Monthly Archives: November 2019
သတင်း
ဒေါက်တာဇော်မြင့်မောင်အတွက် ဆုတောင်းမေတ္တာပို့သခြင်း
နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿမြတ်စွာဘုရား ဂုဏ်တော်အအေးဓာတ်ကြောင့် ဒကာဇော်မြင့်မောင်နှလုံးသား အေးမြပါစေသား။ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးပဉ္စင်းဦးဝီရသူတို့က ဆွေးမျိုးနီးပါး ချစ်ခင်ရင်းနီးကြတဲ့ တော်လှန်ရေး ရဲဘော်တွေပါ။ အိုးဘို မြစ်ဆုံ ဘဝတက္ကသိုလ်ကျောင်းဆင်း ကျောင်းသားကြီးတွေလည်းဖြစ်သလို ဦးဇင်းနှင့်သူ၏နှင့် တော်လှန်ရေးကာလမှာ ပူပေါင်းပြီး လျှို့ဝှက်တော်လှန်ရေးတွေ ဆင်းနွှဲခဲ့ဖူးတဲ့ ရဲဘော်အချင်းချင်းလည်း ဖြစ်ပါတယ်။ ဦးဇင်းရဲ့ ငယ်ဆရာ မိခင်စာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသဟာ ဒကာဇော်မြင့်မောင်တို့ မိသားစုရဲ့ ဆရာဖြစ်ပါတယ်။ ဒကာဇော်မြင့်မောင်တို့ငယ်စဉ်က အဲဒီဆရာတော်ထံမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်ခဲ့ကြတာပေါ့။ အဲဒီဆရာတော်က ဒေါက်တာဇော်မြင့်မောင်တို့အိမ်မှာ ဆွမ်းခံကြွခဲ့တယ်။ဒါကြောင့် ဆရာချင်းတူတဲ့ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (င-နိဂုံး)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) 8.1.2019 ရက်နေ့တုန်းကလည်း တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက မန်းမဟော်သဓာနဲ့ပတ်သက်ပြီး အမျိုးသမီးကြီးတစ်ဦးကို အခုလိုမေးလိုက်ပါတယ်။“ပညာရေးဌာနကို စာတင်ပြီး လုပ်တာ ဟုတ်ရဲ့လား။”“သီတဂူဆရာတော်လိုပဲ ဝီရသူကိုယ်တိုင် အမည်ခံပြီး လုပ်ပါ့လား။”“ဝါခင်းကုန်းအမည် ဘာလို့ခံထားတာလဲ။”“သူတို့နောက်မှာ နိုင်ငံရေးသမားတွေ အများကြီးပဲ။”“မဟော်သဓာနားမှာ ဘယ်လောက်ရှုပ်တယ်ဆိုတာ သိရဲ့လား။”ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့တင်ပြတဲ့အခါ အကျယ်အဝန်းကဘယ်လောက်၊ စာသင် ဆောင်၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း၊ စုပေါင်းတန်းစီမည့်နေရာ၊ အားကစားကွင်း၊ ပန်းခြံ စတာတွေက ဘယ်လိုဆိုတာ ဓာတ်ပုံတွေပြသပြီး ပူးတွဲတင်ပြရတာပါ။ စာသင်ဆောင်တောင် မရှိသေးဘဲ ပညာရေးဌာနကို ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (ဃ)
ဒုတိယအကြိမ် သွားရောက်သြဝါဒခံခဲ့ပါတယ်။ ဥက္ကဋ္ဌဆရာတော်ကြီးမိန့်တာက“ဆရာတော်ဦးတိက္ခ ရပ်တည်ချက်မြဲပါ့မလား၊ သတိမကောင်းတော့ဘူး၊ မေးရင် မသိဘူး ဖြစ်နေတယ်၊ အဲဒါပြဿနာပဲ” “ရွှေဆံနွယ်ထံမှ ဝီရသူဆီရောက်၊ အဲဒါ ဂွကျတာပဲ” “ဦးတိက္ခ ဦးစီးတည်ထောင်တယ်ဆိုပြီး လက်သီးလက်မောင်းတန်းတာက ဝီရသူဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာ” ဆိုတာတွေပါပဲ။ဥက္ကဋ္ဌဆရာတော်ကြီးစကားအရ မြေကွက်က ရွှေဆံနွယ်ဆရာတော်ထံမှ ဝါခင်းကုန်းဆရာတော်ကြီးထံ ရောက်ရင် ပြီးစီးသွားပါပြီ။ ဝါခင်းကုန်းဆရာတော်ထံမရောက်ဘဲ ဝီရသူထံရောက်တာကို ပြဿနာလို့ ပြောတာကို ထောက်ရင် ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုကြောင့် ချမပေးတာ ထင်ရှားသွားပါပြီ။မဟော်သဓာကျောင်းနဲ့ပတ်သက်လို့ ဝီရသူတစ်ခါမှ လက်သီးလက်မောင်း မတန်းသေးပါဘူး။ 25.11.2018 