သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(ည)

“ဗုဒၶဘာသာျဖစ္ၿပီး ဘုန္းႀကီးမေကာင္းေၾကာင္းပဲ ေရးတတ္တဲ့ သတင္းေထာက္ႀကီး”
လိုင္းေပၚမွာ ကိုေဆြဝင္းတရားစခန္းဝင္တဲ့အေၾကာင္း၊ အင္းစိန္ေထာင္တရားစခန္းကိုလည္း သြားေရာက္ကူညီေၾကာင္း ဘုန္းေတာ္ဖြဲ႔၊ ဂုဏ္ေတာ္ဖြဲ႔ေတြ ေရးထားတာလည္း ဖတ္ရပါတယ္။ ဒါေပမဲ့ ကိုေဆြဝင္းဟာ တကယ္ဗုဒၶဘာသာဝင္ဟုတ္လား မဟုတ္လားဆိုတာေတာ့ ကိုေဆြဝင္းမွ သိမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဘုန္းႀကီးမေကာင္းေၾကာင္း ဗုဒၶဘာသာမေကာင္းေၾကာင္း ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ ပယ္ပယ္နယ္နယ္ ပစ္ပစ္ခါခါ ပက္ပက္စက္စက္ မုိက္မိုက္ကန္းကန္း မဲမဲေမွာင္ေမွာင္ ယုတ္ယုတ္မာမာ ရက္ရက္စက္စက္ အထူးစပါယ္ရွယ္ အတုံးလုိက္အတစ္လိုက္ အပုတ္ခ်ေရးသားေနတာေတြ အၿမဲလိုလို ေတြ႔ေနရလို႔ပါ။ သီတဂူဆရာေတာ္ ရြာမဆရာေတာ္ ဇဲြကပင္ဆရာေတာ္စတဲ့ သံဃာ့ဥေသွ်ာင္ဆရာေတာ္ႀကီးေတြ ဦးေဆာင္တဲ့ မဘသအဖဲြ႔ႀကီးကိုေတာင္ လူသတ္မႈထဲဆြဲထည့္ၿပီး ေမးခြန္းထုတ္တာမ်ဳိးေတာင္ ေတြ႔ရတယ္။ေထရ္ႀကီး၀ါႀကီးဆရာေတာ္ႀကီးေတြကို လူေရွ႕သူေရွ႕ ပရိသတ္ေရွ႕(သတင္းစာရွင္းလင္းပဲြ)မွာ လူသတ္မႈနဲ႔ အမႈတြဲရဲတယ္ဆိုတာ ေတာ္ရုံတန္ရုံမိုက္မဲမႈနဲ႔ေတာ့ မျပစ္မွားရဲဘူးေနာ။
အဲဒီလို ဘုန္းႀကီးမေကာင္းေၾကာင္း၊ ရခုိင္မေကာင္းေၾကာင္း၊ ဗမာမေကာင္းေၾကာင္း၊ ဗုဒၶဘာသာမေကာင္းေၾကာင္းေတြပဲ ရွာေဖြေရးသားေနတာ ဘာရည္ရြယ္ခ်က္န႔ဲလဲ ေမးခ်င္တယ္ကြာ။ အျပဳသေဘာေဝဖန္ေထာက္ျပတဲ့ပုံစံနဲ႔ ေရးသားတဲ့ ျပဳျပင္ေရးေဆာင္းပါးေတြမဟုတ္ဘဲ မေကာင္းသတင္းနဲ႔ သတင္းမေကာင္းတာေတြ၊ သတင္းဆိုးနဲ႔ ဆိုးသတင္းေတြပဲ တစ္ဖက္သတ္ေရးသားေနတာေတြရဲ႕ ေနာက္ကြယ္မွာ အေၾကာင္းရင္းတစ္ခုေတာ့ ရွိရမယ္ေလကြာ။
အယ္ဒီတာခ်ဳပ္ႀကီး သတိထားမိမလား မေျပာသာဘူး။ မီဒီယာေလာကမွာ ဗုဒၶဘာသာက်ဆံုးသြားပါၿပီ။ ေယာဂီေဒၚနႏၵမာလာကိုေတာ့ ေဒၚမတပ္ဘဲ နႏၵမာလာလို႔ ေရးသားၾကတဲ့ မ်က္ႏွာဖံုးသတင္းမ်ဳိး ေတြ႔ေနရေပမယ့္ ရႈိင္းေအာင္ေဇာ္ဝင္းက် ဦးေအာင္ေဇာ္ဝင္းလုိ႔ တရိုတေသ ေရးသားေနၾကတယ္။ ေဒၚနႏၵမာလာရဲ႕အမႈက