ေရွ႕တန္းမတင္ၾကေပ။ ပုဂၢဳိလ္တစ္ပါးတေလ၏ ေဟာေျပာခ်က္၊ အျပဳအမူတစ္ခုခုေတြ႔ရလွ်င္လည္း စိတ္ဝမ္းကြဲမည္စိုး၍ တုန္႔ျပန္ရင္ဖြင့္ျခင္းမ်ဳိး လံုးဝ မလုပ္ၾကေပ။

စာေရးသူသည္ သမဂၢစိတ္ အၿမဲေမြးပါသည္။ ထို႔ေၾကာင့္ ပုဂၢဳိလ္ေရးရာ မွန္သမွ် သည္းခံေလ့ရွိပါသည္။ မိမိႏွင့္ မိမိအဖြဲ႔အစည္းအေပၚ မည္သုိ႔ပင္ရန္ျပဳေနသူျဖစ္ပါေစ အႏၲရာယ္ေပၚေပါက္လာလွ်င္ ဘုရားသားေတာ္အခ်င္းခ်င္း ရိုင္းပင္းတတ္ပါသည္။ မဘသညီလာခံႀကီး က်င္းပေနခ်ိန္တြင္ အဆိုပါညီလာခံႀကီးပ်က္ျပားေအာင္ သတင္းမီဒီယာအားကိုး၍ လုပ္ေဆာင္ခဲ့ေသာ ဘုန္းႀကီးတစ္ပါး ေပၚေပါက္ခဲ့ဖူးပါသည္။ မီဒီယာမ်ား အႀကဳိက္ေတြ႔ကာ ညီလာခံသတင္းမေရးေတာ့ဘဲ ထိုပုဂၢဳိလ္၏ သတင္းမ်ားကိုသာ မ်က္ႏွာဖံုးတင္၍ ေရးသားၾကေပေတာ့၏။ ပုဂၢဳိလ္တစ္ဦးတစ္ေယာက္၏ ေႏွာင့္ယွက္ဖ်က္ဆီးမႈေၾကာင့္ မဘသညီလာခံသတင္းမ်ား ေမွးမွိန္သြားခဲ့ရေပသည္။ အဆိုပါပုဂၢဳိလ္သည္ ညီလာခံဖိတ္စာမရျခင္း၊ ညီလာခံတက္ခြင့္မရျခင္း၊ ေနရာမရျခင္းတို႔ေၾကာင့္ ပတ္မႀကီးထိုးေဖာက္ဗ်ဴဟာႏွင့္ သဲပက္ဗ်ဴဟာကို က်င့္သံုးသြားခဲ့ျခင္း ျဖစ္ေပသည္။ သူ၏စြပ္စြဲခ်က္မ်ားကို ဆရာေတာ္သံဃာေတာ္မ်ားက သည္းခံႏိုင္ၾကေသာ္လည္း စာေရးသူက သည္းမခံႏိုင္ျဖစ္ကာ ေဖ့စ္ဘုတ္မွတစ္ဆင့္ ျပန္လည္ေခ်ပျခင္းျဖင့္ စာေရးသူႏွင့္ ထိပ္တုိက္ေတြ႔သည့္အဆင့္သုိ႔ ေရာက္ရွိသြားခဲ့ေပသည္။ ေနာင္အခါ ထိုပုဂၢဳိလ္ လူဝတ္လဲကာ ေထာင္ခ်ခံရေလသည္။ ထိုအခါ စာေရးသူက ထိုပုဂၢဳိလ္ဘက္မွ ရပ္တည္ကာ အစုိးရကို ျပန္္လည္ခုခံေပးခဲ့ပါသည္။ ထိုပုဂၢဳိလ္ေက်ာင္းသုိ႔ ဦးစြာသြားကာ ေငြလွဴျခင္း၊ အားေပးစကားေျပာျခင္း၊ ႏွစ္သိမ့္ၾသဝါဒေပးျခင္းမ်ား ျပဳလုပ္ခဲ့ေပသည္။ သံဃာႏွင့္ အစိုးရ ထိပ္တုိက္ေတြ႔လွ်င္ သံဃာဘက္မွ ရပ္တည္မည္ဟူေသာ သမဂၢစိတ္ေၾကာင့္ ျဖစ္ပါသည္။ ယခုအခါ ထိုပုဂၢဳိလ္ႏွင့္ ညီအစ္ကိုအရင္းပမာ လက္တြဲလုပ္ေဆာင္လ်က္ ရွိေပသည္။

စာေရးသူအေပၚမွာေရာ စာေရးသူတုိ႔အဖြဲ႔အစည္းျဖစ္သည့္ မဘသအေပၚမွာပါ လံုးဝ မေကာင္းခဲ့သည့္ ပုဂၢဳိလ္တစ္ပါးလည္း ရွိခဲ့ဖူးေပသည္။ ေဒါက္တာဘြဲ႔ရ ရဟန္းပ်ဳိတစ္ပါးပင္။ စာေရးသူေအာက္ အနည္းငယ္ သိကၡာငယ္ပါသည္။ လူခ်င္းရင္းနီးကၽြမ္းဝင္ခဲ့ၾကေသာ္လည္း ႏိုင္ငံေရးေသြးထိုးလႈံ႔ေဆာ္မႈေၾကာင့္ စာေရးသူအေပၚ အေကာင္းမျမင္ပါ။ သူ၏အေကာင့္တြင္ စာေရးသူမေကာင္းေၾကာင္း အၿမဲတန္း ေရးလ်က္ တင္လ်က္ ရွိေပသည္။ စာေရးသူကို သီတဂူဆရာေတာ္ႀကီးက ေငါက္လႊတ္သည့္ပံုစံမ်ဳိးထိ လုပ္ဇာတ္ခင္း၍ ေရးသားတတ္သလို အစ္ေန႔အမဲသားေဝသည့္အခါ လာေရာက္ယူၾကေသာ လူတန္းႀကီးပံုကိုသံုးလ်က္ “ငါတုိ႔အရိုး စည္းရိုးထိုးသည့္သူေတြ”ဟုဆိုကာ မဘသအဖြဲ႔အစည္းႀကီးကို ထိုးႏွက္တုိက္ခိုက္ခဲ့ေပသည္။ စာ သီတဂူဆရာေတာ္ႀကီးက စာေရးသူအေပၚ ဘယ္လိုအားထားေၾကာင္း အေထာက္အထားႏွင့္ စာေရးသူက ျပန္လည္ေခ်ပကာ သူ၏ပို႔စ္ကို ျပန္ျဖဳတ္ခိုင္းၿပီး ေတာင္းပန္စာ ေရးခုိင္းသည့္အခါ မလိုက္နာဘဲ ေလွ်ာခ်သြားေပသည္။ စာေရးသူႏွင့္ေတြ႔လွ်င္ စာေရးသူေရွ႕မွာ မခုတ္တတ္သည့္ေၾကာင္ကေလးလို ခပ္ကုပ္ကုပ္ေလး ေနထုိင္တတ္ၿပီး ႏိုင္ငံေရးသမားမ်ားႏွင့္ေတြ႔လွ်င္ စာေရးသူမေကာင္းေၾကာင္း အၿမဲေျပာကာ ေဖ့စ္ဘုတ္ေပၚတြင္ စာေရးသူကို အၿမဲတုိက္ခုိက္ေလ့ရွိေပသည္။ စာေရးသူႏွင့္ ဖုန္းေျပာသည့္အခါလည္း ရိုရိုက်ဳိးက်ဳိးပင္။ ထုိ႔ေၾကာင့္ စာေရးသူက စာေရးသူ၏အေကာင့္တြင္ “ဓမၼဝါးတင္းအေျခာက္ႀကီး” ေခါင္းစဥ္ျဖင့္ ျပင္းထန္စြာ တုန္႔ျပန္ခဲ့ရေလသည္။

