သတင္း

ငပလီၿမဳိ႕ ေက်ာင္းေရစက္ခ်ပြဲ(၂)

4.5.2018 ရက္ေန႔၊ ည (၈း၀၀)နာရီမွာ ငပလီၿမဳိ႕၊ ဂ်ိတ္ေတာရပ္ကြက္၊ ပုလဲရတနာပရိယတၱိစာသင္တုိက္ ႏွစ္(၃၀)ျပည့္ ပုလဲရတုအခမ္းအနားႏွင့္ ပင္မသာသနဗ်ဴဟာေက်ာင္းေဆာင္ ေရစက္ခ်ပြဲအခမ္းအနားျပင္ ေဟာေျပာပြဲသို႔ ေရာက္ပါတယ္။

ပုလဲရတနာဆရာေတာ္က အဖြင့္ၾသဝါဒမိန္႔ၾကားၿပီး မစုိးရိမ္တုိက္ႀကီး နိရုတၱိဆရေတာ္ ဘဒၵႏၲဣႏၵာစကၠာဘိဝံသ၊ ေဇတဝန္ဆရာေတာ္ ေဒါက္တာအရွင္ေသာပါက၊ စာေရးဆရာႀကီးေမာင္ေသြးခၽြန္တုိ႔က အမ်ဳိးဘာသာ သာသနာေရးႏွင့္ပတ္သက္ၿပီး တရားစကားမ်ား ေဟာေျပာၾကပါတယ္။ စာေရးသူက ေနာက္ဆံုးမွာေဟာၾကားပါတယ္။ ရွင္သာရိပုတၱရာ၏ သာသနာျပဳနည္း၊ ရွင္မဟာကစၥည္းမေထရ္၏ သာသနာျပဳနည္း၊ အရွင္ပိလိႏၵဝစၧမေထရ္၏ သာသနာျပဳနည္းတုိ႔ကုိ ျဖစ္ရပ္မ်ားျဖင့္ ေဟာၾကားခဲ့ပါတယ္။ ျမတ္ဗုဒၶ၏ သာသနာျပဳနည္းလည္း ထည့္ေဟာပါတယ္။ ပုလဲရတနာဆရာေတာ္ႀကီးရဲ႕ နည္းဗ်ဴဟာေတြပါ။ အဆိုပါမေထရ္မ်ားႏွင့္ ျမတ္စြာဘုရားနည္းဗ်ဴဟာေတြနဲ႔ တူေနလို႔ပါပဲ။

ပရိယတၱိႏွင့္ ပဋိပတၱိ အလုပ္ႏွစ္ခုတည္းကိုပဲ ဘုန္းႀကီးအလုပ္လုိ႔ ေျပာေနတဲ့သူေတြဟာ ပိဋကတ္ေတာ္ မႏွံ႔စပ္လုိ႔ပါ။
ဘုရားရဲ႕လမ္းစဥ္ သာဝကေတြရဲ႕လမ္းစဥ္ကို သတိမထားမိလုိ႔ ေျပာေနၾကျခင္းသာ ျဖစ္ပါတယ္။

ျမတ္စြာဘုရားရဲ႕သာသနာေတာ္မွာ စာသင္စာခ်ရံု တရားေဟာတရားျပရံု တရားက်င့္တရားထုိင္ရုံ ဒါေလးနဲ႔ သာသနာျပဳေနတာကိုပဲ ဘုန္းႀကီးေတြရဲ႕အလုပ္လို႔ ယူဆေနတာ မွားပါတယ္။

ဘုန္းႀကီးေတြကလည္း ဒါပဲလုပ္ရမယ္လို႔ ယူဆေနရင္ မွားပါတယ္။ ဘုန္းႀကီးေတြလုပ္ရမယ့္အလုပ္ေတြ အမ်ားႀကီးပါ။
သာသနာေတာ္မွာ ဒီမေထရ္ေတြရဲ႕အစဥ္အလာ၊ ျမတ္စြာရားဘုရားရဲ႕ လမ္းစဥ္ေတြ အမ်ားႀကီးရွိပါတယ္။

ရွင္သာရိပုတၱရာရဲ႕ နည္းဗ်ဴဟာ၊ ငပလီၿမဳိ႕ရဲ႕ ပုလဲသာသနာ၊
ကစၥည္းမဟာရဲ႕ နည္းဗ်ဴဟာ၊ ငပလီၿမဳိ႕ရဲ႕ ပုလဲသာသနာ၊
ပိလိႏၵမေထရ္ရဲ႕ နည္းဗ်ဴဟာ၊ ငပလီၿမဳိ႕ရဲ႕ ပုလဲသာသနာ၊
ဗုဒၶဘုရားရဲ႕ နည္းဗ်ဴဟာ၊ ငပလီၿမဳိ႕ရဲ႕ ပုလဲသာသနာ၊
ပုလဲရတနာ ေထရ္ဆရာ၊ ဝေႏၵဝႏၵာမိပါဘုရား၊
ပုလဲရတနာ ေထရ္ဆရာ၊ ပူေဇပူဇာမိပါဘုရား၊

