Monthly Archives: April 2020

အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၄)

ဂျပန်အစိုးရလို ပြည်သူကို မထောက်ပံ့နိုင်လို့ ပြောနေကြတာမှ မဟုတ်တာ၊စင်္ကာပူအစိုးရလောက်တော့ စောင့်ကြည့်ခံပြည်သူတွေကို စောင့်ရှောက်စေလိုလို့ ပြောကြတာ။ ရိက္ခာအိမ်စေ့ မပေးနိုင်လို့ ပြောကြတာမှ မဟုတ်တာ၊ချို့တဲ့နွမ်းပါး စားစရာမဲ့ပြည်သူတွေ အိမ်စေ့ရစေချင်လို့ ပြောကြတာ။ တတ်နိုင်သလောက်လေး ထောက်ပံ့နေတာကို အပြစ်ပြောနေကြတာမှ မဟုတ်တာ၊လူစုလူဝေး ရိက္ခာပေးတာဟာ ပြည်သူတွေရောဂါပိုး ကူးစက်နိုင်လို့ ပြောကြတာ။ ရိက္ခာထောက်ပံ့တာကို ဝမ်းမသာနိုင်လို့မှ မဟုတ်တာ၊ရောဂါမကူးစက်အောင် ပေးဝေနည်း၊ အမှန်တကယ်ဆင်းရဲသည့် ပြည်သူ့လက်ထဲ အရောက်ပို့နည်းတွေ စီမံမပေးလို့ ပြောကြတာ။ Quarantine ၊ Lock Down ၊ Home Stay တွေ ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၃)

ကိုဗစ်အရေးမှာ ကူစရာဘဏ္ဍာမရှိတော့လောက်အောင် မွဲနေတာကို ဝမ်းသာလို့ ပြောကြတာမှ မဟုတ်တာ၊အရေးပေါ်ရန်ပုံငွေတွေကို သာသနာဖျက်အဖွဲ့ကို ပေးပစ်လိုက်လို့ ပြောကြတာ။ ကိုဗစ်အတွက် အလှူခံနေတာကို မကြိုက်လို့မှ မဟုတ်တာ၊ဇိမ်ခံကားတွေ ရဟတ်ယာဉ်တွေနဲ့ ဘဏ္ဍာငွေတွေ ဖြုန်းတီးပစ်လို့ ပြောကြတာ။ ပြည်သူကို စေတနာမရှိလို့ အစိုးရအဖွဲ့ထံ မလှူကြတာမှမဟုတ်တာ၊ခေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် သိန်းပေါင်း သိန်းချီငွေတွေနဲ့ ပြည်သူကို ကြည်ဖြူစွာ ကူလေမလားလို့ မျှော်လင့်မိလို့ ပြောကြတာ။ အစိုးရအဖွဲ့ရဲ့လစာတွေ NLDအမတ်တွေရဲ့လစာတွေ ပြည်သူကိုမလှူကြလို့ ပြောကြတာမှ မဟုတ်တာ၊ပြည်သူ့ဘဏ္ဍာငွေထဲကနေ ဖက်ရှင်ဝတ်စုံတွေ ဝယ်ယူသုံးစွဲနေတာလေးကိုတော့ အခုလို အရေးပေါ်ကာလကြီးမှာ အားနာပါးနာ ခြွေတာသင့်တယ်ထင်လို့ ပြောကြတာ။ ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၂)