လိမ္လည္မႈသာျဖစ္တယ္။ ရႈိင္းေအာင္ေဇာ္ဝင္းအမႈက အၾကမ္းဖက္အဖြဲ႔နဲ႔ပတ္သက္မႈျဖစ္တယ္။ တုိင္းျပည္နဲ႔လူမ်ဳိးအတြက္ ဘယ္သူက အႏၲရာယ္ႀကီးပါသလဲ။ ကိုၾကည္လင္းကိုက်ေတာ့ ၾကည္လင္းလို႔ပဲ ေရးၾကတယ္။ ေဆာက္လုပ္ေရးေက်ာ္ျမင့္က် ဦးေက်ာ္ျမင့္လို႔ ေရးသားၾကတယ္။ အဲဒီလိုပဲ ဘုန္းႀကီးမေကာင္းသတင္းေတြ ရွာေဖြေရးၾကေပမယ့္ သာယာဝတီမွာ ကုလားမက သကၤန္းထဲ ေဆးျပားေတြထည့္ၿပီး ေထာင္ထဲသြင္းဖို႔ လုပ္တဲ့သတင္းက် ရဲတပ္ဖြဲ႔က အတိအလင္းထုတ္ျပန္ေနတာေတာင္ ေရွာင္ၾကတယ္။
ကိုေဆြဝင္းဟာ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္ရိုးမွန္ရင္ မီဒီယာေလာကကို ျပည္လွည့္ၾကည့္ေစခ်င္ပါတယ္။ ဗုဒၶဘာသာကို ပစ္မွတ္ထား တုိက္ခိုက္ေနၾကတဲ့ မီဒီယာေတြကို တစ္ဖက္တစ္လမ္းကေန ျပဳျပင္ေပးေစခ်င္ပါတယ္။ ပုလင္းတူဘူးဆို႔ေတြျဖစ္ေနမယ္ဆိုရင္ေတာ့ မေျပာတတ္ေတာ့ဘူးေပါ့ကြာ။

“ျပည္သူကို မ်က္လံုးတစ္ဖက္ကြယ္ေအာင္ လုပ္တဲ့သူ”
ဦးပဥၥင္းနဲ႔ပတ္သက္တဲ့ သတင္းေတြလည္း ဝရမ္းေျပးဘုန္းႀကီးတို႔ အစြန္းေရာက္ဘုန္းႀကီးတုိ႔ စံုေနေအာင္ တစ္ဖက္သတ္ေရးသားေနတာေတြလည္း ေတြ႔ရတယ္။အင္တာဗ်ဴးရင္လည္း ဆန္႔က်င္ဘက္ေတြဆီပဲ သြားဗ်ဴး၊သေဘာထားမွတ္ခ်က္ေတြေတာင္းရင္လည္း အျမင္မတူသူ အျမင္မၾကည္သူ အျမင္မေကာင္းသူေတြကိုပဲ ဖုန္းဆက္လွမ္းေမး၊အမည္မေဖာ္လိုသူတို႔ ျပည္သူတစ္ဦးတို႔ မဟနဆရာေတာ္တစ္ပါးတို႔နဲ႔ အမနာပေတြ ေရးသားၾကတာေတြလည္း စုံေနတာပါပဲ။၀ီရသူကိုေထာက္ခံတဲ့ ႏိုင္ငံေရးသမားေတြ ေရွ႕ေနေတြ သံဃာေတာ္ေတြ ျပည္သူေတြ တစ္ေယာက္မွ မရွိေတာ့ဘူးလားကြာ။ဘယ္ေဟာေျပာခ်က္က ၁၂၄(က)နဲ႔ ၿငိတယ္၊ဘယ္စကားက မမွန္မကန္ ေျပာဆိုတယ္၊ ႏိုင္ငံတကာမွာလည္း ဒီမိုကေရစီအစိုးရေတြက အစိုးရကို ေ၀ဖန္သူဆို အခုလိုပဲ စမကပုဒ္မနဲ႔ ႏွိပ္ကြပ္ေလ့ ရွိတယ္/မရွိဘူး၊ျပည္သူ႔အစိုးရက ေ၀ဖန္တဲ့ ျပည္သူကို အခုလို ၁၂၄(က)နဲ႔ အေရးယူတာဟာ ဒီမိုကေရစီသေဘာတရား လူ႔အခြင့္အေရး လြတ္လပ္စြာေဟာေျပာခြင့္နဲ႔ အေ၀ဖန္မခံႏိုင္ရင္ အစိုးရမလုပ္နဲ႔ဆိုတဲ့ ေတာ္လွန္ေရးကာလအတိုက္အခံစကားနဲ႔ ညီ/မညီ ဆိုတာေတြ တမင္တကာထိန္ခ်န္ထားတာဟာ အေတာ္အတန္အဆင့္အတန္းရွိတဲ့ လူသာမန္အရပ္သားတစ္ဦးေတာင္္ စိတ္မကူး၀ံ့တဲ့ အကုသိုလ္ေတြပါေမာင္။ အဲဒီလို အေရးအသားမ်ဳိးဟာ စာနယ္ဇင္းက်င့္ဝတ္နဲ႔ ညီလားကြာ၊ မီဒီယာသမား ပီသသလားကြာ၊ စတုတၳမ႑ဳိင္သမားေတြေရာ ဟုတ္ႏိုင္ပါ့မလားကြာ။ အဲဒီလိုပဲ နာမည္တပ္ေဟာတာမဟုတ္ဘဲ ေဒၚေအာင္ဆန္းစုၾကည္ကို ဘယ္လိုေျပာတယ္ဆိုၿပီး တုိက္ရိုက္ႀကီး ေရးသားေနၾကတယ္။ သူရေအာင္ကိုကို ေအာင္နက္လုိ႔ေခၚတယ္ဆိုၿပီး ေရးသားေနၾကတယ္။ တကယ္ဆိုရင္ ရည္ညႊန္းဆိုတဲ့စကားလံုးေလးေတာ့ ထည့္သင့္တယ္မဟုတ္လား။ “ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ညႊန္းေျပာဆို”ဆိုတာမ်ဳိးပဲ ျဖစ္ရမွာမဟုတ္လား။ “ဦးေအာင္ကိုကို ရည္ညႊန္းေျပာဆိုပံုရတယ္”လို႔ပဲ ေရးသင့္တာမဟုတ္လား။
ရဟန္းတစ္ပါး သံဃာ့အဖြဲ႔အစည္းတစ္ခုကို ရည္ရြယ္ခ်က္ရွိရွိ တစ္ဖက္သတ္ေရးသားတုိက္ခုိက္ေနၾကသလို စစ္သားမေကာင္းေၾကာင္းနဲ႔ ဘုန္းႀကီးမေကာင္းသတင္းေတြပဲ ေရြးေရးၿပီး ေကာင္းကြက္ေတြအားလံုး အေမွာင္ခ်ထားၾကတာလည္း အမ်ားႀကီးပါ။ အဲဒါေတြဟာ ျပည္သူကို မ်က္လံုးတစ္ဖက္ကြယ္ေအာင္ အေမွာက္ခ်လိုက္ရာ မေရာက္ဘူးလား၊ ျပည္သူ႔အသိစိတ္ကို အဆိပ္ခတ္ပစ္ရာ မေရာက္ဘူးလား၊ အမုန္းတရားျဖန္႔ျဖဴးရာေကာ မေရာက္ဘူးလား၊ စာနယ္ဇင္းက်င့္ဝတ္ကို လိုက္နာတဲ့သူ၊ သတင္းသမားပီသတဲ့သူ၊ စတုတၳမ႑ဳိင္ကို တန္ဖိုးထားေလးစားတဲ့သူေတြဟာ အဲဒီလို စုတ္ပဲ့တဲ့ အေရးအသားမ်ဳိးနဲ႔ ပုတ္သိုးေနတဲ့ စိတ္ထားမ်ဳိးေတြ ေရးသား ေမြးျမဴေနတာမ်ဳိး ရွိပါ့မလား။ မီဒီယာတစ္ခုရဲ႕ အႀကီးအကဲတစ္ေယာက္အေနနဲ႔ ၿခဳံငံုသံုးသပ္ၾကည့္ေပးပါဦးကြာ။
ဒီပုံစံအတုိင္းဆို စတုတၳမ႑ဳိင္လည္း က်ဆံုးေတာ့မွာပါကြာ။ အခုေတာင္ အေတာ္ရြံမုန္းေနၾကၿပီ။ ဦးပဥၥင္းအျမင္ေျပာရရင္ ျမန္မာျပည္ကို ဖ်က္ဆီးေနတဲ့ အတန္းအစားႏွစ္ခုရွိပါတယ္။ မီဒီယာနဲ႔ ႏိုင္ငံေရးသမားေတြပါ။ ျပည္ပအေထာက္အပံ့ခံေတြကို ဆိုလိုတာပါ။ သခင္အားရ ကၽြန္ပါးဝေတြေပါ့ကြာ။ ပလီပလာ အနီအနာနဲ႔ ပိသုဏီမီဒီညာေတြေပါ့။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ည)

“ဗုဒ္ဓဘာသာဖြစ်ပြီး ဘုန်းကြီးမကောင်းကြောင်းပဲ ရေးတတ်တဲ့ သတင်းထောက်ကြီး”
