Uncategorizedသတင္း

“ ေ႐ႊမ်က္စဥ္း၏ ထူးျခားသည့္လကၡဏာမ်ား (၇)”

ေ႐ႊမ်က္စဥ္း၌ ထူးျခားေသာ ဂုဏ္ရည္တစ္ခု ရွိပါသည္။ ၎ကား အားရွိျခင္းပင္။
မ်က္စဥ္းခတ္လွ်င္ မ်က္လုံးအေညာင္းေျပ႐ုံ၊ အပူထြက္႐ုံ၊ ၾကည္လင္သန႔္ရွင္း႐ုံတင္ မဟုတ္ပါ။ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ျခင္း အက်ိဳးထူးလည္း ခံစားရပါသည္။ အိပ္ေကာင္းရျခင္းအေၾကာင္းမွာ မ်က္လုံးအားရွိသြားေသာေၾကာင့္ပင္။

ေ႐ႊမ်က္စဥ္းကို မ်က္စိအာ႐ုံစိုက္လုပ္ရသည့္ ပညာရွင္မ်ားအတြက္ ရည္႐ြယ္၍ ေဖာ္စပ္ထားေသာ္လည္း သက္ႀကီး႐ြယ္အို ဘိုးဘြားမိဘမ်ားက ပို၍အႀကိဳက္ေတြ႕လ်က္ ရွိပါသည္။ အျမင္ၾကည္လင္သြား႐ုံတင္မဟုတ္ဘဲ အိပ္ေကာင္းသည္၊ ေပါ့ပါးသည္ဟု ခံစားရကာ ၎တို႔၏ အသည္းစြဲျဖစ္ခဲ့ရေလသည္။

“ ဆရာေတာ့္မ်က္စဥ္းက ခတ္ၿပီးနာရီဝက္အတြင္း တန္းသိသာတာ၊ ၾကည္လင္႐ုံတင္မကဘဲ စိတ္ပါလန္းသြားတာ”ဟု အသက္ေျခာက္ဆယ္ေက်ာ္ ခုနစ္ဆယ္နီးပါး ေရွ႕ေနႀကီးတစ္ဦးက အားရဝမ္းသာ ေလွ်ာက္ထားလာပါသည္။
“ ဆရာေတာ့္မ်က္စဥ္းက အျမင္ရွင္း႐ုံမကဘဲ ေခါင္းပါေပါ့သြားတာ”ဟုလည္းေကာင္း၊ “အရင္တုန္းက ညညဆို အိပ္မေပ်ာ္ဘူး၊ အခုေတာ့ အိပ္လို႔ေကာင္းလိုက္တာဘုရား”ဟုလည္းေကာင္း ခတ္ၿပီးသူတိုင္း ခ်ီးက်ဴးမကုန္ ျဖစ္ခဲ့ရပါသည္။

အခ်ိဳ႕ဆိုလွ်င္ သြားေလရာ ေဆာင္ထားၿပီး ပင္ပန္းတိုင္း မ်က္စဥ္းခတ္၍ အနားယူတတ္ၾကပါသည္။ စာေရးသူကိုယ္တိုင္လည္း အလုပ္ပင္ပန္းလွ်င္ မ်က္စဥ္းမခတ္ဘဲ မေနႏိုင္ေတာ့ပါ။ မ်က္စဥ္းခတ္လိုက္ရမွ အားရွိသကဲ့သို႔လည္းေကာင္း၊ ေပါ့ပါးလန္းဆန္းသကဲ့သို႔လည္းေကာင္း ခံစားရကာ တက္ႂကြစြာ အလုပ္လုပ္ႏိုင္ပါေတာ့သည္။

ညအိပ္ရာဝင္တိုင္း မ်က္စဥ္းခတ္ပါသည္။
မ်က္စဥ္းမခတ္ဘဲ မေနႏိုင္ေတာ့ပါ။
မ်က္စဥ္းအက်ိဳးေက်းဇူး သိရွိထားေသာေၾကာင့္ ျဖစ္ပါသည္။

ေ႐ႊမ်က္စဥ္းကို အစြဲႀကီးစြဲသူတို႔က စြဲလန္းေစေသာေဆးဝါးပစၥည္းမ်ား ထည့္စပ္ထားသည္ဟု ထင္ျမင္ၾကပါသည္။ မန္က်ည္းသီးမွည့္ႏွင့္ သဘာဝမိုးေရသာ ပါဝင္ပါသည္။ ဆီလည္းမပါ ဆားလည္းမပါ။ ဓာတုေဗဒပစၥည္း မဆိုထားဘိ အျခားေဆးဖက္ဝင္အရာဝတၳဳတစ္ခုမွ် မပါဝင္ပါ။
တစ္ခုေတာ့ရွိပါသည္။
ညစဥ္ ဘုရားေသာက္ေတာ္ေရမ်ား ပက္ဖ်န္းကာ သစၥာဆို ေမတၱာပို႔၍ ဆုေတာင္းေပးေလ့ ရွိပါသည္။
စြဲလန္းစရာ ဘိန္း(မူးယစ္ေဆးဝါး)မေျပာႏွင့္ ဆီႏွင့္ ဆားေတာင္ မပါဝင္သည့္ သဘာဝေ႐ႊမ်က္စဥ္းကို တစ္ညေလာက္ေတာ့ စမ္းခတ္ၾကည့္ေစခ်င္ပါသည္။
သစၥာ ေမတၱာစြမ္းအင္ကို သိေစခ်င္ေသာေၾကာင့္ ျဖစ္ပါသည္။