မက်စ်ချုပ်တတ်တာကို မနာလိုတိုရှည်ဖြစ်ကြတာမှ မဟုတ်တာ၊ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်တဲ့ မက်စ်အမျိုးအစားကြီးဖြစ်နေလို့ ပြောကြတာ။ ကျန်းမာရေးဝန်ထမ်းတွေကို သူရဲကောင်းဘွဲ့ချီးမြှင့်နေတာ မကြိုက်လို့မှ မဟုတ်တာ၊ကိုယ်တိုင်သွားရောက်အားပေးသင့်ပါလျက် အခန်းထဲကမထွက်လို့ ပြောကြတာ။ ဗွီဒီယိုဆွေးနွေးခန်းတွေကို မကြိုက်လို့မှ မဟုတ်တာ၊ဆွေးနွေးခန်းလေးတစ်ခုတည်းကိုပဲ အလုပ်ကြီးအကိုင်ကြီးထင်ပြီး စည်းစိမ်ယစ်မူးနေလို့ ပြောကြတာ။ အလုပ်မလုပ်လို့ ပြောကြတာမှမဟုတ်တာ၊အလုပ်လုပ်ပုံ နည်းလမ်းမကျလို့ ပြောကြတာ။ မဟုတ်တာတွေ လုပ်နေလို့ ပြောကြတာမှမဟုတ်တာ၊လုပ်တာတွေ မဟုတ်လို့သာ ပြောကြတာ။ ဒီမိုကရေစီခေတ်မှာ အစိုးရခေါင်းဆောင်ကို ဝေဖန်ခွင့်မရှိဘူးဆိုရင်လည်း လက်တို့လိုက်ပါဦးနော်။ အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့လို့ အတိုက်အခံစကား နားထောင်မိခဲ့ဖူးလို့ပါ။ ဝေဖန်သူတွေရဲ့ နှလုံးသားတွေထဲမှာ ပြည်သူ့အကျိုးလိုလားတာတွေ များနေတာကိုတော့ မြင်အောင်ကြည့်ပေးသင့်ကြောင်းပါ။ ...
အဆိုအမိန့်

“ချစ်လို့လား မုန်းလို့လား” (၁)

မြန်မာပြည်သူတွေနဲ့ မထိတွေ့စေချင်လို့မှ မဟုတ်တာ၊ကြိုတင်ကာကွယ်ရင် ရရဲ့သားနဲ့ လျှောက်သွားနေလို့ ပြောကြတာ။ ဗိုင်းရပ်စ်ပြန့်စေချင်လို့မှ မဟုတ်တာ၊လူထုတွေ့ဆုံပွဲတွေ အားရအောင်လုပ်ပြီးမှ သူများလုပ်လို့မရအောင် ပိတ်ပစ်လိုက်လို့ ပြောကြတာ။ ဖေ့စ်ဘုတ်သုံးတာ မကြိုက်လို့မှ မဟုတ်တာ၊ပြည်သူတွေ ကပ်ဆိုက်နေချိန်မှာ အခန်းအောင်း လိုင်းသုံးပြီး ဇိမ်ခံနေလို့ ပြောကြတာ။ လိုင်းပေါ်ကနေ ငိုပြစေချင်လို့မှ မဟုတ်တာ၊လူကြီးပီပီ ဣနြေ္ဒသိက္ခာနဲ့ တည်တည်တန့်တန့်နေရမှာကို ပြီတီတီလုပ်ပြနေလို့ ပြောကြတာ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးနေတာကို မကြိုက်တာမှ မဟုတ်တာ၊သူများကိုတော့ မြှောက်ပင့်ပေးပြီး ကိုယ်တိုင်ကျ အခန်းထဲကတောင် မထွက်ရဲဘူးဆိုတာ ပေါ်လွင်နေလို့ ပြောကြတာ။ နိုင်ငံ့ခေါင်းဆောင်ကို နိုင်ငံသူနိုင်ငံသားတွေ ဝေဖန်ကြတာ၊ ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ

(၃) “စာချကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) မနက်အိပ်ရာထမှ အစိန္တေယျဘုရားရှိခိုးရွတ်ဆိုပူဇော်ပြီး မေတ္တာပို့ပြီးသည့်အခါ စာဝါချဖို့ ပြင်ဆင်ရပါသည်။ မနက် ၉း၃၀ နာရီမှာ အဋ္ဌသာလိနီစာဝါ ပို့ချရပါသည်။ စာချတန်းစာဝါဖြစ်ပြီး စာဝါပို့ချဖို့အတွက် အဋ္ဌကထာစာအုပ်၊ ပြည်နိသျစာအုပ်နှင့် ဝါကျဥယျာဉ်၊ မဏ္ဍိုင်နှင့် လက်ရေးမူမှတ်စုစာအုပ်များ ကြည့်ရှုရပါသည်။ မှတ်စုသီးခြားထုတ်နှုတ်ထားခြင်းမရှိပါ။ မိမိရရှိထားသော နည်းနာနိသျများနှင့် တိုက်ဆိုင်ညှိကြည့်ကာ အဖြစ်သင့်ဆုံး အဖြေတစ်ခုရအောင် ထုတ်ပေးသည့်နည်းကို ပို့ချပေးပါသည်။ နေ့စဉ် ဝါကျအတွက် မိနစ် ၅၀ခန့်ပို့ချကာ နိပါတ်(၁၀)အတွက် ပဋ္ဌာန်းပစ္စည်းပြိုင်နည်းကို ဆယ်မိနစ်ခန့် ပို့ချပေးပါသည်။ အကြောင်းမှာ ...
အဆိုအမိန့်