ဝီရသူ ဝက္ဘ္ဆိုဒ္ (အဂၤလိပ္) https://eng.wirathu.com/
၀ီရသူ ဝက္ဘ္ဆုိဒ္ (ျမန္မာ) = https://www.wirathu.com/
ဝီရသူ ဘေလာ့ = https://wirathu.blogspot.com/

“ငပလီမြို့ ကျောင်းရေစက်ချပွဲ(၂)”

4.5.2018 ရက်နေ့၊ ည (၈း၀၀)နာရီမှာ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာပရိယတ္တိစာသင်တိုက် နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားနှင့် ပင်မသာသနဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနားပြင် ဟောပြောပွဲသို့ ရောက်ပါတယ်။

ပုလဲရတနာဆရာတော်က အဖွင့်သြဝါဒမိန့်ကြားပြီး မစိုးရိမ်တိုက်ကြီး နိရုတ္တိဆရတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ ဇေတဝန်ဆရာတော် ဒေါက်တာအရှင်သောပါက၊ စာရေးဆရာကြီးမောင်သွေးချွန်တို့က အမျိုးဘာသာ သာသနာရေးနှင့်ပတ်သက်ပြီး တရားစကားများ ဟောပြောကြပါတယ်။ စာရေးသူက နောက်ဆုံးမှာဟောကြားပါတယ်။ ရှင်သာရိပုတ္တရာ၏ သာသနာပြုနည်း၊ ရှင်မဟာကစ္စည်းမထေရ်၏ သာသနာပြုနည်း၊ အရှင်ပိလိန္ဒဝစ္ဆမထေရ်၏ သာသနာပြုနည်းတို့ကို ဖြစ်ရပ်များဖြင့် ဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓ၏ သာသနာပြုနည်းလည်း ထည့်ဟောပါတယ်။ ပုလဲရတနာဆရာတော်ကြီးရဲ့ နည်းဗျူဟာတွေပါ။ အဆိုပါမထေရ်များနှင့် မြတ်စွာဘုရားနည်းဗျူဟာတွေနဲ့ တူနေလို့ပါပဲ။

ပရိယတ္တိနှင့် ပဋိပတ္တိ အလုပ်နှစ်ခုတည်းကိုပဲ ဘုန်းကြီးအလုပ်လို့ ပြောနေတဲ့သူတွေဟာ ပိဋကတ်တော် မနှံ့စပ်လို့ပါ။
ဘုရားရဲ့လမ်းစဉ် သာဝကတွေရဲ့လမ်းစဉ်ကို သတိမထားမိလို့ ပြောနေကြခြင်းသာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့သာသနာတော်မှာ စာသင်စာချရုံ တရားဟောတရားပြရုံ တရားကျင့်တရားထိုင်ရုံ ဒါလေးနဲ့ သာသနာပြုနေတာကိုပဲ ဘုန်းကြီးတွေရဲ့အလုပ်လို့ ယူဆနေတာ မှားပါတယ်။

ဘုန်းကြီးတွေကလည်း ဒါပဲလုပ်ရမယ်လို့ ယူဆနေရင် မှားပါတယ်။ ဘုန်းကြီးတွေလုပ်ရမယ့်အလုပ်တွေ အများကြီးပါ။
သာသနာတော်မှာ ဒီမထေရ်တွေရဲ့အစဉ်အလာ၊ မြတ်စွာရားဘုရားရဲ့ လမ်းစဉ်တွေ အများကြီးရှိပါတယ်။

ရှင်သာရိပုတ္တရာရဲ့ နည်းဗျူဟာ၊ ငပလီမြို့ရဲ့ ပုလဲသာသနာ၊
ကစ္စည်းမဟာရဲ့ နည်းဗျူဟာ၊ ငပလီမြို့ရဲ့ ပုလဲသာသနာ၊
ပိလိန္ဒမထေရ်ရဲ့ နည်းဗျူဟာ၊ ငပလီမြို့ရဲ့ ပုလဲသာသနာ၊
ဗုဒ္ဓဘုရားရဲ့ နည်းဗျူဟာ၊ ငပလီမြို့ရဲ့ ပုလဲသာသနာ၊
ပုလဲရတနာ ထေရ်ဆရာ၊ ဝန္ဒေဝန္ဒာမိပါဘုရား၊
ပုလဲရတနာ ထေရ်ဆရာ၊ ပူဇေပူဇာမိပါဘုရား၊

ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/