ထုုတ္ျပန္ေၾကညာခ်က္သတင္း

ဓမၼသဟာယေက်ာင္းနာယက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထား

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတုိ႔တြင္ လတ္တေလာျဖစ္ပြားေနေသာ တုိက္ပြဲမ်ားကိုအေၾကာင္းျပဳ၍ ေတာင္းဆိုဆႏၵျပလာသူမ်ားအေပၚ မႏၲေလးၿမဳိ႕ မစိုးရိမ္တုိက္သစ္၊ မဟာေအာင္ေျမၿမဳိ႕နယ္ ဓမၼသဟာယေက်ာင္းနာယက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထား

သာသနာႏွစ္ ၂၅၆၂၊ ေကာဇာသကၠရာဇ္ ၁၃၈၀-ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္(၁၃)ရက္၊ (12.5.2018)၊ စေနေန႔

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတုိ႔တြင္ လတ္တေလာျဖစ္ပြားေနေသာ တုိက္ပြဲမ်ားႏွင့္ပတ္သက္၍ ဆႏၵျပပြဲ မ်ား က်င္းပေတာင္းဆိုေနၾကသည္ကို ေတြ႔ရွိရသည္။

ထိုဆႏၵျပသမားမ်ားတြင္ ရုန္႔ရင္းၾကမ္းတမ္းစြာ ျမန္မာ့တပ္မေတာ္ကို ေစာ္ကားေမာ္ကား ေျပာဆိုေနၾကသူမ်ား ပါဝင္ေန သည္ကိုလည္း ေတြ႔ရသည္။ အမွန္တကယ္ၿငိမ္းခ်မ္းေရးကိုလုိလား၍ စစ္ပြဲရပ္ေရး ထိုးစစ္ရပ္ေရး ေတာင္းဆိုေနျခင္းမ်ဳိးမဟုတ္ဘဲ ကိုယ့္လူအေရးနိမ့္လာသျဖင့္ အေရးသာသူကို မေက်နပ္ျခင္း၊ ကိုယ့္လူအေရးနိမ့္ေနသည္ကို မခံမရပ္ႏိုင္ျဖစ္ေနျခင္းေၾကာင့္ ရင္ဖြင့္လိုျခင္း ရန္ေထာင္လိုျခင္းမ်ားသာ ျဖစ္ေနသည္ကို ေတြ႔ျမင္ေနရသည္။

ရပ္ကြက္အတြင္း ရန္ပြဲမ်ားျဖစ္ေနစဥ္ ျဖန္ေျဖသူက ႏွစ္ဦးႏွစ္ဖက္လံုးကိုမထိန္းဘဲ တစ္ဦးတစ္ဖက္ကိုသာ တစ္ဖက္သတ္ ဟန္႔တားထားပါက အျခားတစ္ဦး တစ္ဖက္က အခြင့္အေရးသာသြားျခင္း၊ အခြင့္ေကာင္းရသြားျခင္းတုိ႔ေၾကာင့္ အဟန္႔အတား ခံထားရသည့္ တစ္ဦးတစ္ဖက္မွာ ခ်ဳပ္ထားခံရသလိုျဖစ္သြားၿပီး မ်ားစြာနစ္နာႏိုင္ပါသည္။ ယခုစစ္ပြဲမွာ လက္သီးခ်င္းထုိးၾကသည့္ အရပ္ဖက္ရန္ပြဲ မဟုတ္ပါ။ က်ည္ဆံမ်ားႏွင့္ ပစ္ခတ္ေနသည့္ စစ္ပြဲတစ္ခုသာ ျဖစ္သည္။ ထုိးစစ္ရပ္ဖို႔ အျပင္းအထန္ တစ္ဖက္ သတ္ေတာင္းဆိုေသာေၾကာင့္ ထိုးစစ္မ်ား ရပ္တန္႔လိုက္ရပါလွ်င္ အျခားတစ္ဖက္သူမ်ား၏ ပစ္ခတ္မႈကို မရႈမလွ ခံၾကရေပမည္။
စစ္ပြဲဆိုသည္မွာ တစ္ဦးတစ္ဖက္တည္းႏွင့္ တိုက္ခိုက္၍ ရေကာင္းေသာတုိက္ပြဲမဟုတ္ပါ။ အျပန္အလွန္ တုိက္ခိုက္ၾကေသာ စစ္ပြဲႀကီးသာ ျဖစ္ပါသည္။ အမွန္တကယ္ ၿငိမ္းခ်မ္းလုိပါလွ်င္ ႏွစ္ဦးႏွစ္ဖက္လံုး အပစ္အခတ္ရပ္စဲေအာင္ ေတာင္းဆုိရပါမည္။ ႏိုင္ငံေတာ္အစိုးရကိုယ္တုိင္ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရး၊ တိုင္းျပည္ၿငိမ္းခ်မ္းေရးအတြက္ ပင္လံုညီလာခံႀကီး အႀကိမ္ႀကိမ္္က်င္းပ လ်က္ ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္ရြက္ေနသည္ကိုလည္း ေတြ႔ရပါသည္။