“ ခေါင်းဆောငလား ခေါင်းရှောင်လား”

ခေါင်းဆောင်ကောင်းဆိုတာ ပြည်သူတွေ ဆင်းရဲနေချိန်မှာ ပြည်သူနဲ့အတူ ရှိနေတတ်သူပြည်သူတွေ ဘေးသင့်နေချိန်မှာ ပြည်သူ့ဘက်မှာ ရပ်တည်တတ်သူပြည်သူတွေ အန္တရာယ်ကျရောက်ချိန်မှာ အသက်ပေး၍ ကာကွယ်တတ်သူရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်တတ်သူပြည်သူ့အားကို လိုအပ်တဲ့အခါ ‘ပြည်သူနဲ့အတူ’ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ပြတတ်ပြီး ပြည်သူဒုက္ခရောက်တဲ့အခါ အခန်းထဲက မထွက်ဘဲ အပေါ်ယံလောက်ပဲ ဟန်ရေးပြနေတတ်သူမျိုးကတော့ နောက်လိုက်ကောင်းအဆင့်တောင် မရှိပါဘူး။ ဝီရသူ(မစိုးရိမ်)24.4.2020 “ ခေါင်းဆောငလား ခေါင်းရှောင်လား” ခေါင်းဆောင်ကောင်းဆိုတာ ပြည်သူတွေ ဆင်းရဲနေချိန်မှာ ပြည်သူနဲ့အတူ ရှိနေတတ်သူပြည်သူတွေ ဘေးသင့်နေချိန်မှာ ပြည်သူ့ဘက်မှာ ရပ်တည်တတ်သူပြည်သူတွေ အန္တရာယ်ကျရောက်ချိန်မှာ အသက်ပေး၍ ကာကွယ်တတ်သူရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ...
Uncategorized

အာဃာတဖြေဖျောက်နည်း

(ပံသုကူလိကနည်း)ဝစီကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ပံသုကူအဝတ်ပမာ၊ကောင်းရာကိုသာ ဖြတ်ယူပါ၊ ကောင်းရာကိုသာ နှလုံးသွင်းပါ။ (သေဝါလပဏကနည်း)ကာယကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ရေညှိရေကန်ဥပမာ၊ရေကြည်ကိုသာ သောက်သုံးပါ၊ ကောင်းကွက်ကိုသာ နှလုံးသွင်းပါ။ (ဂေါပီတကနည်း)ကိုယ်နှုတ်မူရာ မစင်ကြယ်ရာ၊ နွားခြေခွက်ရေဥပမာ၊လေးဘက်ထောက်ကာ ရေသောက်ပါ၊ စိတ်ကြည်လင်ရာ နှလုံးသွင်းပါ။ (ဗာနွဂိလာနနည်း)ကံသုံးပါးမှာ မစင်ကြယ်ရာ၊ ခရီးသွားလူနာဥပမာ၊ကရုဏာထားကာ ကူညီပါ၊ ကရုဏာထားကာ နှလုံးသွင်းပါ။ (သီတောဒကနည်း)ကံအားလုံးမှာ စင်ကြယ်ရာ၊ ရေကောင်းရေကြည်ဥပမာ၊စိတ်တိုင်းကျသာ သုံးဆောင်ပါ၊ စိတ်တိုင်းကျသာ နှလုံးသွင်းပါ။ (အင်္ဂုတ်တိုရ်၊ပဉ်စကနိပ်တ်၊ဒုတိယအာဃာတပဋိဝိနယသုတ်) ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်) ဟောကြားတော်အပ်သောမေတ္တာစေတောဝိမုတ္တိ “မေတ္တာသည်သာ လွတ်မြောက်ရာ” တရားတော် (အမှတ်-၉) အာဃာတဖြေဖျောက်နည်း (ပံသုကူလိကနည်း)ဝစီကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဋ/နိဂုံး)

“ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေကွာ” ကိုဆွေဝင်းသွားနေတဲ့ လမ်းကြောင်းကလည်း အတိုင်ပင်ခံလမ်းကြောင်းကြီးလိုပဲ တရားရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနေတာ တွေ့ရတယ်။ အတိုင်ပင်ခံကြီးကြည့်ပါ့လား ICJအမှုမှာတရားရေးကို နိုင်ငံရေးနည်းနဲ့ သွားဖြေရှင်းလိုက်တာ ဖောင်းဘောတွေ မိသွားပါလေရော။ သာဝန်ကိုစာထုတ်ခိုင်းရတာနဲ့၊ ဥပဒေချုပ်ထိ သဘောလားမှတ်ချက်တက်ယူရတာနဲ့၊ အီးယူဥက္ကဋ္ဌကိုယ်တိုင်တရားရုံးကြားနာပွဲ လာရောက်နားထောင်မယ် သတင်းလွှင့်ရတာနဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကြေညာချက်ထုတ်ရတာနဲ့ စုံနေတာကိုကြည့်ရင် ကိုဆွေဝင်းလည်း ရာဇဝတ်မှုကို တရားရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး အမှုကို အစဖျောက်ဖို့ ကြံစည်နေသလား အောက်မေ့ရတယ်နော်။ တရားလိုကို ထောင်ထဲထည့် သက်သေတွေကို လက်စားချေတားပြီး လူရှေ့သူရှေ့မှာ မခုတ်တတ်တဲ့ကြောင်ကလေးလို မျက်နှာငယ်လေးနဲ့ ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂)“အရုဏ်ဆွမ်းကျင့်စဉ် မေတ္တာအစိန္တေယျ” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာရေးသူ မနက်အစော အရုဏ်ဆွမ်းအဖြစ် နေ့စဉ် ယာဂု(ဆန်ပြုတ်) သောက်ပါသည်။ ကျန်းမာရေးအတွက် ဖြစ်ပါသည်။ အရံအာဟာရအဖြစ် ကျောင်းသားများဆက်ကပ်သည်များလည်း ဘုဉ်းပေးသုံးဆောင်ပါသည်။ ပလာတာ၊ ထပ်တစ်ရာ၊ ပဲနံပြား၊ ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ မြီးရှည် စသည်ဖြင့် ကျောင်းသားများ ဝယ်ယူဆက်ကပ်တတ်ကြပါသည်။ ဒါယကာ ဒါယိကာမများ လှူဒါန်းထားသည့် အခွံမာသီးအပါအဝင် ငါးခြောက်ကြော်၊ ငါးကြော် စသည်များလည်း ပါဝင်ပါသည်။ ယာဂုနှင့် အခွံမာသီးများကို ပုံမှန်ဘုဉ်းပေးရလေ့ရှိပြီး အခြားအာဟာရများကိုမူ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (န)

“ ပြည့်တန်းဆာမမှာလည်း သိက္ခာနဲ့ပါပဲ” ကိုဆွေဝင်းက နိုင်ငံရေးသမားတစ်ပိုင်း သတင်းသမားတစ်ပိုင်း ဖြစ်လို့လားမသိဘူး တော်တ်ာအကွက်မြင်တာတွေ့ရတယ်။ ဦးပဉ္စင်းတို့ တိုက်ပွဲပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး အမှုရုပ်သိမ်းအောင် လုပ်နိုင်ခဲ့တယ်။ လုပ်အားရှိအောင်လည်း အရပ်ဘက်အဖွဲ့အစည်းဆိုသူတွေက အမှုရုပ်သိမ်းပေးဖို့ တောင်းဆိုတာ တွေ့ရတယ်။ အားလုံးဟာ အချိန်ကိုက်ပဲနော်။ အကွက်တွေက လှတယ်ပေါ့။ ဒီမိုကရေစီမှာ အရပ်ဘက်အဖွဲ့အစည်းတွေက တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့် ရှိတယ်ဆိုတဲ့ သဘောပေါ့နော်။ မဟာအောင်မြေတရားသူကြီးမကလည်း တရားလိုတစ်ယောက်လုံးကို ငုတ်တုတ်ထားပြီး အမှုရုပ်သိမ်းပေးလိုက်ရတယ်လို့ အတော်သတ္တိကောင်းတာပဲနော်။ ရှေ့နေမရဲ့စကားအရ ဥပဒေချုပ်ရဲ့ မှတ်ချက်က ပဓာနကျပုံပါပဲ။ ကိုကျော်မျိုးရွှေ ၆၆(ဃ)နှင့် အစွဲခံရတယ်။ ...
အဆိုအမိန့်