တစ္ေန႔ေသာအခါ စာေရးသူအား အနီးေနတပည့္ေလးတစ္ပါးက ေလွ်ာက္ထားလာ၏။ ဓမၼဝါးတင္းဆရာေတာ္သတင္းကို မာတုဂါမတစ္ဦးက ေပးပို႔လာေသာ ဆို၏။ ထိုအမ်ဳိးသမီးကိုယ္တုိင္ ဓမၼဝါးတင္းဆရာေတာ္၏ အဓမၼက်င့္ျခင္းကို ခံလုိက္ရေသာ ဟူ၏။ အေထာက္အထားရွိလွ်င္ ပို႔ေပးပါဟု ျပန္လည္ခုိင္းေစလုိက္ရ၏။ အမႈျဖစ္ပြားသည္ကား အမွန္ပင္။ သို႔ေသာ္ တစ္ဖက္သတ္လုပ္လွ်င္လည္း မျပည့္စံုႏိုင္၊ ဓမၼဝါးတင္းဆရာေတာ္ႏွင့္ တုိက္ရုိက္ဆက္သြယ္လွ်င္လည္း မသင့္ေလ်ာ္သျဖင့္ ႏိုင္ငံျခားမွာေနေသာ အမ်ဳိးသမီးႀကီးတစ္ဦးကို အကူအညီေတာင္းလုိက္ရေတာ့၏။ ထိုအမ်ဳိးသမီးႀကီးသည္ ထိုဆရာေတာ္ေလးအား သားတစ္ဦးပမာ ေစာင့္ေရွာက္ေထာက္ပံ့ေနသူျဖစ္ပါသည္။ စာေရးသူႏွင့္လည္း ဆရာဒကာဆက္ဆံေရးရွိသူျဖစ္ပါသည္။ ထိုအမ်ဳိးသမီးႀကီးက ခါးသီးစြာ ျငင္းပါသည္။ စြပ္စြဲသူမကို သိရွိေၾကာင္း တြင္တြင္ေျပာေလသည္။ ထိုေန႔မွာပင္ ဓမၼဝါးတင္းက စာေရးသူထံ ဆက္သြယ္လာပါသည္။ ၎ႏွင့္ ေျပာဆိုတိုင္းလည္း အသံဖမ္းထားပါသည္။ ေစာဒက စုဒိတက (စြပ္စြဲသူႏွင့္ စြပ္စြဲခံရသူ) ႏွစ္ဦးလံုး၏ စကားမ်ားကို နားေထာင္ၿပီးသည့္အခါ အမႈသြားအမႈလာကို တီးေခါက္မိသြားပါသည္။ သို႔ေသာ္ မျပည့္စံုေသးပါ။ ထို႔ေၾကာင့္ ၎တို႔ႏွင့္ စပ္ဆက္သမွ်ထံ စံုစမ္းေလ့လာရပါေတာ့သည္။ ထိုအခါမွသာ လံုးဝဥႆုံ အလံုးစံု ျပည့္စံုသြားေလ၏။

ဓမၼဝါးတင္းဆရာေတာ္က မေလးရွားမွာ ေနသည္။ အမ်ဳိးသမီးကလည္း မေလးရွားမွာပင္။ အိမ္ေထာင္ရွိသည္။ ကေလးႏွစ္ေယာက္ရွိသည္။ ခင္ပြန္းသည္က ျမန္မာစကားမေျပာတတ္သည့္ ျပည္ႀကီးတရုတ္ျဖစ္သည္။ ရံုးပိတ္ရက္မွာသာ မိသားစုႏွင့္ အတူေနရ၏။ က်န္ရက္မ်ားမွာ ဓမၼဝါးတင္းထံမွာပဲ အၿမဲရွိသည္။ မေလးရွားေရာက္ ေရႊျမန္မာမ်ားက ေက်ာင္းအိပ္ေက်ာင္းစား ထိုသားအမိကို သေဘာမက်ၾက။ ဘုန္းႀကီးကိုေလွ်ာက္ထားေသာ္လည္း မရ။ မာတုဂါမကို ေျပာဆို၍လည္း မရ။ ဤသို႔ျဖင့္ အၾကင္လင္မယားအဆင့္သို႔ ေရာက္ရွိၾကေလသည္။ တိတ္ပုန္း ႀကိတ္လံုး လင္မယားတည္း။

ဓမၼဝါးတင္း ရန္ကုန္ျပန္လာသည္။ ေက်ာင္းေတြေထာင္၊ သင္တန္းေတြဖြင့္သည္။ သူတို႔ခ်င္း အဆက္အသြယ္ရွိၾကသည္။ ႏွစ္အတန္ၾကာသည့္အခါ ဓမၼဝါးတင္းက အျခားတစ္ဦးႏွင့္ ေျပာင္းတြဲသည္။ မေလးရွားသူ သိသြားသည္။ ျဖတ္ခိုင္းေသာ္လည္း မရ။ မေလးရွားသူက ဓမၼဝါးတင္းႏွင့္ လက္ထပ္ၾကဖုိ႔အထိ အားခဲထားသည္။ တရုတ္ႀကီး ျပည္ေတာ္ျပန္သြားလွ်င္ ကေလးႏွင့္ စည္းစိမ္ က်န္ခဲ့မည္။ ထိုအခါ ဓမၼဝါးတင္းႏွင့္အတူ ေနမည္။ ဤမွ်ထိ စိတ္ကူးယဥ္ထားသည္။ ယခုကား အိပ္မက္ေတြ ပ်က္ျပယ္သြားခဲ့ၿပီ။ အိမ္မွာအတူေနခဲ့ျခင္းမဟုတ္သျဖင့္လည္း အေထာက္အထားမရွိ။ ထိုအခါ မာယာသံုးရသည္။ ရန္ကုန္ျပန္လာသည္။ တည္းခိုခန္းမွာသာ ေနသည္။ သူ႔ေမာင္ေတာ္ကို လွမ္းေခၚသည္။ စားေနက်ေၾကာင္ဖားက တစ္ကိုယ္တည္းလာသည္။ အခန္းထဲမွာ ဧေကာ ဧကာယ (ႏွစ္ကိုယ္တည္း)ေနသည္။ ႏွမေတာ္က အလိမၼာသံုးသည္။ ေမာင္ေတာ္က အဟုတ္ထင္ၿပီး တကယ္လုပ္သည္။ ေမာင္ေတာ္ေရခ်ဳိးေနစဥ္ သကၤန္းမ်ားယူကာ ထြက္ေျပးသြားပါေတာ့သည္။ ဥေဒါင္းမင္း ေက်ာ့ကြင္းမိသြားေတာ့၏။ ဝတ္စရာ ဘာမွ်မရွိေတာ့သျဖင့္ ေမြ႔ရာေပၚမွ ေစာင္အျဖဴႀကီးကို သကၤန္းလိုရံုကာ ထြက္ေျပးခဲ့ရေလေတာ့၏။ ထိုအခါမွ ကာမဂုဏ္ ခ်ဳိၿမိန္မွန္း သိသြားပံုရေလသည္။ ထိုေန႔မွာပင္ ဓမၼဝါးတင္းက သံဃနာယကရံုး လာရ၏။ မာတုဂါမက အသင့္ေရာက္ေနေလသည္။ အေထာက္အထားအားလံုး ခုိင္လံုေန၍ သံဃနာယကက ဆရာေတာ္မ်ားေရွ႕ေမွာက္မွာ လူဝတ္လဲခဲ့ရေတာ့၏။ မာတုဂါမေက်နပ္သြားသည္။ မေလးရွားျပန္သြားသည္။ ႏွစ္အတန္ၾကာသည့္အခါ ဓမၼဝါးတင္း သင္တန္းပို႔ခ်ေနသည့္ သတင္းမ်ား ျပန္လည္ေတြ႔ရွိရသည္။ လူထြက္ဖို႔ (လူထြက္ၿပီး သူမကိုယူဖို႔) အႀကိမ္ႀကိမ္ေျပာေသာ္လည္း မရသျဖင့္ တရားစြဲဖုိ႔ ျပင္ဆင္ရသည္အထိ ေရာက္ရွိခဲ့ျခင္း ျဖစ္ေပသည္။