စစ္ပြဲႀကီးတစ္ခုျဖစ္ပြားၿပီဆုိလွ်င္ ႏွစ္ဦးႏွစ္လံုးမွ ႏိုင္င့ံသားေကာင္းမ်ား လက္လြတ္ဆံုးရႈံးရသည္ခ်ည္း ျဖစ္ပါသည္။ အျပစ္မဲ့ျပည္သူမ်ား ေျမစာပင္ ျဖစ္ရသည္ခ်ည္း ျဖစ္ပါသည္။ တုိင္းျပည္ဖြံ႔ၿဖဳိးတုိးတက္မႈထိခိုက္ျခင္း၊ ျပည္သူ႔ဘ႑ာမ်ားဆံုးရႈံးျခင္း စသည့္ အနိ႒ာရံုမ်ားကုိ မည္သူမွ် ျမင္ေတြ႔လိုၾကမည္မဟုတ္ပါ။ ျပည္ေထာင္စုဖြား တိုင္းရင္းသားညီေနာင္အခ်င္းခ်င္း ပစ္ခတ္သတ္ျဖတ္ေနျခင္းျဖင့္ ျပည္သူ႔အက်ဳိးစီးပြားကို ေဖာ္ေဆာင္ႏုိင္မည္မဟုတ္ပါ။

ၿငိမ္းခ်မ္းေရးကို လိုလားသူမ်ားသည္ အပစ္အခတ္ရပ္စဲေရး (NCA မွာ လက္မွတ္ထိုးႏိုင္ေရး)အတြက္ ပထမဦးဆံုး ေတာင္းဆုိ ရမည္ျဖစ္ပါသည္။ ၎ေနာက္ ထာဝရၿငိမ္းခ်မ္းေရးရေအာင္ ဆက္လက္ေတာင္းဆုိရမည္ျဖစ္ပါသည္။ ထိုသုိ႔မဟုတ္ဘဲ ယခုလို တစ္ဖက္သတ္ေတာင္းဆိုပါက ၿငိမ္းခ်မ္းေရးကုိ အမွန္တကယ္လုိလားသူမဟုတ္ဟု သတ္မွတ္သည္။ တုိင္းျပည္ တည္ၿငိမ္မႈ ပ်က္ျပားေအာင္ ျပည္သူလူထု စိတ္ကသိကေအာက္ျဖစ္ေအာင္ တရားဥပေဒစုိးမိုးမႈ အဟန္႔အတား ျဖစ္ေအာင္ ႏိုင္ငံေတာ္ အစုိးရအား မထီမဲ့ျမင္ ျပဳေနသူမ်ားသာျဖစ္သည္ဟု သတ္မွတ္သည္။ ၎တုိ္႔၏ ၿငိမ္းခ်မ္းေရးအေယာင္ျပ လုပ္ေဆာင္ ေနေသာ အဖ်က္အေမွာင့္လုပ္ရပ္မွန္သမွ်ကို ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း သေဘာထားအမွန္ကို ထုတ္ျပန္ေၾကညာလိုက္သည္။

ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္
ဘဒၵႏၲဝိစိတၱာဘိ္ဝံသ – အရွင္ဝီရသူ (မစိုးရိမ္)
ဓမၼသဟာယေက်ာင္းနာယက၊ မစုိးရိမ္တုိက္သစ္၊
မဟာေအာင္ေျမၿမဳိ႕နယ္၊ မႏၲေလးၿမဳိ႕

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကိုအကြောင်းပြု၍ တောင်းဆိုဆန္ဒပြလာသူများအပေါ် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား

သာသနာနှစ် ၂၅၆၂၊ ကောဇာသက္ကရာဇ် ၁၃၈၀-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၃)ရက်၊ (12.5.2018)၊ စနေနေ့

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ဆန္ဒပြပွဲ များ ကျင်းပတောင်းဆိုနေကြသည်ကို တွေ့ရှိရသည်။

ထိုဆန္ဒပြသမားများတွင် ရုန့်ရင်းကြမ်းတမ်းစွာ မြန်မာ့တပ်မတော်ကို စော်ကားမော်ကား ပြောဆိုနေကြသူများ ပါဝင်နေ သည်ကိုလည်း တွေ့ရသည်။ အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလား၍ စစ်ပွဲရပ်ရေး ထိုးစစ်ရပ်ရေး တောင်းဆိုနေခြင်းမျိုးမဟုတ်ဘဲ ကိုယ့်လူအရေးနိမ့်လာသဖြင့် အရေးသာသူကို မကျေနပ်ခြင်း၊ ကိုယ့်လူအရေးနိမ့်နေသည်ကို မခံမရပ်နိုင်ဖြစ်နေခြင်းကြောင့် ရင်ဖွင့်လိုခြင်း ရန်ထောင်လိုခြင်းများသာ ဖြစ်နေသည်ကို တွေ့မြင်နေရသည်။

