ထုတ်ပြန်ကြေညာချက်သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြစန္ဒီကွင်း၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)ပေးပို့အပ် သော အမျိုးသားရေးသဝဏ်လွှာ။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ့တပ်မတော်ထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်းတို့….

ယနေ့အချိန်အခါသည် သုနက္ခတ္တံ သုမင်္ဂလံဆိုသည့်အတိုင်း ကောင်းသောနက္ခတ်
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသော မင်္ဂလာနေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။

ကရင်တိုင်းရင်းသူတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုဝတ်စုံများဖြင့် အင်တိုက်အားတိုက် တက်ရောက်အားပေးနေကြမည်ကို တွေးကြည့်ရုံမျှပင် ကျက်သရေမင်္ဂလာ ရှိလှပေသည်။

ကရင်ပြည်နယ်သည် အစဉ်အလာကောင်းများဖြစ်ထွန်းပေါ်ပေါက်ရာ ထူးခြားသည့်ပြည်နယ်ကြီး တစ်ခု ဖြစ်ခဲ့ပါသည်။

သာမညဆရာတော်ဘုရားကြီး၊ ဇွဲကပင်ဆရာတော်ဘုရားကြီး၊ မြိုင်ကြီးငူ ဆရာတော်ကြီးတို့သည် ကရင်ပြည်နယ်၏ အဖိုးအနဂ္ဃထိုက်တန်သည့် နှလုံးသည်းအူများဖြစ်ကြပါသည်။

ထို့အတူပင် အမျိုးဘာသာ သာသနာအတွက် ခိုင်ခံ့သော ခံတပ်ကြီးများသဖွယ် အကာအကွယ် ပေးတော်မူသော ခံတပ်မှူးကြီးများလည်း ဖြစ်ပါသည်။

ထိုဆရာတော်ကြီးများ၏ ကျေးဇူးတရားကား အံ့မခန်းနိုင်ခဲ့ပါ။
ထိုဆရာတော်ကြီးများ၏ အရိပ်အာဝါသအောက်မှာ ခိုလှုံကြရသော ကရင်သူ ကရင်သားများ ကံထူးကြပါသည်။

ထိုဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ မြန်မာ့တပ်မတော်ထောက်ခံပွဲကြီး ကျင်းပနိုင်ခဲ့သည်ကို ဂုဏ်ယူမဆုံးနိုင်ခဲ့ပါ။

အမိမြန်မာပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရုံတင်မကဘဲ ရခိုင်တိုင်းရင်းသားတို့၏ အသက်အိုးအိမ်နှင့် ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ အမျိုးဘာသာ သာသနာကိုပါ ကာကွယ်နေရသော မြန်မာ့ တပ်မတော်သည် ဂျီဟဒ်ဝါဒီတို့၏ လုပ်ကြံတိုက်ခိုက်မှုကြောင့် နိုင်ငံတကာဖိအားဒဏ် အလူးအလဲ ခံနေရပေပြီ။

အမေရိကန်နှင့် အီးယူတို့သည် နိုင်ငံကြီးဝါဒကျင့်သုံးကာ မြန်မာ့တပ်မတော်အပေါ် အနိုင်ကျင့်နေကြသကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂသည်လည်း ပဋိညာဉ်ကို ချိုးဖောက်ကာ နိုင်ငံငယ်လေးတစ်ခု ဖြစ်သော အမိန်မြန်မာပြည်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားမှုများ ဆက်တိုက်ဆိုသလို ပြုမူလာသည်ကိုလည်း တွေ့မြင်နေရပေသည်။

မြန်မာ့တပ်မတော်အတွက် တစ်ခုတည်းသော အားထားရာကား ရဟန်းရှင်လူ ပြည်သူများသာ ဖြစ်ပါသည်။

ယခုလို လူထုထောက်ခံပွဲကြီးများ ကျင်းပ၍ မြန်မာ့တပ်မတော်အပေါ် အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝဖြင့် မေတ္တာအရိပ်ပေးကြကုန်သော ကရင်သူ ကရင်သားများကို ကျေးဇူးအထူးတင်ပါသည်။

ကရင်ပြည်နယ်ကြီးလည်း ဂျီဟဒ်အန္တရာယ်ကင်းပါစေ။

ပြည်ထောင်စုကြီးလည်း ဂျီဟဒ်အန္တရာယ်ကင်းပါစေ။

ကမ္ဘာကြီးလည်း ဂျီဟဒ်အန္တရာယ်ကင်းပါစေ။

မြန်မာ့တပ်မတော်ကို ထောက်ခံသောအားဖြင့် မတရားသောနည်းဖြင့် အစ္စလာမ်ဇာတ်သွင်းခြင်း တည်းဟူသော အစ္စလာမ်မိုက်ဇေးရှင်း အန္တရာယ်ကြီး မြန်မာ့မြေပေါ်မကျရောက်အောင် ကာကွယ်စောင့် ရှောက်သွားကြပါစို့ သူတော်ကောင်းအပေါင်းတို့။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)