စာေရးသူႏွင့္ ဓမၼဝါးတင္းဆက္ဆံေရးအေနအထားကို သိရွိသြားသျဖင့္ စာေရးသူထံ အကူအညီေတာင္းျခင္း ျဖစ္ေပမည္။ ႏိုင္ငံေရးဘုန္းႀကီးဆိုလွ်င္ ဤျပႆနာသည္ ဧရာမအကြက္ႀကီး ျဖစ္သြားေပလိမ့္မည္။ ဘုရားမ်က္ႏွာမွ်မေထာက္ အားရဝမ္းသာ ဖြၾက ဆြၾကေပလိမ့္မည္။ စာေရးသူမွာကား သမဂၢစိတ္အျပည့္အဝရွိသျဖင့္ ရံုးေရာက္ဂတ္ေရာက္ အျဖစ္မခံေပ။ ေမာင္ေတာ္ ႏွမေတာ္ ျပန္ညႇိခုိင္း၏။ လံုးဝ မညႇိႏႈိင္းၾက။ ႏွမေတာ္က ဆိုလာသည္မွာ “အႏိုင္က်င့္ခံရသည္ကို စိတ္မဆိုးေၾကာင္း၊ သူ႔ကို ေထာင္လဲမခ်ခ်င္ေၾကာင္း၊ လူထြက္လွ်င္ ေက်နပ္ၿပီျဖစ္ေၾကာင္း၊ ဒီလိုပဲဆက္ေနေနလွ်င္ ေထရဝါဒသာသနာ မသန္႔ရွင္းႏိုင္ေၾကာင္း”ပင္။ တစ္ဖက္သတ္နားေထာင္လွ်င္ကား ေလးစားဖြယ္၊ ကရုဏာသက္ဖြယ္ စကားမ်ားပင္တည္း။

ဤအမႈလုိင္းေပၚတက္မွာ ေၾကာက္ပါသည္။ အမဲအႀကဳိက္၊ အရဲအႀကဳိက္ ျဖစ္သြားေပေတာ့မည္။ သူတစ္ပါးအတြက္ သာသနာေတာ္တစ္ရပ္လံုး မ်က္ႏွာပ်က္စရာ အရွက္ရစရာ ႀကဳံရႏိုင္ေသာေၾကာင့္တည္း။ ထို႔ေၾကာင့္ ေမာင္ေတာ္ထံ ဖုန္းဆက္၍ ျပန္ေခ်ာ့ထားဖုိ႔ တုိက္တြန္းခဲ့သလို ႏွမေတာ္ကိုလည္း ႏွစ္သိမ့္ေပးကာ အခ်ိန္ဆြဲထားရေလသည္။ မၾကာပါ။ ႏွမေတာ္က လူပ်ံေက်ာ္တစ္ပါးႏွင့္ အဆက္အသြယ္ရသြားကာ အမႈတြဲကို ကမၻာေအးထိ အေရာက္ပို႔ႏုိင္သြားခဲ့ေပသည္။ ရဲစခန္းမွာလည္း တုိင္ခ်က္ဖြင့္ထားေသာဟူ၏။

ေမာင္ေတာ္က စာေရးသူထံ ဖုန္းဆက္လာ၏။ တင္ေပး တုိင္ေပးသူကို အျပစ္တင္၏။ စာေရးသူလိုလုပ္ရမည္၊ တစ္ဖက္သတ္မလုပ္သင့္ဟု ေဝဖန္ေနေလသည္။ စာေရးသူထံ မၾကာခဏဖုန္းဆက္ကာ အႀကံဉာဏ္ေတာင္းေလသည္။ စာေရးသူက လိုလိုလားလား အႀကံေပးျခင္း၊ ရွည္ရွည္ေဝးေဝးရွင္းျပျခင္းတုိ႔ေၾကာင့္ ေက်းဇူးစကား အၿမဲဆိုပါသည္။ “ဦးဇင္းေရ ဦးဇင္းရဲ႕ သမဂၢစိတ္ကိုေတာ့ မေလးစားဘဲကို မေနႏိုင္ေတာ့တာပါ။ အရင္တုန္းက ကိစၥေတြအတြက္လည္း ေတာင္းပန္ပါတယ္”ဟု လႈိက္လွဲစြာ ေတာင္းပန္သြားေပသည္။

ေမာင္ေတာ္ေပ်ာက္ခ်က္သားေကာင္းသြားသျဖင့္ စာေရးသူလည္း ဝမ္းသာေနေလသည္။ အေၾကာင္းမွာ ဇာတ္ျမႇဳပ္ၿပီးေနဖုိ႔ စာေရးသူက အႀကံျပဳထားေသာေၾကာင့္တည္း။ သို႔ေသာ္ မၾကာလုိက္ပါ။ တီဗီသတင္းႏွင့္အတူ ေမာင္ေတာ္သတင္းကို သာဝန္ကိုယ္တိုင္ ဖြင့္ဟေျပာခ်သည္ႏွင့္ ႀကဳံလုိက္ရေတာ့၏။ အဓမၼက်င့္သည္ထင္ကာ “အေတာ္ဆိုးတယ္”ဟု မီဒီယာမွာ သာဝန္က ထုတ္ေျပာသည္ကိုေထာက္လွ်င္ သာဝန္ကိုယ္တုိင္ တစ္ဖက္သတ္စြပ္စြဲေနမွန္း သိသာထင္ရွားေပသည္။ ထိုအခါမွ ေမာင္ေတာ္အဖမ္းခံထားရမွန္း သိရွိခဲ့ရေလသည္။ စိတ္မေကာင္းပါ။ သာသနာတစ္ရပ္လံုး ထိခုိက္လာေတာ့မည္ျဖစ္၍ စိုးရိမ္ထိတ္လန္႔ေနရေပသည္။ ထင္သည့္အတုိင္းပင္ ႏွမေတာ္ထံမွ အေထာက္အထားမ်ား လုိင္းေပၚမွာ ဂယက္ရိုက္ေနေပေတာ့၏။ အနီဘုန္းႀကီးျဖစ္ေန၍ ေတာ္ပါေသးသည္။ မ်ဳိးခ်စ္ရဟန္းေတာ္တစ္ပါးဆိုလွ်င္ မ်က္စိေရာ နားပါ ပိတ္ထားရမည့္အဆင့္သို႔ ေရာက္ရွိႏုိင္ေပသည္။

၎အမႈ မုဒိမ္းမႈမေျမာက္ပါ။ သာသနာညႇဳိးႏြမ္းအမႈျဖင့္သာ ၂၉၅ပုဒ္မ တပ္ႏိုင္ပါသည္။ အလိ္ုတူေသာေၾကာင့္တည္း။ စာေရးသူက ရဟန္းအခ်င္းခ်င္းျဖစ္၍ ေစာင့္ထိန္းပါသည္။ မယုတ္မလြန္သာ အႀကံျပဳပါသည္။ “လႊဲစရာရွိတာ လႊဲထားလုိက္ေတာ့၊ လူထြက္သင့္ရင္ ထြက္လိုက္ေတာ့၊ မထြက္ဘဲေနခ်င္ရင္လည္း ဇာတ္ျမႇဳပ္ၿပီးေနလုိက္ေတာ့၊ ကိုယ္ထင္လည္း မျပမိေစနဲ႔” သူကလည္း သေဘာတူပါသည္။ အိႏၵိယမွာပဲ ေနေတာ့မည္ဟု ဆိုလာ၏။ ေကာင္းသည္ဟု ေထာက္ခံခ်က္ေပးလုိက္၏။ အၾကာႀကီးေပ်ာက္သြားၿပီးမွ ဘာေၾကာင့္အဖမ္းခံလုိက္ရသည္ကိုေတာ့ မသိရွိေတာ့ပါ။ တရားရံုးလာတုိင္း သတင္းေတြ တက္မလာသည္ကိုပင္ ေက်းဇူးတင္မိေနေပသည္။