ဒေါသဖြေနည်း နိဿယည်း

ရုပ်ရည်အိုမင်း ယိုယွင်းတာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ ချမ်းချမ်းသာသာ အိပ်မရတာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ စီးပွားပျက်တာ ဘဝပျက်တာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ စည်းစိမ်ပျက်တာ အခြေပျက်တာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ နာမည်ပျက်တာ အရှက်ရတာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ အထိးကျန်တာ အကျည်းတန်တာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။ အသဲမလှတာ ငရဲကျတာ ရန်သူကြိုက်စရာ၊ရန်သူသဘောကျ ဒေါသဟာ ငါ့အတွက်ရှက်စရာ။(အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ ကောဓနသုတ်။) ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်) ဟောကြားတော်အပ်သောမေတ္တာစေတောဝိမုတ္တိ “ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဓ)

“ ဆောင်ပုဒ်ကို ဗြောင်ဖြုတ်သင့်နေပြီ” မြန်မာနောင်းရဲ့ ဆောင်ပုဒ်ကိုလည်းတွေ့ရတယ်။ အဲဒီဆောင်ပုဒ်အတိုင်း အမှန်တရားကို ဖော်ထုတ်ရေးသားကြေးဆိုရင် အတိုင်ပင်ခံကြီးရဲ့ ဖက်ရှင်ဝတ်စုံတွေ၊ ဝန်ကြီးတွေ ဝန်ချုပ်တွေရဲ့ အဂတိ၊ ဂိုရှယ်လေးရုပ်သံထဲက သူခိုးအိမ်ကြီးအကြောင်း၊ YBS အရှုပ်တော်ပုံ၊ YBSနဲ့ ဘင်္ဂလီတွေခိုးသွင်းမှုများ၊ NLDနဲ့ ဘင်္ဂလီတို့ရဲ့ နောက်ကွယ်အကြောင်းတရား၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ငွေကြေးပမာဏနဲ့ စပွန်ဆာပေးနေသူများ၊ အတိုင်ပင်ခံ အဂတိ ကင်း မကင်း၊ အတိုင်ပင်ခံကြီး ဒေါ်လာ ၂၁၅သန်းတောင် ချမ်းသာနေပြီဆိုတာ ဟုတ် မဟုတ်၊ အစိုးရပုံရိပ်ကျမှာစိုးလို့ ပါတီသိက္ခာကျမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မန်းမြို့ဒူတာတေးအပါအ၀င် ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေရဲ့ ...
သတင်း

“မစိုးရိမ်တိုက်သစ် သံဃာတော်များအတွက် Mask အလှူတော်”

17.4.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ သံဃာတော်များအတွက်မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်းနှင့် ၇၃×၇၄လမ်းကြား၊ မစောယုလှိုင်၊ မခင်မျိုးမြင့် (SY- Collection Uf Tu Date Taylor Shop) မိသားစုမှ Mask များ လာရောက်လှူဒါန်းသွားပါတယ်။ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းခြင်းဖြစ်ပြီး ကျောင်းဘုန်းကြီး ဦးကုဏ္ဍလမှ လက်ခံကာ ကျောင်းတိုက်ရှိသံဃာတော်များအား ပြန်လည်ဝေငှလှူဒါန်းပါတယ်။ အလှူရှင်များ ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မစိုးရိမျတိုက်သစ် သံဃာတော်များအတွက် Mask အလှူတော်” 17.4.2020 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဒ)