လိုင်းပေါ်မှာ ကိုဆွေဝင်းတရားစခန်းဝင်တဲ့အကြောင်း၊ အင်းစိန်ထောင်တရားစခန်းကိုလည်း သွားရောက်ကူညီကြောင်း ဘုန်းတော်ဖွဲ့၊ ဂုဏ်တော်ဖွဲ့တွေ ရေးထားတာလည်း ဖတ်ရပါတယ်။ ဒါပေမဲ့ ကိုဆွေဝင်းဟာ တကယ်ဗုဒ္ဓဘာသာဝင်ဟုတ်လား မဟုတ်လားဆိုတာတော့ ကိုဆွေဝင်းမှ သိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမကောင်းကြောင်း ဗုဒ္ဓဘာသာမကောင်းကြောင်း နှိုက်နှိုက်ချွတ်ချွတ် ပယ်ပယ်နယ်နယ် ပစ်ပစ်ခါခါ ပက်ပက်စက်စက် မိုက်မိုက်ကန်းကန်း မဲမဲမှောင်မှောင် ယုတ်ယုတ်မာမာ ရက်ရက်စက်စက် အထူးစပါယ်ရှယ် အတုံးလိုက်အတစ်လိုက် အပုတ်ချရေးသားနေတာတွေ အမြဲလိုလို တွေ့နေရလို့ပါ။ သီတဂူဆရာတော် ရွာမဆရာတော် ဇွဲကပင်ဆရာတော်စတဲ့ သံဃာ့ဥသျှောင်ဆရာတော်ကြီးတွေ ဦးဆောင်တဲ့ မဘသအဖွဲ့ကြီးကိုတောင် လူသတ်မှုထဲဆွဲထည့်ပြီး မေးခွန်းထုတ်တာမျိုးတောင် တွေ့ရတယ်။ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကို လူရှေ့သူရှေ့ ပရိသတ်ရှေ့(သတင်းစာရှင်းလင်းပွဲ)မှာ လူသတ်မှုနဲ့ အမှုတွဲရဲတယ်ဆိုတာ တော်ရုံတန်ရုံမိုက်မဲမှုနဲ့တော့ မပြစ်မှားရဲဘူးနော။
အဲဒီလို ဘုန်းကြီးမကောင်းကြောင်း၊ ရခိုင်မကောင်းကြောင်း၊ ဗမာမကောင်းကြောင်း၊ ဗုဒ္ဓဘာသာမကောင်းကြောင်းတွေပဲ ရှာဖွေရေးသားနေတာ ဘာရည်ရွယ်ချက်နဲ့လဲ မေးချင်တယ်ကွာ။ အပြုသဘောဝေဖန်ထောက်ပြတဲ့ပုံစံနဲ့ ရေးသားတဲ့ ပြုပြင်ရေးဆောင်းပါးတွေမဟုတ်ဘဲ မကောင်းသတင်းနဲ့ သတင်းမကောင်းတာတွေ၊ သတင်းဆိုးနဲ့ ဆိုးသတင်းတွေပဲ တစ်ဖက်သတ်ရေးသားနေတာတွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုတော့ ရှိရမယ်လေကွာ။
အယ်ဒီတာချုပ်ကြီး သတိထားမိမလား မပြောသာဘူး။ မီဒီယာလောကမှာ ဗုဒ္ဓဘာသာကျဆုံးသွားပါပြီ။ ယောဂီဒေါ်နန္ဒမာလာကိုတော့ ဒေါ်မတပ်ဘဲ နန္ဒမာလာလို့ ရေးသားကြတဲ့ မျက်နှာဖုံးသတင်းမျိုး တွေ့နေရပေမယ့် ရှိုင်းအောင်ဇော်ဝင်းကျ ဦးအောင်ဇော်ဝင်းလို့ တရိုတသေ ရေးသားနေကြတယ်။ ဒေါ်နန္ဒမာလာရဲ့အမှုက လိမ်လည်မှုသာဖြစ်တယ်။ ရှိုင်းအောင်ဇော်ဝင်းအမှုက အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်မှုဖြစ်တယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်သူက