အကယ္၍သာ စာေရးသူႏွင့္ ဓမၼဝါးတင္းေနရာခ်င္းေျပာင္းျပန္ျဖစ္ခဲ့ေသာ္ ဓမၼဝါးတင္းက စာေရးသူလို သမဂၢစိတ္ ေမြးျမဴႏိုင္ပါမည္ေလာ။ မထင္ပါ။ လံုးဝ မထင္ပါ။ ျမန္မာ့ႏုိင္ငံေရးေလာကမွာ ေျမႇာက္စားခံထားရသည့္ ဘုန္းႀကီးေတြရင္ထဲ သမဂၢစိတ္မရွိပါ။ ထို႔ေၾကာင့္ ရဟန္းအခ်င္းခ်င္း ထိုးႏွက္တုိက္ခုိက္ေနၾကပါသည္။ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ားကိုပင္ ခ်မ္းသာမေပးၾကပါ။ မီဒီယာေရွ႕မွာ မဆိုထားဘိ ဘာသာျခားမ်ားေရွ႕မွာပင္ ဘုန္းႀကီးမေကာင္းေၾကာင္း ေပၚေပၚတင္တင္ ေဟာေျပာေနၾကေပသည္။ ရဟန္းတစ္ပါးကို ႏိုင္ငံျခားသားသတင္းသမားမ်ားက မတရားအႏိုင္က်င့္ လုပ္ႀကံထုတ္လႊင့္ေနသည္ကိုၾကည့္၍ ကိုယ့္ဘက္က နာရေကာင္းမွန္းမသိဘဲ ဟားတုိက္ေလွာင္ေျပာင္ေနၾကသူမ်ားကို ေတြ႔ရွိရေပသည္။ ရဟန္းတစ္ပါးကို ေထာင္က်ေစခ်င္၍ ႏိုင္ငံေရးသမားမ်ားႏွင့္ေပါင္းကာ သတင္းစာရွင္းလင္းပြဲလုပ္သူမ်ား၊ ရပ္ထဲရြာထဲ လက္မွတ္လိုက္ေကာက္ေနသူမ်ားပင္ ရွိပါသည္။ အခ်ဳိ႕ဆိုလွ်င္ ဖမ္းမိေစရန္ ဝိုင္းကူဖမ္းေပးေနသည္မ်ားပင္ ရွိေပသည္။ စာမတတ္ ေပမတတ္ သူငယ္ႏွပ္စားေလးမ်ား ထုိသို႔လုပ္သည္ကို နားလည္ေပးႏိုင္ခဲ့ေသာ္လည္း မဝတီဘုန္းႀကီးလို စာတတ္ေပတတ္ က်မ္းဂန္တတ္ ေထရ္ႀကီးဝါႀကီးက ထိုသို႔ျပဳမူေနသည္ကို အံ့ၾသခဲ့ရေလသည္။ ထိုသူတို႔သည္ ဘုရားသားေတာ္မ်ား မဟုတ္ၾကေလေရာ့သေလာ၊ သို႔တည္းမဟုတ္ ေစာင့္ထိန္းစရာမရွိေတာ့ေလာက္ေအာင္ ရဟန္းသိကၡာပ်က္စီးေနေရာ့သေလာ၊ သို႔တည္းမဟုတ္ ဘုန္းႀကီးဘဝႏွင့္ မထုိက္တန္ေတာ့ေလာက္ေအာင္ ကိုယ္က်င့္တရားေတြ ပ်က္ျပားေနေရာ့သေလာ၊ သို႔တည္းမဟုတ္ မေျပာသင့္မေျပာထုိက္ မလုပ္သင့္မလုပ္ထုိက္မွန္း မသိႏုိင္ေလာက္ေအာင္ အသိတရားေတြ ေခါင္းပါးကုန္ေရာ့သေလာ ၎တုိ႔သာ သိရွိႏိုင္မည္ ျဖစ္ေပေတာ့သတည္း။ ဘုရားရွင္မ်က္ႏွာ သာသနာေတာ္မ်က္ႏွာေတာ့ ၾကည့္ဖုိ႔ေကာင္းလွ၏။ ပါတီဆိုသည္မွာ ယာယီသာျဖစ္သည္။ သာသနာေတာ္ကမွ ထာဝရျဖစ္သည္။ ဤသို႔ေသာ အျမင္မ်ဳိး ရွိပံုမရ။ ပုဂၢဳိလ္စြဲ ပါတီစြဲျဖင့္ ဘုရားသားေတာ္အခ်င္းခ်င္း ပစ္မွတ္ထား တုိက္ခိုက္ေနသည္မွာ ေတာ္တန္ရံု မိုက္မဲသူမ်ားပင္ မက်ဴးလြန္ဝံ့သည့္ ယုတ္မာမွုမ်ဳိးပင္ ျဖစ္ေပသည္။ ရွက္ဖြယ္အတိပင္။

ခုဒၵကနိကာယ္ ဣတိဝုတ္ပါဠိေတာ္ သံဃသာမဂၢီသုတ္မွာ ျမတ္စြာဘုရားက ဤသို႔ဤပံု ေဟာၾကားေတာ္မူခဲ့ပါသည္။
ဧကဓေမၼာ ဘိကၡေဝ ေလာေက ဥပၸဇၨမာေနာ ဥပၸဇၨတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဗဟူေနာ ဇနႆ အတၳာယ ဟိတာယ သုခါယ ေဒဝမႏုႆာနံ။ ကတေမာ ဧကဓေမၼာ? သံဃသာမဂၢီ။
ရဟန္းတို႔ သံဃာညီညြတ္ျခင္းတည္းဟူေသာ တစ္ခုေသာတရား ထြန္းကားလတ္ေသာ္ လူနတ္မ်ားစြာ သတၱဝါအေပါင္း ခ်မ္းသာရာခ်မ္းသာေၾကာင္း ျဖစ္ေလသတည္း။
(ဣတိဝုတ္။ ၂၀၃။ သ်။ ၁၇။)

သံဃာညီညြတ္ေရးကို ေရွးရႈ၍ အျမင္မတူေသာ္လည္း ေအာင့္အီးသည္းခံရမည္ဟု မဆိုလုိပါ။ တရားနည္းလမ္းက် ေဝဖန္ျခင္းကို ဘုရားခြင့္ျပဳထားပါသည္။ ႏိုင္ငံေရးဘုန္းႀကီးမ်ားသည္ ေဝဖန္ေရးထက္ စြပ္စြဲေစာ္ကားေရး ျပစ္မွားက်ဴးလြန္ေရးကို အားသန္ေနေသာေၾကာင့္ ျဖစ္ပါသည္။ အခ်ဳိ႕ဆိုလွ်င္ မဟာနာယကဆရာေတာ္ႀကီးမ်ားကိုပင္ စိန္ေခၚေနၾကသည္။ ပရိသတ္မပါဘဲ အလြတ္တန္းရင္ဖြင့္သည္က သင့္ေလ်ာ္ေသာ္လည္း ပရိသတ္ေရွ႕ ဓမၼာသနပလႅင္ထက္မွ လက္သီးလက္ေမာင္းတန္း၍ လူမုိက္ဆန္စြာ စိန္ေခၚေနသည္မွာ မၾကားဝံ့ မျမင္သာ ျဖစ္ေနေပသည္။ သံဃာအခ်င္းခ်င္း တုိက္ခိုက္ေနမွ ႏိုင္ငံေရးသူရဲေကာင္းဟု ထင္မွတ္ေနၾကသည္ေလာ မေျပာသာေတာ့ေပ။
စာရႈသူအားလံုး သမဂၢစိတ္ထား ေမြးျမဴႏိုင္ၾကပါေစေသာ္…ဝ္။
“သမဂၢစိတ္ထား” ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
17.6.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂)