“သတင်းသမားက စစ်ထောက်လှမ်းရေးဝင်လုပ်နေ” မီဒီယာတွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံကြီးက မေးခွန်းထုတ်ခဲ့ဖူးသေးတယ်။ “မီဒီယာတွေ ဘယ်ကငွေကြေးနဲ့ လည်ပတ်နေတာလဲ”တဲ့။ မြွေမြွေချင်း ခြေမြင်လို့ ဟန့်လိုက်တာနေမှာပေါ့နော်။ ဟိုတလောက Eleven Media Group ရေးသားတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ “သတင်းသမားတွေက အလှူခံပုဂ္ဂိုလ်တွေလား၊ မီဒီယာတွေက အလှူခံအဖွဲ့အစည်းတွေလား”ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာပါ။ အမေရိကန်ဒေါ်လာ ၂၅သန်းတန် စီမံကိန်းအတွက် ရွေးချယ်ခံရတဲ့အဖွဲ့သုံးဖွဲ့ထဲမှာ မြန်မာနောင်းပါဝင်နေပါတယ်။ အစွန်းထွက်လေးနဲ့တင် စားမကုန်အောင် ချမ်းသာနေပါပြီ။ အဲဒီငွေတွေယူထားတာကို ပြည်သူတွေမသိအောင် ဖုန်းကွယ်လိုတဲ့သဘောနဲ့ လိုင်းပေါ်မှာ အလှူခံပြနေတာဟာ မျက်ရည်ခြူတဲ့အနေနဲ့ ငိုပြတာလားကွာ။ အဲဒီငွေတွေရလို့ ရခိုင်မကောင်းကြောင်း၊ ဘုန်းကြီးမကောင်းကြောင်း၊ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ထ)

“ရှေ့နေမမနဲ့ တရားသူကြီးမမ”ငွေကြေးအကုန်အကျ များရတဲ့အကြောင်းတရားထဲမှာ ရှေ့နေတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းရတာလည်း ပါဝင်မှာပါနော်။ ပထမဆုံးရှေ့နေ(ဆိုသူ)ကြီးက ဗလိုင်းသမားကြီးပါ။ ရုပ်သံဖွင့်ပြထားတာတောင် “ဒါ-ကိုဆွေဝင်းပြောတာမဟုတ်ဘဲ အိုင်တီနည်းပညာနဲ့ လုပ်ကြံထားတာ မဖြစ်နိုင်ဘူးလား”ဆိုပြီး ဗြောင်ငြင်းလို့ ကိုဆွေဝင်းဘက်တော်သား တရားသူကြီးမကတောင် သဘောကျလို့ ပြုံးမိသွားသေးတယ်။ အခုနောက်ဆုံး ရှေ့နေမကတော့ အတော်အားကိုးရမှာပါနော်။ တရားသူကြီးမကိုလည်း အတော်ပိုင်ပုံရတယ်။ အခြားအမှု စစ်ဆေးနေချိန်မှာတောင် ရုံးခန်းထဲဝင်ပြီး မှာကြားနေလို့ စစ်လက်စအမှုကို ရပ်ထားပြီး သူမှာတာနားထောင်ပေးရတဲ့အဆင့်ထိ ပေါက်မြောက်တာပါ။ ဦးပဉ္စင်းတို့ မစိုးရိမ်တိုက်သစ်ထဲထိလာပြီး ဂျင်းထည့်သွားလို့ ဦးပဉ္စင်းရဲ့နောင်တော်ကြီးက အထင်လွဲပြီး သက်သေပြန်ရုပ်သိမ်းဖို့လုပ်ပါသေးတယ်။ အဲဒါကို စာရေးခိုင်းပြီး ...
သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁)