ဘာေဆးေတြ ဘယ္လိုထက္ထက္
ဒါေလးေတာ့ ခတ္အိပ္ပါ။

ေ႐ႊမ်က္စဥ္းဆရာေတာ္
7.9.2020

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ (၇)”

ရွှေမျက်စဉ်း၌ ထူးခြားသော ဂုဏ်ရည်တစ်ခု ရှိပါသည်။ ၎င်းကား အားရှိခြင်းပင်။
မျက်စဉ်းခတ်လျှင် မျက်လုံးအညောင်းပြေရုံ၊ အပူထွက်ရုံ၊ ကြည်လင်သန့်ရှင်းရုံတင် မဟုတ်ပါ။ နှစ်ခြိုက်စွာအိပ်ပျော်ခြင်း အကျိုးထူးလည်း ခံစားရပါသည်။ အိပ်ကောင်းရခြင်းအကြောင်းမှာ မျက်လုံးအားရှိသွားသောကြောင့်ပင်။

ရွှေမျက်စဉ်းကို မျက်စိအာရုံစိုက်လုပ်ရသည့် ပညာရှင်များအတွက် ရည်ရွယ်၍ ဖော်စပ်ထားသော်လည်း သက်ကြီးရွယ်အို ဘိုးဘွားမိဘများက ပို၍အကြိုက်တွေ့လျက် ရှိပါသည်။ အမြင်ကြည်လင်သွားရုံတင်မဟုတ်ဘဲ အိပ်ကောင်းသည်၊ ပေါ့ပါးသည်ဟု ခံစားရကာ ၎င်းတို့၏ အသည်းစွဲဖြစ်ခဲ့ရလေသည်။

“ ဆရာတော့်မျက်စဉ်းက ခတ်ပြီးနာရီဝက်အတွင်း တန်းသိသာတာ၊ ကြည်လင်ရုံတင်မကဘဲ စိတ်ပါလန်းသွားတာ”ဟု အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး ရှေ့နေကြီးတစ်ဦးက အားရဝမ်းသာ လျှောက်ထားလာပါသည်။
“ ဆရာတော့်မျက်စဉ်းက အမြင်ရှင်းရုံမကဘဲ ခေါင်းပါပေါ့သွားတာ”ဟုလည်းကောင်း၊ “အရင်တုန်းက ညညဆို အိပ်မပျော်ဘူး၊ အခုတော့ အိပ်လို့ကောင်းလိုက်တာဘုရား”ဟုလည်းကောင်း ခတ်ပြီးသူတိုင်း ချီးကျူးမကုန် ဖြစ်ခဲ့ရပါသည်။

အချို့ဆိုလျှင် သွားလေရာ ဆောင်ထားပြီး ပင်ပန်းတိုင်း မျက်စဉ်းခတ်၍ အနားယူတတ်ကြပါသည်။ စာရေးသူကိုယ်တိုင်လည်း အလုပ်ပင်ပန်းလျှင် မျက်စဉ်းမခတ်ဘဲ မနေနိုင်တော့ပါ။ မျက်စဉ်းခတ်လိုက်ရမှ အားရှိသကဲ့သို့လည်းကောင်း၊ ပေါ့ပါးလန်းဆန်းသကဲ့သို့လည်းကောင်း ခံစားရကာ တက်ကြွစွာ အလုပ်လုပ်နိုင်ပါတော့သည်။

ညအိပ်ရာဝင်တိုင်း မျက်စဉ်းခတ်ပါသည်။
မျက်စဉ်းမခတ်ဘဲ မနေနိုင်တော့ပါ။
မျက်စဉ်းအကျိုးကျေးဇူး သိရှိထားသောကြောင့် ဖြစ်ပါသည်။

ရွှေမျက်စဉ်းကို အစွဲကြီးစွဲသူတို့က စွဲလန်းစေသောဆေးဝါးပစ္စည်းများ ထည့်စပ်ထားသည်ဟု ထင်မြင်ကြပါသည်။ မန်ကျည်းသီးမှည့်နှင့် သဘာဝမိုးရေသာ ပါဝင်ပါသည်။ ဆီလည်းမပါ ဆားလည်းမပါ။ ဓာတုဗေဒပစ္စည်း မဆိုထားဘိ အခြားဆေးဖက်ဝင်အရာဝတ္ထုတစ်ခုမျှ မပါဝင်ပါ။
တစ်ခုတော့ရှိပါသည်။
ညစဉ် ဘုရားသောက်တော်ရေများ ပက်ဖျန်းကာ သစ္စာဆို မေတ္တာပို့၍ ဆုတောင်းပေးလေ့ ရှိပါသည်။
စွဲလန်းစရာ ဘိန်း(မူးယစ်ဆေးဝါး)မပြောနှင့် ဆီနှင့် ဆားတောင် မပါဝင်သည့် သဘာဝရွှေမျက်စဉ်းကို တစ်ညလောက်တော့ စမ်းခတ်ကြည့်စေချင်ပါသည်။
သစ္စာ မေတ္တာစွမ်းအင်ကို သိစေချင်သောကြောင့် ဖြစ်ပါသည်။

ဘာဆေးတွေ ဘယ်လိုထက်ထက်
ဒါလေးတော့ ခတ်အိပ်ပါ။

ရွှေမျက်စဉ်းဆရာတော်
7.9.2020