အန္တရာယ်ကြီးပါသလဲ။ ကိုကြည်လင်းကိုကျတော့ ကြည်လင်းလို့ပဲ ရေးကြတယ်။ ဆောက်လုပ်ရေးကျော်မြင့်ကျ ဦးကျော်မြင့်လို့ ရေးသားကြတယ်။ အဲဒီလိုပဲ ဘုန်းကြီးမကောင်းသတင်းတွေ ရှာဖွေရေးကြပေမယ့် သာယာဝတီမှာ ကုလားမက သင်္ကန်းထဲ ဆေးပြားတွေထည့်ပြီး ထောင်ထဲသွင်းဖို့ လုပ်တဲ့သတင်းကျ ရဲတပ်ဖွဲ့က အတိအလင်းထုတ်ပြန်နေတာတောင် ရှောင်ကြတယ်။
ကိုဆွေဝင်းဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရိုးမှန်ရင် မီဒီယာလောကကို ပြည်လှည့်ကြည့်စေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ပစ်မှတ်ထား တိုက်ခိုက်နေကြတဲ့ မီဒီယာတွေကို တစ်ဖက်တစ်လမ်းကနေ ပြုပြင်ပေးစေချင်ပါတယ်။ ပုလင်းတူဘူးဆို့တွေဖြစ်နေမယ်ဆိုရင်တော့ မပြောတတ်တော့ဘူးပေါ့ကွာ။

“ပြည်သူကို မျက်လုံးတစ်ဖက်ကွယ်အောင် လုပ်တဲ့သူ”
ဦးပဉ္စင်းနဲ့ပတ်သက်တဲ့ သတင်းတွေလည်း ဝရမ်းပြေးဘုန်းကြီးတို့ အစွန်းရောက်ဘုန်းကြီးတို့ စုံနေအောင် တစ်ဖက်သတ်ရေးသားနေတာတွေလည်း တွေ့ရတယ်။အင်တာဗျူးရင်လည်း ဆန့်ကျင်ဘက်တွေဆီပဲ သွားဗျူး၊သဘောထားမှတ်ချက်တွေတောင်းရင်လည်း အမြင်မတူသူ အမြင်မကြည်သူ အမြင်မကောင်းသူတွေကိုပဲ ဖုန်းဆက်လှမ်းမေး၊အမည်မဖော်လိုသူတို့ ပြည်သူတစ်ဦးတို့ မဟနဆရာတော်တစ်ပါးတို့နဲ့ အမနာပတွေ ရေးသားကြတာတွေလည်း စုံနေတာပါပဲ။ဝီရသူကိုထောက်ခံတဲ့ နိုင်ငံရေးသမားတွေ ရှေ့နေတွေ သံဃာတော်တွေ ပြည်သူတွေ တစ်ယောက်မှ မရှိတော့ဘူးလားကွာ။ဘယ်ဟောပြောချက်က ၁၂၄(က)နဲ့ ငြိတယ်၊ဘယ်စကားက မမှန်မကန် ပြောဆိုတယ်၊ နိုင်ငံတကာမှာလည်း ဒီမိုကရေစီအစိုးရတွေက အစိုးရကို ဝေဖန်သူဆို အခုလိုပဲ စမကပုဒ်မနဲ့ နှိပ်ကွပ်လေ့ ရှိတယ်/မရှိဘူး၊ပြည်သူ့အစိုးရက ဝေဖန်တဲ့ ပြည်သူကို အခုလို ၁၂၄(က)နဲ့ အရေးယူတာဟာ ဒီမိုကရေစီသဘောတရား လူ့အခွင့်အရေး လွတ်လပ်စွာဟောပြောခွင့်နဲ့ အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့ဆိုတဲ့ တော်လှန်ရေးကာလအတိုက်အခံစကားနဲ့ ညီ/မညီ ဆိုတာတွေ တမင်တကာထိန်ချန်ထားတာဟာ အတော်အတန်အဆင့်အတန်းရှိတဲ့ လူသာမန်အရပ်သားတစ်ဦးတောင် စိတ်မကူးဝံ့တဲ့ အကုသိုလ်တွေပါမောင်။ အဲဒီလို အရေးအသားမျိုးဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ညီလားကွာ၊ မီဒီယာသမား ပီသသလားကွာ၊ စတုတ္ထမဏ္ဍိုင်သမားတွေရော ဟုတ်နိုင်ပါ့မလားကွာ။ အဲဒီလိုပဲ နာမည်တပ်ဟောတာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုပြောတယ်ဆိုပြီး တိုက်ရိုက်ကြီး ရေးသားနေကြတယ်။ သူရအောင်ကိုကို အောင်နက်လို့ခေါ်တယ်ဆိုပြီး ရေးသားနေကြတယ်။ တကယ်ဆိုရင် ရည်ညွှန်းဆိုတဲ့စကားလုံးလေးတော့ ထည့်သင့်တယ်မဟုတ်လား။ “ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆို”ဆိုတာမျိုးပဲ ဖြစ်ရမှာမဟုတ်လား။ “ဦးအောင်ကိုကို ရည်ညွှန်းပြောဆိုပုံရတယ်”လို့ပဲ ရေးသင့်တာမဟုတ်လား။
ရဟန်းတစ်ပါး သံဃာ့အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တစ်ဖက်သတ်ရေးသားတိုက်ခိုက်နေကြသလို စစ်သားမကောင်းကြောင်းနဲ့ ဘုန်းကြီးမကောင်းသတင်းတွေပဲ ရွေးရေးပြီး ကောင်းကွက်တွေအားလုံး အမှောင်ချထားကြတာလည်း အများကြီးပါ။ အဲဒါတွေဟာ ပြည်သူကို မျက်လုံးတစ်ဖက်ကွယ်အောင် အမှောက်ချလိုက်ရာ မရောက်ဘူးလား၊ ပြည်သူ့အသိစိတ်ကို အဆိပ်ခတ်ပစ်ရာ မရောက်ဘူးလား၊ အမုန်းတရားဖြန့်ဖြူးရာကော မရောက်ဘူးလား၊ စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာတဲ့သူ၊ သတင်းသမားပီသတဲ့သူ၊ စတုတ္ထမဏ္ဍိုင်ကို တန်ဖိုးထားလေးစားတဲ့သူတွေဟာ အဲဒီလို စုတ်ပဲ့တဲ့ အရေးအသားမျိုးနဲ့ ပုတ်သိုးနေတဲ့ စိတ်ထားမျိုးတွေ ရေးသား မွေးမြူနေတာမျိုး ရှိပါ့မလား။ မီဒီယာတစ်ခုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ခြုံငုံသုံးသပ်ကြည့်ပေးပါဦးကွာ။
ဒီပုံစံအတိုင်းဆို စတုတ္ထမဏ္ဍိုင်လည်း ကျဆုံးတော့မှာပါကွာ။ အခုတောင် အတော်ရွံမုန်းနေကြပြီ။ ဦးပဉ္စင်းအမြင်ပြောရရင် မြန်မာပြည်ကို ဖျက်ဆီးနေတဲ့ အတန်းအစားနှစ်ခုရှိပါတယ်။ မီဒီယာနဲ့ နိုင်ငံရေးသမားတွေပါ။ ပြည်ပအထောက်အပံ့ခံတွေကို ဆိုလိုတာပါ။ သခင်အားရ ကျွန်ပါးဝတွေပေါ့ကွာ။ ပလီပလာ အနီအနာနဲ့ ပိသုဏီမီဒီညာတွေပေါ့။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020