ရပ်ကွက်အတွင်း ရန်ပွဲများဖြစ်နေစဉ် ဖြန်ဖြေသူက နှစ်ဦးနှစ်ဖက်လုံးကိုမထိန်းဘဲ တစ်ဦးတစ်ဖက်ကိုသာ တစ်ဖက်သတ် ဟန့်တားထားပါက အခြားတစ်ဦး တစ်ဖက်က အခွင့်အရေးသာသွားခြင်း၊ အခွင့်ကောင်းရသွားခြင်းတို့ကြောင့် အဟန့်အတား ခံထားရသည့် တစ်ဦးတစ်ဖက်မှာ ချုပ်ထားခံရသလိုဖြစ်သွားပြီး များစွာနစ်နာနိုင်ပါသည်။ ယခုစစ်ပွဲမှာ လက်သီးချင်းထိုးကြသည့် အရပ်ဖက်ရန်ပွဲ မဟုတ်ပါ။ ကျည်ဆံများနှင့် ပစ်ခတ်နေသည့် စစ်ပွဲတစ်ခုသာ ဖြစ်သည်။ ထိုးစစ်ရပ်ဖို့ အပြင်းအထန် တစ်ဖက် သတ်တောင်းဆိုသောကြောင့် ထိုးစစ်များ ရပ်တန့်လိုက်ရပါလျှင် အခြားတစ်ဖက်သူများ၏ ပစ်ခတ်မှုကို မရှုမလှ ခံကြရပေမည်။
စစ်ပွဲဆိုသည်မှာ တစ်ဦးတစ်ဖက်တည်းနှင့် တိုက်ခိုက်၍ ရကောင်းသောတိုက်ပွဲမဟုတ်ပါ။ အပြန်အလှန် တိုက်ခိုက်ကြသော စစ်ပွဲကြီးသာ ဖြစ်ပါသည်။ အမှန်တကယ် ငြိမ်းချမ်းလိုပါလျှင် နှစ်ဦးနှစ်ဖက်လုံး အပစ်အခတ်ရပ်စဲအောင် တောင်းဆိုရပါမည်။ နိုင်ငံတော်အစိုးရကိုယ်တိုင် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ပင်လုံညီလာခံကြီး အကြိမ်ကြိမ်ကျင်းပ လျက် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရပါသည်။

စစ်ပွဲကြီးတစ်ခုဖြစ်ပွားပြီဆိုလျှင် နှစ်ဦးနှစ်လုံးမှ နိုင်ငံ့သားကောင်းများ လက်လွတ်ဆုံးရှုံးရသည်ချည်း ဖြစ်ပါသည်။ အပြစ်မဲ့ပြည်သူများ မြေစာပင် ဖြစ်ရသည်ချည်း ဖြစ်ပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုထိခိုက်ခြင်း၊ ပြည်သူ့ဘဏ္ဍာများဆုံးရှုံးခြင်း စသည့် အနိဋ္ဌာရုံများကို မည်သူမျှ မြင်တွေ့လိုကြမည်မဟုတ်ပါ။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်နေခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။

ငြိမ်းချမ်းရေးကို လိုလားသူများသည် အပစ်အခတ်ရပ်စဲရေး (NCA မှာ လက်မှတ်ထိုးနိုင်ရေး)အတွက် ပထမဦးဆုံး တောင်းဆို ရမည်ဖြစ်ပါသည်။ ၎င်းနောက် ထာဝရငြိမ်းချမ်းရေးရအောင် ဆက်လက်တောင်းဆိုရမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ယခုလို တစ်ဖက်သတ်တောင်းဆိုပါက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူမဟုတ်ဟု သတ်မှတ်သည်။ တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားအောင် ပြည်သူလူထု စိတ်ကသိကအောက်ဖြစ်အောင် တရားဥပဒေစိုးမိုးမှု အဟန့်အတား ဖြစ်အောင် နိုင်ငံတော် အစိုးရအား မထီမဲ့မြင် ပြုနေသူများသာဖြစ်သည်ဟု သတ်မှတ်သည်။ ၎င်းတို့်၏ ငြိမ်းချမ်းရေးအယောင်ပြ လုပ်ဆောင် နေသော အဖျက်အမှောင့်လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားအမှန်ကို ထုတ်ပြန်ကြေညာလိုက်သည်။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော်
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက၊ မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့