“သမဂ္ဂ စိတ်ထား”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

သမဂ္ဂ ဟူသောစကားကို လူတိုင်းာကြားဖူးကြပေမည်။ ညီညွတ်ခြင်းဟု အဓိပ္ပါယ်ရ၏။ ကိုယ်အားဖြင့် ညီညွတ်ခြင်း၊ စိတ်အားဖြင့် ညီညွတ်ခြင်း၊ ကိုယ်စိတ်နှစ်ပါးစုံအားဖြင့် ညီညွတ်ခြင်းဟူ၍ ရှိရာတွင် လူစုံတက်စုံ အင်အားပြခြင်းကို ကာယသမဂ္ဂ(ကာယသာမဂ္ဂီ)၊ အမြင်တူညီခြင်း(သဘောထားမကွဲလွဲခြင်း)ကို စိတ္တသမဂ္ဂ (စိတ္တသာမဂ္ဂီ)၊ ကိုယ်စိတ်နှစ်ပါးလုံး ညီညွတ်ခြင်းကို ဥဘယသမဂ္ဂ(ဥဘယသာမဂ္ဂီ)ဟု ခေါ်ပါသည်။ သမဂ္ဂဆိုသည်မှာ အဖွဲ့အစည်းကိုဆိုလိုပြီး သာမဂ္ဂီဆိုသည်မှာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်ကို ဆိုလိုပေသည်။ ဤနေရာ၌ သမဂ္ဂစိတ်(အဖွဲ့အစည်းစိတ်)နှင့် ပတ်သက်၍ ပြောလိုစိတ်ရှိပေသည်။

ဗုဒ္ဓဘာသာဝင်နှင့် အခြားဘာသာဝင်ဖြစ်လျှင် ဗုဒ္ဓဘာသာဝင်ဘက်မှ ရပ်တည်မည်၊ ဤသို့သောခံယူချက်မျိုးသည် ဘာသာသမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ တိုင်းရင်းသားနှင့် နိုင်ငံသားပြဿနာဖြစ်လျှင် တိုင်းရင်းသားဘက်မှ ရပ်တည်မည်၊ ဤသို့သောခံယူချက်မျိုးသည် လူမျိုးသမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ နိုင်ငံသားနှင့် နိုင်ငံခြားသား ပြဿနာဖြစ်လျှင် နိုင်ငံသားဘက်မှရပ်တည်မည်၊ ဤသို့သောခံယူချက်မျိုးသည် နိုင်ငံသားသမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ သံဃာအချင်းချင်း ဘုရားသားတော်အချင်းချင်း ရိုင်းပင်းခြင်းသည် သံဃသမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ စာရေးသူသည် ဤသို့သောသမဂ္ဂစိတ်မျိုး ထားရှိသူဖြစ်ပါသည်။ စာရေးသူတို့ အမျိုးသားရေးသမားများတွင် သမဂ္ဂစိတ်မရှိသူ လွန်စွာနည်းပါးလှပေသည်။ ထို့ကြောင့် အခမ်းအနားမှာဖြစ်စေ အစည်းအဝေးမှာဖြစ်စေ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ကြပေ။ ပုဂ္ဂိုလ်တစ်ပါးတလေ၏ ဟောပြောချက်၊ အပြုအမူတစ်ခုခုတွေ့ရလျှင်လည်း စိတ်ဝမ်းကွဲမည်စိုး၍ တုန့်ပြန်ရင်ဖွင့်ခြင်းမျိုး လုံးဝ မလုပ်ကြပေ။

စာရေးသူသည် သမဂ္ဂစိတ် အမြဲမွေးပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးရာ မှန်သမျှ သည်းခံလေ့ရှိပါသည်။ မိမိနှင့် မိမိအဖွဲ့အစည်းအပေါ် မည်သို့ပင်ရန်ပြုနေသူဖြစ်ပါစေ အန္တရာယ်ပေါ်ပေါက်လာလျှင် ဘုရားသားတော်အချင်းချင်း ရိုင်းပင်းတတ်ပါသည်။ မဘသညီလာခံကြီး ကျင်းပနေချိန်တွင် အဆိုပါညီလာခံကြီးပျက်ပြားအောင် သတင်းမီဒီယာအားကိုး၍ လုပ်ဆောင်ခဲ့သော ဘုန်းကြီးတစ်ပါး ပေါ်ပေါက်ခဲ့ဖူးပါသည်။ မီဒီယာများ အကြိုက်တွေ့ကာ ညီလာခံသတင်းမရေးတော့ဘဲ ထိုပုဂ္ဂိုလ်၏ သတင်းများကိုသာ မျက်နှာဖုံးတင်၍ ရေးသားကြပေတော့၏။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မဘသညီလာခံသတင်းများ မှေးမှိန်သွားခဲ့ရပေသည်။ အဆိုပါပုဂ္ဂိုလ်သည် ညီလာခံဖိတ်စာမရခြင်း၊ ညီလာခံတက်ခွင့်မရခြင်း၊ နေရာမရခြင်းတို့ကြောင့် ပတ်မကြီးထိုးဖောက်ဗျူဟာနှင့် သဲပက်ဗျူဟာကို ကျင့်သုံးသွားခဲ့ခြင်း ဖြစ်ပေသည်။ သူ၏စွပ်စွဲချက်များကို ဆရာတော်သံဃာတော်များက သည်းခံနိုင်ကြသော်လည်း စာရေးသူက သည်းမခံနိုင်ဖြစ်ကာ ဖေ့စ်ဘုတ်မှတစ်ဆင့် ပြန်လည်ချေပခြင်းဖြင့် စာရေးသူနှင့် ထိပ်တိုက်တွေ့သည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပေသည်။ နောင်အခါ ထိုပုဂ္ဂိုလ် လူဝတ်လဲကာ ထောင်ချခံရလေသည်။ ထိုအခါ စာရေးသူက ထိုပုဂ္ဂိုလ်ဘက်မှ ရပ်တည်ကာ အစိုးရကို ပြန်လည်ခုခံပေးခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ကျောင်းသို့ ဦးစွာသွားကာ ငွေလှူခြင်း၊ အားပေးစကားပြောခြင်း၊ နှစ်သိမ့်သြဝါဒပေးခြင်းများ ပြုလုပ်ခဲ့ပေသည်။ သံဃာနှင့် အစိုးရ ထိပ်တိုက်တွေ့လျှင် သံဃာဘက်မှ ရပ်တည်မည်ဟူသော သမဂ္ဂစိတ်ကြောင့် ဖြစ်ပါသည်။ ယခုအခါ ထိုပုဂ္ဂိုလ်နှင့် ညီအစ်ကိုအရင်းပမာ လက်တွဲလုပ်ဆောင်လျက် ရှိပေသည်။