“နံနက်ခင်းကျင့်စဉ် အာရက္ခတရားလေးပါး” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာရေးသူ မနက်အိပ်ရာနိုးသည့်အခါ ချက်ချင်းအိပ်ရာမထပါ။ နာရီကြည့်ပြီး ခဏပြန်မှိန်းနေတတ်ပါသည်။ ထိုသို့ပြန်မှိန်းနေခိုက်မှာ ဂုဏ်တော်ပွားများနေတတ်ပါသည်။ ဂုဏ်တော်ပွားများနေတတ်သည်မှာ နေ့စဉ်နီးပါးဖြစ်ပြီး တစ်ခါတရံတွင်မူ နှလုံးခုန်သံကို တရားရှုမှတ်နေတတ်ပါသည်။ အိပ်ရာနိုးလျှင်နိုးချင်း နှလုံးခုန်သံကို နားစွင့်တတ်ပါသည်။ နှလုံးခုန်သံ လုံးဝ မကြားရသည့်နေ့များက ပိုများသည်။ နှလုံးခုန်သံကြားရသည့်နေ့က လွန်စွာနည်းပါးလှပါသည်။ နှလုံးခုန်သံမကြားရလျှင် ဂုဏ်တော်ပွားများနေတတ်ပြီး နှလုံးခုန်သံကြားရသည့်နေ့တွင် နှလုံးခုန်သံကို တရားမှတ်နေတတ်ပါသည်။ ငါးမိနစ် ဆယ်မိနစ်ကြာသည့်အခါ (ရံဖန်ရံခါ နာရီဝက်ကြာသည့်အခါ)မှ အိပ်ရာထပါသည်။ အိပ်ရာထလျှင်ထချင်း နနွင်းနှင့်ပျားရည် တေထားသည့်ဆေးလုံးငါးလုံး သောက်သုံးကာ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(တ)

“ဒေတာချင်းပြိုင်မှာလား ဝေဒနာချင်းပြိုင်မှာလား”အဲဒီအထဲ စတုတ္ထမဏ္ဍိုင်ဆုရှင် ကိုဆွေဝင်းကြီး ပါမပါတော့ မသိဘူးပေါ့။ ဦးပဉ္စင်း ထောင်ထဲမှာ ဝိနည်းနဲ့အညီ ဘယ်လိုနေခဲ့တယ်၊ အကျဉ်းသားတွေကို ဘယ်လိုအကျိုးပြုခဲ့တယ်၊ သူ့အပေါ် ဘယ်လိုကူညီခဲ့တယ်၊ ဘုရားတရား ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကိုအောင်စိုးအသိဆုံးပါ။ အဲဒီအကြောင်းတွေ တစ်လုံးမှမပါအောင် ပြောသွားတာဆန်းတယ်နော်။ ဦးဇင်းပေါက်နဲ့ အင်တာဗျူးယူထားပြီးမှ ဘာလို့မထည့်တော့တာလဲ။ ကြည်ညိုစရာတွေပါနေတာက မြန်မာနောင်း မူဝါဒနဲ့ မညီလို့ပဲလား၊ ကိုဆွေဝင်းအပါအဝင် မီဒီယာလောကသားတွေက ဝီရသူကျဆုံးအောင် အမြဲတန်း ထိုးနှက်တိုက်ခိုက်နေကြတာ တွေ့ရတယ်။ ဓမ္မေ ဌိတံ န ဝိဇဟတိ ကိတ္တိ (အမှန်တရားဘက်ရပ်တည်နေသူ-အမှန်တရားဘက်တော်သားကို ကျော်ကြားမှုက ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ည)

“ဗုဒ္ဓဘာသာဖြစ်ပြီး ဘုန်းကြီးမကောင်းကြောင်းပဲ ရေးတတ်တဲ့ သတင်းထောက်ကြီး”လိုင်းပေါ်မှာ ကိုဆွေဝင်းတရားစခန်းဝင်တဲ့အကြောင်း၊ အင်းစိန်ထောင်တရားစခန်းကိုလည်း သွားရောက်ကူညီကြောင်း ဘုန်းတော်ဖွဲ့၊ ဂုဏ်တော်ဖွဲ့တွေ ရေးထားတာလည်း ဖတ်ရပါတယ်။ ဒါပေမဲ့ ကိုဆွေဝင်းဟာ တကယ်ဗုဒ္ဓဘာသာဝင်ဟုတ်လား မဟုတ်လားဆိုတာတော့ ကိုဆွေဝင်းမှ သိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမကောင်းကြောင်း ဗုဒ္ဓဘာသာမကောင်းကြောင်း နှိုက်နှိုက်ချွတ်ချွတ် ပယ်ပယ်နယ်နယ် ပစ်ပစ်ခါခါ ပက်ပက်စက်စက် မိုက်မိုက်ကန်းကန်း မဲမဲမှောင်မှောင် ယုတ်ယုတ်မာမာ ရက်ရက်စက်စက် အထူးစပါယ်ရှယ် အတုံးလိုက်အတစ်လိုက် အပုတ်ချရေးသားနေတာတွေ အမြဲလိုလို တွေ့နေရလို့ပါ။ သီတဂူဆရာတော် ရွာမဆရာတော် ဇွဲကပင်ဆရာတော်စတဲ့ သံဃာ့ဥသျှောင်ဆရာတော်ကြီးတွေ ဦးဆောင်တဲ့ မဘသအဖွဲ့ကြီးကိုတောင် လူသတ်မှုထဲဆွဲထည့်ပြီး ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဈ)

