Daily Archives: April 16, 2020

သတင်းဆောင်းပါး

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ည)

“ဗုဒ္ဓဘာသာဖြစ်ပြီး ဘုန်းကြီးမကောင်းကြောင်းပဲ ရေးတတ်တဲ့ သတင်းထောက်ကြီး”လိုင်းပေါ်မှာ ကိုဆွေဝင်းတရားစခန်းဝင်တဲ့အကြောင်း၊ အင်းစိန်ထောင်တရားစခန်းကိုလည်း သွားရောက်ကူညီကြောင်း ဘုန်းတော်ဖွဲ့၊ ဂုဏ်တော်ဖွဲ့တွေ ရေးထားတာလည်း ဖတ်ရပါတယ်။ ဒါပေမဲ့ ကိုဆွေဝင်းဟာ တကယ်ဗုဒ္ဓဘာသာဝင်ဟုတ်လား မဟုတ်လားဆိုတာတော့ ကိုဆွေဝင်းမှ သိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမကောင်းကြောင်း ဗုဒ္ဓဘာသာမကောင်းကြောင်း နှိုက်နှိုက်ချွတ်ချွတ် ပယ်ပယ်နယ်နယ် ပစ်ပစ်ခါခါ ပက်ပက်စက်စက် မိုက်မိုက်ကန်းကန်း မဲမဲမှောင်မှောင် ယုတ်ယုတ်မာမာ ရက်ရက်စက်စက် အထူးစပါယ်ရှယ် အတုံးလိုက်အတစ်လိုက် အပုတ်ချရေးသားနေတာတွေ အမြဲလိုလို တွေ့နေရလို့ပါ။ သီတဂူဆရာတော် ရွာမဆရာတော် ဇွဲကပင်ဆရာတော်စတဲ့ သံဃာ့ဥသျှောင်ဆရာတော်ကြီးတွေ ဦးဆောင်တဲ့ မဘသအဖွဲ့ကြီးကိုတောင် လူသတ်မှုထဲဆွဲထည့်ပြီး ...