သတင်း

ထားဝယ်မြို့ ဝင်းသိင်္ဂီမိသားစု အလှူတော

13.11.2017 ရက်နေ့ မနက် 11:00 နာရီ ထားဝယ်မြို့ သစ်စေးပင်ကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ဝင်းသိင်္ဂီစတိုးမိသားစုရဲ့ အလှူတော်ပါ။ ထားဝယ်မဘသ နောင်တော်ညီတော်များနှင့် ဆွမ်းအတူစားပြီး အလှူရှင်မိသားစုနှင့် မှတ်တမ်းတင်ကြပါတယ်။
ဝေယျာဝစ္စအဖွဲ့ ကလေးငယ်များအား သြဝါဒပေးကြပါတယ်။

သာသနာရယ် ပညာရယ် ယဉ်ကျေးမှုရယ် ဘဝတစ်ခုအတွက် အရေးအကြီးဆုံး အချက်သုံးခုပါ။ သာသနာကို ဦးထိပ်ထားလို့ ပညာရေးကို ဦးစားပေးဖို့ ယဉ်ကျေးမှုကို မြတ်နိုးဖို့ တိုက်တွန်းပြောကြားခဲ့တာပါ။ သစ်စေးပင်ကျောင်းဆရာတော်လေးနှင့်လည်း ခင်မင်ရင်းနှီးခဲ့ပါတယ်။