“တိုက်ရင် တန်းနစ်မှတော့ တိုက်တန်းနစ်ကြီးပေါ့”ကိုဆွေဝင်းရေ ရဟန်းသံဃာတို့ လူပုဂ္ဂိုလ်တို့မပြောနဲ့ တိရစ္ဆာန်တွေကို စော်ကားပြစ်မှားရင်တောင် အပြစ်ရှိပါတယ်ကွာ။ တိရစ္ဆာန်ကို ပြစ်မှားလို့ အရှင်လတ်လတ်ငရဲကျရတဲ့ သီလ၀နာဂရာဇဇာတ်တော် ငါးရာငါးဆယ်နိပါတ်တော်ထဲမှာ ရှိပါတယ်နော်။ အိုးဝေညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်ထဲမှာလည်း ဖတ်ဖူးပါတယ်။ ပင်လယ်ထဲက ရေခဲတောင်လိုပေါ့။ ရေပေါ်ပေါ်နေတာက သေးသေးလေးဆိုပြီး အထင်မသေးနဲ့လေ။ ရေအောက်ထုထည်က နည်းမှမနည်းတာ။ အမြင်နဲ့တင် အထင်သေးပြီး ၀င်တိုက်မိလို့ သင်္ဘောမှောက်ခဲ့ရတဲ့ ရာဇဝင် အထင်အရှားရှိခဲ့ပါတယ်ကွာ။ ဒါကြောင့် အသံ၊ဟန်၊ ဝါစာလေးတင်ကြည့်ပြီး မုန်းတီးပြစ်မှားနေမယ်ဆိုရင်တော့ စေတနာနဲ့ ဒေတာထုထည်ကြီးကို ဝင်တိုက်မိတော့မှာပဲလေ။ တိုက်တန်းနစ်ပေါ့နော်။ တိုက်ရင် တန်းနစ်သွားတာပေါ့။ ...
သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဇ)

“တစ်စုံတရာက သတိပေးနေသလား”စပ်ဆက်မေးစရာရှိလာတာက ကိုဆွေဝင်း သံတွဲခရီးမှာ ခဲစထိမှန်တယ်ဆိုတဲ့သတင်းပါ။ ကျောက်မိုင်းခွဲရာမှ အစအနလာထိမှန်သလိုလို၊ လုပ်ကြံခံရသလိုလို ရေးနေကြတာကြောင့် အဲဒီဖြစ်စဉ်လေး မခြွင်းမချန် အမှန်အတိုင်း ထုတ်ပြန်ပေးပါလားကွာ။ လုပ်ကြံတယ်ဆိုရင်လည်း မီးခြစ်ဆံခေါင်းသာသာ ခဲစလေးနဲ့ အလုပ်ဖြစ်ပါ့မလား။ ခြေထောက်ကိုချောင်းပစ်တာကကော သဘောလောက်ပြချင်တဲ့ သဘောလား။လေကာမှန်ကို မပစ်ဘဲ တံခါးလက်ကိုင်ကို ပစ်တယ်ဆိုတာကကော သေစေချင်လို့ပဲလား တွေးစရာလေးတွေမို့ပါ။ လုပ်ကြံတာမဟုတ်ဘူး၊ တိုက်ဆိုင်တာဆိုရင်တော့ သတိထားတော့ ကိုဆွေဝင်းရေ…။ တစ်စုံတရာက သတိပေးနေပြီလို့ ပြောရတော့မှာပဲကွာ။ ခင်ပွန်းကြီးဆယ်ပါးဆိုတာ ကြားဖူးမှာပေါ့နော်။ အဲဒီထဲမှာ ဓမ္မကထိကဆိုတာ ပါတယ်နော်။ မတော်တဆ စိတ်ထဲမှာပြစ်မှားမိရုံလေးနဲ့တင် ပြန်တောင်းပန်သင့်တဲ့ ...