စာရေးသူအပေါ်မှာရော စာရေးသူတို့အဖွဲ့အစည်းဖြစ်သည့် မဘသအပေါ်မှာပါ လုံးဝ မကောင်းခဲ့သည့် ပုဂ္ဂိုလ်တစ်ပါးလည်း ရှိခဲ့ဖူးပေသည်။ ဒေါက်တာဘွဲ့ရ ရဟန်းပျိုတစ်ပါးပင်။ စာရေးသူအောက် အနည်းငယ် သိက္ခာငယ်ပါသည်။ လူချင်းရင်းနီးကျွမ်းဝင်ခဲ့ကြသော်လည်း နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုကြောင့် စာရေးသူအပေါ် အကောင်းမမြင်ပါ။ သူ၏အကောင့်တွင် စာရေးသူမကောင်းကြောင်း အမြဲတန်း ရေးလျက် တင်လျက် ရှိပေသည်။ စာရေးသူကို သီတဂူဆရာတော်ကြီးက ငေါက်လွှတ်သည့်ပုံစံမျိုးထိ လုပ်ဇာတ်ခင်း၍ ရေးသားတတ်သလို အစ်နေ့အမဲသားဝေသည့်အခါ လာရောက်ယူကြသော လူတန်းကြီးပုံကိုသုံးလျက် “ငါတို့အရိုး စည်းရိုးထိုးသည့်သူတွေ”ဟုဆိုကာ မဘသအဖွဲ့အစည်းကြီးကို ထိုးနှက်တိုက်ခိုက်ခဲ့ပေသည်။ စာ သီတဂူဆရာတော်ကြီးက စာရေးသူအပေါ် ဘယ်လိုအားထားကြောင်း အထောက်အထားနှင့် စာရေးသူက ပြန်လည်ချေပကာ သူ၏ပို့စ်ကို ပြန်ဖြုတ်ခိုင်းပြီး တောင်းပန်စာ ရေးခိုင်းသည့်အခါ မလိုက်နာဘဲ လျှောချသွားပေသည်။ စာရေးသူနှင့်တွေ့လျှင် စာရေးသူရှေ့မှာ မခုတ်တတ်သည့်ကြောင်ကလေးလို ခပ်ကုပ်ကုပ်လေး နေထိုင်တတ်ပြီး နိုင်ငံရေးသမားများနှင့်တွေ့လျှင် စာရေးသူမကောင်းကြောင်း အမြဲပြောကာ ဖေ့စ်ဘုတ်ပေါ်တွင် စာရေးသူကို အမြဲတိုက်ခိုက်လေ့ရှိပေသည်။ စာရေးသူနှင့် ဖုန်းပြောသည့်အခါလည်း ရိုရိုကျိုးကျိုးပင်။ ထို့ကြောင့် စာရေးသူက စာရေးသူ၏အကောင့်တွင် “ဓမ္မဝါးတင်းအခြောက်ကြီး” ခေါင်းစဉ်ဖြင့် ပြင်းထန်စွာ တုန့်ပြန်ခဲ့ရလေသည်။

တစ်နေ့သောအခါ စာရေးသူအား အနီးနေတပည့်လေးတစ်ပါးက လျှောက်ထားလာ၏။ ဓမ္မဝါးတင်းဆရာတော်သတင်းကို မာတုဂါမတစ်ဦးက ပေးပို့လာသော ဆို၏။ ထိုအမျိုးသမီးကိုယ်တိုင် ဓမ္မဝါးတင်းဆရာတော်၏ အဓမ္မကျင့်ခြင်းကို ခံလိုက်ရသော ဟူ၏။ အထောက်အထားရှိလျှင် ပို့ပေးပါဟု ပြန်လည်ခိုင်းစေလိုက်ရ၏။ အမှုဖြစ်ပွားသည်ကား အမှန်ပင်။ သို့သော် တစ်ဖက်သတ်လုပ်လျှင်လည်း မပြည့်စုံနိုင်၊ ဓမ္မဝါးတင်းဆရာတော်နှင့် တိုက်ရိုက်ဆက်သွယ်လျှင်လည်း မသင့်လျော်သဖြင့် နိုင်ငံခြားမှာနေသော အမျိုးသမီးကြီးတစ်ဦးကို အကူအညီတောင်းလိုက်ရတော့၏။ ထိုအမျိုးသမီးကြီးသည် ထိုဆရာတော်လေးအား သားတစ်ဦးပမာ စောင့်ရှောက်ထောက်ပံ့နေသူဖြစ်ပါသည်။ စာရေးသူနှင့်လည်း ဆရာဒကာဆက်ဆံရေးရှိသူဖြစ်ပါသည်။ ထိုအမျိုးသမီးကြီးက ခါးသီးစွာ ငြင်းပါသည်။ စွပ်စွဲသူမကို သိရှိကြောင်း တွင်တွင်ပြောလေသည်။ ထိုနေ့မှာပင် ဓမ္မဝါးတင်းက စာရေးသူထံ ဆက်သွယ်လာပါသည်။ ၎င်းနှင့် ပြောဆိုတိုင်းလည်း အသံဖမ်းထားပါသည်။ စောဒက စုဒိတက (စွပ်စွဲသူနှင့် စွပ်စွဲခံရသူ) နှစ်ဦးလုံး၏ စကားများကို နားထောင်ပြီးသည့်အခါ အမှုသွားအမှုလာကို တီးခေါက်မိသွားပါသည်။ သို့သော် မပြည့်စုံသေးပါ။ ထို့ကြောင့် ၎င်းတို့နှင့် စပ်ဆက်သမျှထံ စုံစမ်းလေ့လာရပါတော့သည်။ ထိုအခါမှသာ လုံးဝဥဿုံ အလုံးစုံ ပြည့်စုံသွားလေ၏။

ဓမ္မဝါးတင်းဆရာတော်က မလေးရှားမှာ နေသည်။ အမျိုးသမီးကလည်း မလေးရှားမှာပင်။ အိမ်ထောင်ရှိသည်။ ကလေးနှစ်ယောက်ရှိသည်။ ခင်ပွန်းသည်က မြန်မာစကားမပြောတတ်သည့် ပြည်ကြီးတရုတ်ဖြစ်သည်။ ရုံးပိတ်ရက်မှာသာ မိသားစုနှင့် အတူနေရ၏။ ကျန်ရက်များမှာ ဓမ္မဝါးတင်းထံမှာပဲ အမြဲရှိသည်။ မလေးရှားရောက် ရွှေမြန်မာများက ကျောင်းအိပ်ကျောင်းစား ထိုသားအမိကို သဘောမကျကြ။ ဘုန်းကြီးကိုလျှောက်ထားသော်လည်း မရ။ မာတုဂါမကို ပြောဆို၍လည်း မရ။ ဤသို့ဖြင့် အကြင်လင်မယားအဆင့်သို့ ရောက်ရှိကြလေသည်။ တိတ်ပုန်း ကြိတ်လုံး လင်မယားတည်း။

