သတင်း









 

“မန်း မဘသ တတိယအကြိမ် ယဉ်ကျေးလိမ္မာစာမေးပွဲကြီးကျင်းပ”

ကဆုန်လပြည့်ကျော်(၁၁)ရက်၊ (10.5.2018)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပရိယတ္တိသာသနဟိတအသင်းတိုက် ဦးလှသိန်း သာသနာ့ဗိမာန်မှာ ကျင်းပပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး (မန်းမဘသ)အဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ ယဉ်ကျေးလိမ္မာသင်တန်းများမှ သင်တန်းသူသင်တန်းသား (၉၀၀)ကျော် တက်ရောက်ဖြေဆိုကြပါတယ်။ တတိယအကြိမ် ယဉ်ကျေးလိမ္မာစာမေးပွဲဖြစ်ပါတယ်။

ဂုဏ်ထူးရသူများ၊ အထူးအောင်များနှင့် နှစ်သိမ့်ဆုများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာပါ။ ယနေ့ နေ့လယ်စာကို မဟာဝိဇယဆရတော်ကြီး ဦးဝိစာရက ဆက်ကပ်လှူဒါန်းကျွေးမွေးပြီး အအေးကုသိုလ်ရှင်ကတော့ အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ MK ကျောက်မျက်လုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်းမိသားစု ဖြစ်ပါတယ်။ ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့ကလည်း ရေသန့်ဘူးများ လာရောက်လှူဒါန်းသွားပါတယ်။

ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/