ရက်နေ့မှာပြုလုပ်တဲ့ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (ဂ)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကျောက်ချောရွာမှအပြန် ကြားရတာလေးတစ်ခု ရှိပါသေးတယ်။ ဝီရသူကပဲ ပညာရေးကိုဗန်းပြပြီး နိုင်ငံရေးလုပ်နေသလိုလို အစိုးရကို နိုင်ငံရေးအရ တိုက်ခိုက်ချင်လို့ မန်းမဟော်သဓာကျောင်း တော်ကြီးကို အဆောက်ပြနေသလိုလို ဆိုတာပါပဲ။ ဂျင်းထည့်ကျွမ်းတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆရာတော်တွေကို ဂျင်းထည့်သွားကြတာလေးပါ။ မန်းဟော်သဓာနဲ့ပတ်သက်ပြီး ဝီရသူအမည်ကို လုံးဝ မသုံးခဲ့ပါဘူး။ ဦးမျိုးမြင့်ဦး နာမည်နဲ့တင်ပြီး ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးရဲ့ ထောက်ခံစာနဲ့ပဲ တင်ခဲ့တာပါ။ စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ဆိုင်းခဲ့တာလည်း ၂ နှစ်ပြည့်ပါတော့မယ်နော်။ ဒါဆိုရင် ပညာရေးကို ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်) မိသားစုမှ ပညာရေးပဒေသာပင် ၂၀၀၀၀၀၀ိ (သိန်းနှစ်ဆယ်)ကျပ် လှူဒါန်းပါသည်။ (9.11.2019) အလှူရှင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်)မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၄၅)” စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (ရွှေမန်းမေ အထည်ဆိုင်) မိသားစုမှ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (ခ)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) ဒကာတော်တို့ထံ တင်ပြထားတဲ့ မြေကွက် (၁.၂၇ ဧက)ကို ရွှေဆံနွယ်ဆရာတော်က လှူဒါန်းထားတာပါ။ ရွှေဆံနွယ်ဆရာတော်ကိုလည်း ဦးစန်းလွင်+ဒေါ်ခိုင်ခိုင်စိုး(ဆင်ဖြူတော်)မိသားစုက လှူဒါန်းထားတာပါ။ အလှူရှင် မိသားစုလည်း သက်ရှိထင်ရှားရှိပါသေးတယ်။ 11.12.2018 ရက်နေ့မှာ ရွှေဆံနွယ်ဆရာတော်က တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သွားရောက်ဖူးမြော် ပါတယ်။ မြေပိုင်ဆိုင်ကြောင်း အထောက်အထားလိုချင်တယ်ဆိုလို့ ဥက္ကဋ္ဌဆရာတော်ကြီးကို သွားပြတာပါ။ ဆရာတော်ကြီး သြဝါဒပေးလိုက်တာက “ကော်မတီကို ဖွဲ့စည်းပုံပြင်ဆင်ပြီး ပြန်တင်ပါ။ သံဃာတွေပါနေလို့ ခွင့်ပြုမိန့်မကျတာပါ။ ဝါခင်းကုန်း(ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့။ ပညာရေးမူဝါဒက သံဃာတွေမပါစေရ ...
သတင်း
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (1.11.2019) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း – ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၄၄)
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက် ရန်ကုန်မြို့၊ ကိုသန့်ဇင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (30.10.2019) ကိုသန့်ဇင်မိသားစုသည် ပညာရေးအကယ်ဒမီကျောင်းအတွက် လစဉ် သုံးသိန်းကျပ် လှူဒါန်နေတဲ့ မိသားစုဖြစ်ပါသည်။ 25.5.2019 ရက်နေ့ ၃၀၀၀၀၀ိ 28.6.2019 ရက်နေ့ ၃၀၀၀၀၀ိ 31.7.2019 ရက်နေ့က ၃၀၀၀၀၀ိ 31.8.2019 ရက်နေ့ ၃၀၀၀၀၀ိ 30.9.2019 ရက်နေ့ ၃၀၀၀၀၀ိ 30.10.2019 ရက်နေ့ ၃၀၀၀၀၀ိ စုစုပေါင်း ၁၈၀၀၀၀၀ိ (တစ်ဆယ့် ...
သတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) (က)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ ဦးပဉ္စင်း ဦးဝီရသူ ဒုတိယအကြိမ် စာရေးသား မိန့်ကြားလိုက်တယ်။ 10.12.2018 ရက်နေ့ The Voice Weekly ဂျာနယ်ပါ သတင်းထဲမှာ မန်းမဟော်သဓာကျောင်းတော်ကြီး နှင့်ပတ်သက်ပြီး “မန္တလေးတိုင်းအစိုးရက တိုင်းသံဃနာယကထံ စာရေးသားပေးပို့” ခေါင်းစဉ်နဲ့ အခုလို ရေးသား ထားတာ တွေ့ရပါတယ်။ “မန်းဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်ခွင့်တားမြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုလိုဘဲ တိုင်းသံဃနာယကထံ စာရေးသားထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း အာဟာရဒါနအလှူ
11.11.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါကဋကျောင်းမှ အရှင်ဂန္ဓမာလာ(ခ) မဟော်သဓာမစိုးရိမ်(ဓမ္မာစရိယ)၏ သက်တော် (၂၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/သူများအား အာဟာရဒါနလှူဒါန်းတာပါ။ ဓမ္မစေတီကျောင်း တိုက်အုပ် ဆရာတော်အရှင်သုမနာလင်္ကာရက အနုမောဒနာတရား ဟောကြားချီးမြှင့်ပါတယ်။ အာဟာရဒါနပြုရာတွင် ပဲထမင်းအလှူရှင်များမှာ ဟုမ္မလင်းမြို့ ရွာသစ်ရွာနေ မအိရွှေစင်၊ မနန်းနန်ဝေးနှင့် မိဘများက ၂သိန်းကျပ်၊ မြင်းခြံမြို့နယ် ဆုံရွာနေ ဦးဝင်းခိုင်+ ဒေါ်မြင်မြင့်စိန်နှင့် ရွာသူရွာသားများက ၃ သိန်း ကျပ် လှူဒါန်းကြပါတယ်။ ...
သတင်း
မာနလေးတော့ ထားကြပါ (ဂ-နိဂုံး)
အဖျင်းအသွမ်း၊ ဂုဏ်မဲ့နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ်တုလျက်၊ လူပြုလူကျင့်၊ ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော်လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ငုံ့စားမော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မှတရံ၊ အကြံမဆန်း၊ မှဲ့မစွန်းတည့်။ (မဃဒေဝ။ ၄၂၅) (သာရိပုတ္တသံယုတ်။ သုစိမုခီသုတ်၊ သံ၊ ဋ္ဌ။ ၃။ ၃၁၈-၃၁၉) မြေယာအတတ်ဖြင့် အသက်မွေးသူက ငုံ့စား၊ နက္ခတ်ပညာဖြင့် အသက်မွေးသူက မော်စား၊ ပေးနိုးကျွေးနိုး မျှော်ကိုးပြီး အစေခံလုပ်သူက ...
သတင်း
မာနလေးတော့ ထားကြပါ (ခ)
ဒီအချိန်မှာ ဗာရာဏသီမင်းနှင့် ပုရောဟိတ်ပုဏ္ဏားတို့ ရောက်လာပြီး ဗေဒင်သင်နေကြပါတယ်။ ဆရာပုဏ္ဏားက အောက်မှာထိုင်ပြီး သင်ကြားပေးနေကာ တပည့်ဖြစ်သူက အပေါ်မှာနေပြီး သင်ယူနေတာကို သစ်ပင်ပေါ်က ဘုရားလောင်း တွေ့မြင်သွားပြီး အခုလို တွေးတောမိပါတယ်။ “အကြင်မင်းသည် မြင့်သောနေရာ၌နေထိုင်၍ ဗေဒင်ကို သင်ယူနေ၏။ ထိုမင်းသည် တရားမစောင့်လွန်းရာရောက်နေသည်။ ဆရာပုဏ္ဏားသည် နိမ့်သောနေရာမှာ ထိုင်နေပြီး မြင့်သောနေရာမှာထိုင်နေသော မင်းအား ဗေဒင်သင်ပေးနေ၏။ ဤပုဏ္ဏားသည်လည်း တရားမစောင့်။ ငါသည် မိန်းမဟူသောအကြောင်းကြောင့် သရက်သီးကို လာခိုးခြင်းဖြစ်၏။ ငါသည်လည်း တရားမစောင့်။ ငါတို့သုံးဦးလုံး ယုတ်ညံ့သူတို့အမှုကို ပြုလုပ်ခဲ့ကြပြီ။” (ဝိ၊ ...