ဓမ္မဝါးတင်း ရန်ကုန်ပြန်လာသည်။ ကျောင်းတွေထောင်၊ သင်တန်းတွေဖွင့်သည်။ သူတို့ချင်း အဆက်အသွယ်ရှိကြသည်။ နှစ်အတန်ကြာသည့်အခါ ဓမ္မဝါးတင်းက အခြားတစ်ဦးနှင့် ပြောင်းတွဲသည်။ မလေးရှားသူ သိသွားသည်။ ဖြတ်ခိုင်းသော်လည်း မရ။ မလေးရှားသူက ဓမ္မဝါးတင်းနှင့် လက်ထပ်ကြဖို့အထိ အားခဲထားသည်။ တရုတ်ကြီး ပြည်တော်ပြန်သွားလျှင် ကလေးနှင့် စည်းစိမ် ကျန်ခဲ့မည်။ ထိုအခါ ဓမ္မဝါးတင်းနှင့်အတူ နေမည်။ ဤမျှထိ စိတ်ကူးယဉ်ထားသည်။ ယခုကား အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ပြီ။ အိမ်မှာအတူနေခဲ့ခြင်းမဟုတ်သဖြင့်လည်း အထောက်အထားမရှိ။ ထိုအခါ မာယာသုံးရသည်။ ရန်ကုန်ပြန်လာသည်။ တည်းခိုခန်းမှာသာ နေသည်။ သူ့မောင်တော်ကို လှမ်းခေါ်သည်။ စားနေကျကြောင်ဖားက တစ်ကိုယ်တည်းလာသည်။ အခန်းထဲမှာ ဧကော ဧကာယ (နှစ်ကိုယ်တည်း)နေသည်။ နှမတော်က အလိမ္မာသုံးသည်။ မောင်တော်က အဟုတ်ထင်ပြီး တကယ်လုပ်သည်။ မောင်တော်ရေချိုးနေစဉ် သင်္ကန်းများယူကာ ထွက်ပြေးသွားပါတော့သည်။ ဥဒေါင်းမင်း ကျော့ကွင်းမိသွားတော့၏။ ဝတ်စရာ ဘာမျှမရှိတော့သဖြင့် မွေ့ရာပေါ်မှ စောင်အဖြူကြီးကို သင်္ကန်းလိုရုံကာ ထွက်ပြေးခဲ့ရလေတော့၏။ ထိုအခါမှ ကာမဂုဏ် ချိုမြိန်မှန်း သိသွားပုံရလေသည်။ ထိုနေ့မှာပင် ဓမ္မဝါးတင်းက သံဃနာယကရုံး လာရ၏။ မာတုဂါမက အသင့်ရောက်နေလေသည်။ အထောက်အထားအားလုံး ခိုင်လုံနေ၍ သံဃနာယကက ဆရာတော်များရှေ့မှောက်မှာ လူဝတ်လဲခဲ့ရတော့၏။ မာတုဂါမကျေနပ်သွားသည်။ မလေးရှားပြန်သွားသည်။ နှစ်အတန်ကြာသည့်အခါ ဓမ္မဝါးတင်း သင်တန်းပို့ချနေသည့် သတင်းများ ပြန်လည်တွေ့ရှိရသည်။ လူထွက်ဖို့ (လူထွက်ပြီး သူမကိုယူဖို့) အကြိမ်ကြိမ်ပြောသော်လည်း မရသဖြင့် တရားစွဲဖို့ ပြင်ဆင်ရသည်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။

စာရေးသူနှင့် ဓမ္မဝါးတင်းဆက်ဆံရေးအနေအထားကို သိရှိသွားသဖြင့် စာရေးသူထံ အကူအညီတောင်းခြင်း ဖြစ်ပေမည်။ နိုင်ငံရေးဘုန်းကြီးဆိုလျှင် ဤပြဿနာသည် ဧရာမအကွက်ကြီး ဖြစ်သွားပေလိမ့်မည်။ ဘုရားမျက်နှာမျှမထောက် အားရဝမ်းသာ ဖွကြ ဆွကြပေလိမ့်မည်။ စာရေးသူမှာကား သမဂ္ဂစိတ်အပြည့်အဝရှိသဖြင့် ရုံးရောက်ဂတ်ရောက် အဖြစ်မခံပေ။ မောင်တော် နှမတော် ပြန်ညှိခိုင်း၏။ လုံးဝ မညှိနှိုင်းကြ။ နှမတော်က ဆိုလာသည်မှာ “အနိုင်ကျင့်ခံရသည်ကို စိတ်မဆိုးကြောင်း၊ သူ့ကို ထောင်လဲမချချင်ကြောင်း၊ လူထွက်လျှင် ကျေနပ်ပြီဖြစ်ကြောင်း၊ ဒီလိုပဲဆက်နေနေလျှင် ထေရဝါဒသာသနာ မသန့်ရှင်းနိုင်ကြောင်း”ပင်။ တစ်ဖက်သတ်နားထောင်လျှင်ကား လေးစားဖွယ်၊ ကရုဏာသက်ဖွယ် စကားများပင်တည်း။

ဤအမှုလိုင်းပေါ်တက်မှာ ကြောက်ပါသည်။ အမဲအကြိုက်၊ အရဲအကြိုက် ဖြစ်သွားပေတော့မည်။ သူတစ်ပါးအတွက် သာသနာတော်တစ်ရပ်လုံး မျက်နှာပျက်စရာ အရှက်ရစရာ ကြုံရနိုင်သောကြောင့်တည်း။ ထို့ကြောင့် မောင်တော်ထံ ဖုန်းဆက်၍ ပြန်ချော့ထားဖို့ တိုက်တွန်းခဲ့သလို နှမတော်ကိုလည်း နှစ်သိမ့်ပေးကာ အချိန်ဆွဲထားရလေသည်။ မကြာပါ။ နှမတော်က လူပျံကျော်တစ်ပါးနှင့် အဆက်အသွယ်ရသွားကာ အမှုတွဲကို ကမ္ဘာအေးထိ အရောက်ပို့နိုင်သွားခဲ့ပေသည်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားသောဟူ၏။

မောင်တော်က စာရေးသူထံ ဖုန်းဆက်လာ၏။ တင်ပေး တိုင်ပေးသူကို အပြစ်တင်၏။ စာရေးသူလိုလုပ်ရမည်၊ တစ်ဖက်သတ်မလုပ်သင့်ဟု ဝေဖန်နေလေသည်။ စာရေးသူထံ မကြာခဏဖုန်းဆက်ကာ အကြံဉာဏ်တောင်းလေသည်။ စာရေးသူက လိုလိုလားလား အကြံပေးခြင်း၊ ရှည်ရှည်ဝေးဝေးရှင်းပြခြင်းတို့ကြောင့် ကျေးဇူးစကား အမြဲဆိုပါသည်။ “ဦးဇင်းရေ ဦးဇင်းရဲ့ သမဂ္ဂစိတ်ကိုတော့ မလေးစားဘဲကို မနေနိုင်တော့တာပါ။ အရင်တုန်းက ကိစ္စတွေအတွက်လည်း တောင်းပန်ပါတယ်”ဟု လှိုက်လှဲစွာ တောင်းပန်သွားပေသည်။

မောင်တော်ပျောက်ချက်သားကောင်းသွားသဖြင့် စာရေးသူလည်း ဝမ်းသာနေလေသည်။ အကြောင်းမှာ ဇာတ်မြှုပ်ပြီးနေဖို့ စာရေးသူက အကြံပြုထားသောကြောင့်တည်း။ သို့သော် မကြာလိုက်ပါ။ တီဗီသတင်းနှင့်အတူ မောင်တော်သတင်းကို သာဝန်ကိုယ်တိုင် ဖွင့်ဟပြောချသည်နှင့် ကြုံလိုက်ရတော့၏။ အဓမ္မကျင့်သည်ထင်ကာ “အတော်ဆိုးတယ်”ဟု မီဒီယာမှာ သာဝန်က ထုတ်ပြောသည်ကိုထောက်လျှင် သာဝန်ကိုယ်တိုင် တစ်ဖက်သတ်စွပ်စွဲနေမှန်း သိသာထင်ရှားပေသည်။ ထိုအခါမှ မောင်တော်အဖမ်းခံထားရမှန်း သိရှိခဲ့ရလေသည်။ စိတ်မကောင်းပါ။ သာသနာတစ်ရပ်လုံး ထိခိုက်လာတော့မည်ဖြစ်၍ စိုးရိမ်ထိတ်လန့်နေရပေသည်။ ထင်သည့်အတိုင်းပင် နှမတော်ထံမှ အထောက်အထားများ လိုင်းပေါ်မှာ ဂယက်ရိုက်နေပေတော့၏။ အနီဘုန်းကြီးဖြစ်နေ၍ တော်ပါသေးသည်။ မျိုးချစ်ရဟန်းတော်တစ်ပါးဆိုလျှင် မျက်စိရော နားပါ ပိတ်ထားရမည့်အဆင့်သို့ ရောက်ရှိနိုင်ပေသည်။

