Daily Archives: May 12, 2018

ထုတ်ပြန်ကြေညာချက်သတင်း

ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကိုအကြောင်းပြု၍ တောင်းဆိုဆန္ဒပြလာသူများအပေါ် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား သာသနာနှစ် ၂၅၆၂၊ ကောဇာသက္ကရာဇ် ၁၃၈၀-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၃)ရက်၊ (12.5.2018)၊ စနေနေ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ဆန္ဒပြပွဲ များ ကျင်းပတောင်းဆိုနေကြသည်ကို တွေ့ရှိရသည်။ ထိုဆန္ဒပြသမားများတွင် ရုန့်ရင်းကြမ်းတမ်းစွာ မြန်မာ့တပ်မတော်ကို စော်ကားမော်ကား ပြောဆိုနေကြသူများ ပါဝင်နေ သည်ကိုလည်း တွေ့ရသည်။ အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလား၍ စစ်ပွဲရပ်ရေး ထိုးစစ်ရပ်ရေး တောင်းဆိုနေခြင်းမျိုးမဟုတ်ဘဲ ...