၎င်းအမှု မုဒိမ်းမှုမမြောက်ပါ။ သာသနာညှိုးနွမ်းအမှုဖြင့်သာ ၂၉၅ပုဒ်မ တပ်နိုင်ပါသည်။ အလိုတူသောကြောင့်တည်း။ စာရေးသူက ရဟန်းအချင်းချင်းဖြစ်၍ စောင့်ထိန်းပါသည်။ မယုတ်မလွန်သာ အကြံပြုပါသည်။ “လွှဲစရာရှိတာ လွှဲထားလိုက်တော့၊ လူထွက်သင့်ရင် ထွက်လိုက်တော့၊ မထွက်ဘဲနေချင်ရင်လည်း ဇာတ်မြှုပ်ပြီးနေလိုက်တော့၊ ကိုယ်ထင်လည်း မပြမိစေနဲ့” သူကလည်း သဘောတူပါသည်။ အိန္ဒိယမှာပဲ နေတော့မည်ဟု ဆိုလာ၏။ ကောင်းသည်ဟု ထောက်ခံချက်ပေးလိုက်၏။ အကြာကြီးပျောက်သွားပြီးမှ ဘာကြောင့်အဖမ်းခံလိုက်ရသည်ကိုတော့ မသိရှိတော့ပါ။ တရားရုံးလာတိုင်း သတင်းတွေ တက်မလာသည်ကိုပင် ကျေးဇူးတင်မိနေပေသည်။

အကယ်၍သာ စာရေးသူနှင့် ဓမ္မဝါးတင်းနေရာချင်းပြောင်းပြန်ဖြစ်ခဲ့သော် ဓမ္မဝါးတင်းက စာရေးသူလို သမဂ္ဂစိတ် မွေးမြူနိုင်ပါမည်လော။ မထင်ပါ။ လုံးဝ မထင်ပါ။ မြန်မာ့နိုင်ငံရေးလောကမှာ မြှောက်စားခံထားရသည့် ဘုန်းကြီးတွေရင်ထဲ သမဂ္ဂစိတ်မရှိပါ။ ထို့ကြောင့် ရဟန်းအချင်းချင်း ထိုးနှက်တိုက်ခိုက်နေကြပါသည်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကိုပင် ချမ်းသာမပေးကြပါ။ မီဒီယာရှေ့မှာ မဆိုထားဘိ ဘာသာခြားများရှေ့မှာပင် ဘုန်းကြီးမကောင်းကြောင်း ပေါ်ပေါ်တင်တင် ဟောပြောနေကြပေသည်။ ရဟန်းတစ်ပါးကို နိုင်ငံခြားသားသတင်းသမားများက မတရားအနိုင်ကျင့် လုပ်ကြံထုတ်လွှင့်နေသည်ကိုကြည့်၍ ကိုယ့်ဘက်က နာရကောင်းမှန်းမသိဘဲ ဟားတိုက်လှောင်ပြောင်နေကြသူများကို တွေ့ရှိရပေသည်။ ရဟန်းတစ်ပါးကို ထောင်ကျစေချင်၍ နိုင်ငံရေးသမားများနှင့်ပေါင်းကာ သတင်းစာရှင်းလင်းပွဲလုပ်သူများ၊ ရပ်ထဲရွာထဲ လက်မှတ်လိုက်ကောက်နေသူများပင် ရှိပါသည်။ အချို့ဆိုလျှင် ဖမ်းမိစေရန် ဝိုင်းကူဖမ်းပေးနေသည်များပင် ရှိပေသည်။ စာမတတ် ပေမတတ် သူငယ်နှပ်စားလေးများ ထိုသို့လုပ်သည်ကို နားလည်ပေးနိုင်ခဲ့သော်လည်း မဝတီဘုန်းကြီးလို စာတတ်ပေတတ် ကျမ်းဂန်တတ် ထေရ်ကြီးဝါကြီးက ထိုသို့ပြုမူနေသည်ကို အံ့သြခဲ့ရလေသည်။ ထိုသူတို့သည် ဘုရားသားတော်များ မဟုတ်ကြလေရော့သလော၊ သို့တည်းမဟုတ် စောင့်ထိန်းစရာမရှိတော့လောက်အောင် ရဟန်းသိက္ခာပျက်စီးနေရော့သလော၊ သို့တည်းမဟုတ် ဘုန်းကြီးဘဝနှင့် မထိုက်တန်တော့လောက်အောင် ကိုယ်ကျင့်တရားတွေ ပျက်ပြားနေရော့သလော၊ သို့တည်းမဟုတ် မပြောသင့်မပြောထိုက် မလုပ်သင့်မလုပ်ထိုက်မှန်း မသိနိုင်လောက်အောင် အသိတရားတွေ ခေါင်းပါးကုန်ရော့သလော ၎င်းတို့သာ သိရှိနိုင်မည် ဖြစ်ပေတော့သတည်း။ ဘုရားရှင်မျက်နှာ သာသနာတော်မျက်နှာတော့ ကြည့်ဖို့ကောင်းလှ၏။ ပါတီဆိုသည်မှာ ယာယီသာဖြစ်သည်။ သာသနာတော်ကမှ ထာဝရဖြစ်သည်။ ဤသို့သော အမြင်မျိုး ရှိပုံမရ။ ပုဂ္ဂိုလ်စွဲ ပါတီစွဲဖြင့် ဘုရားသားတော်အချင်းချင်း ပစ်မှတ်ထား တိုက်ခိုက်နေသည်မှာ တော်တန်ရုံ မိုက်မဲသူများပင် မကျူးလွန်ဝံ့သည့် ယုတ်မာမှုမျိုးပင် ဖြစ်ပေသည်။ ရှက်ဖွယ်အတိပင်။

ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် သံဃသာမဂ္ဂီသုတ်မှာ မြတ်စွာဘုရားက ဤသို့ဤပုံ ဟောကြားတော်မူခဲ့ပါသည်။
ဧကဓမ္မော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဗဟူနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကဓမ္မော? သံဃသာမဂ္ဂီ။
ရဟန်းတို့ သံဃာညီညွတ်ခြင်းတည်းဟူသော တစ်ခုသောတရား ထွန်းကားလတ်သော် လူနတ်များစွာ သတ္တဝါအပေါင်း ချမ်းသာရာချမ်းသာကြောင်း ဖြစ်လေသတည်း။
(ဣတိဝုတ်။ ၂၀၃။ သျ။ ၁၇။)

သံဃာညီညွတ်ရေးကို ရှေးရှု၍ အမြင်မတူသော်လည်း အောင့်အီးသည်းခံရမည်ဟု မဆိုလိုပါ။ တရားနည်းလမ်းကျ ဝေဖန်ခြင်းကို ဘုရားခွင့်ပြုထားပါသည်။ နိုင်ငံရေးဘုန်းကြီးများသည် ဝေဖန်ရေးထက် စွပ်စွဲစော်ကားရေး ပြစ်မှားကျူးလွန်ရေးကို အားသန်နေသောကြောင့် ဖြစ်ပါသည်။ အချို့ဆိုလျှင် မဟာနာယကဆရာတော်ကြီးများကိုပင် စိန်ခေါ်နေကြသည်။ ပရိသတ်မပါဘဲ အလွတ်တန်းရင်ဖွင့်သည်က သင့်လျော်သော်လည်း ပရိသတ်ရှေ့ ဓမ္မာသနပလ္လင်ထက်မှ လက်သီးလက်မောင်းတန်း၍ လူမိုက်ဆန်စွာ စိန်ခေါ်နေသည်မှာ မကြားဝံ့ မမြင်သာ ဖြစ်နေပေသည်။ သံဃာအချင်းချင်း တိုက်ခိုက်နေမှ နိုင်ငံရေးသူရဲကောင်းဟု ထင်မှတ်နေကြသည်လော မပြောသာတော့ပေ။
စာရှုသူအားလုံး သမဂ္ဂစိတ်ထား မွေးမြူနိုင်ကြပါစေသော်…ဝ်။
“သမဂ္ဂစိတ်ထား” ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
17.6.2020