သတင်း
မာနလေးတော့ ထားကြပါ (က)
တစ်ချိန်တုန်းက ရှင်သာရိပုတ္တရာမထေရ်ကြီးက တပည့်ရင်းတစ်ပါးကို လာဘ်ပေါများကြောင်း (ဘုန်းကံကြီးကြောင်း) တရားလေးပါးကို ဟောကြားခဲ့ဖူးပါတယ်။ ဟိရီသြတ္တပ္ပကင်းမဲ့စွာ ရဟန်းဘဝကိုမေ့ထားလိုက်ပြီး ၁။ မရူးဘဲနဲ့ ရူးသလိုနေရမယ်။ ၂။ ကုန်းတိုက်စကား (အမုန်းတရား ဂျင်းစကား)ကို ပြောဆိုရမယ်။ ၃။ ကချေသည်လို ပြုမူရမယ်။ ၄။ ဘလောင်းဘလဲ တတ်ရမယ် (ဗရမ်းဗတာစကားတွေ ပြောတတ်ရမယ်)။ တကယ်တော့ ရှင်သာရိပုတ္တရာက ဒီတရားကို ဟောချင်လို့ ဟောခဲ့တာ မဟုတ်ပါဘူး။ တပည့်လေးက မေးမြန်းလို့ ဟောခဲ့တာပါ။ တရားလည်းဟောပြီးရော တပည့်လေးလည်း သင်္ခန်းစာရပြီး ပြန်သွားပါတော့တယ်။ ဘုန်းကံမကြီးရင် နေပါစေ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ကော်မတီကို အလွှာအသီးသီးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေလှဟာ မဆလခေတ် တိုင်းကောင်စီအုပ်ချုပ်ရေးဘက်မှာ အတွေ့အကြုံရှိခဲ့သလို ဗိုလ်မှူးအောင်ချမ်းမင်းဟာလည်း အရင်ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ PSO ဖြစ်လို့ မြေယာနှင့်ပတ်သက်ပြီး အများကြီးအတွေ့အကြုံရှိပါတယ်။ ဒါ့အပြင် ရှေ့နေများ၊ ဥပဒေပညာရှင်များ များစွာပါဝင်လို့ အစိုးရပိုင်မြေဆိုတာ ဘာ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေဆိုတာ ဘာ အားလုံးကွဲကွဲပြားပြား သိနားလည်ကြပါတယ်။ ၆(၁)နဲ့ စွဲလို့ရတယ် မရဘူးဆိုတာလောက်တော့ ပမွှားလို့ပဲ ပြောရမှာပါ။ အဲဒီလူတွေပါဝင်လို့ဆိုပြီး နိုင်ငံရေးလို့ မထင်လိုက်ပါနဲ့။ ဘယ်ပါတီကပဲလာလာ၊ မဟော်သဓာရောက်ရင် ပညာရေးပဲ ဆွေးနွေးခွင့်ရှိသလို ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီ ထူးချွန်ဆုပေးပွဲ
9.11.2019 ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်း ကျောင်းတွင်းစာမေးပွဲဖြေဆိုရာတွင် ၈-၉-၁၀ တန်းမှ ပ-ဒု-တ ရရှိကြတဲ့ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်းတိုက် လက်ထောက်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။ ပါဠိပါရဂူဆရာတော်ကြီးမှ ကျေးဇူးတရားနှင့်စပ်ဆိုင်သော သြဝါဒများ မိန့်ကြားချီးမြှင့်တော်မူကာ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့ အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ ...
မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင်တစ်ဦးက တိုင်းဒေသကြီးဝန်ကြီးတစ်ဦးကို သွားရောက်မေးမြန်းရာမှာတော့ လုံးဝ ချမပေးတော့မှန်း သိလိုက်ရပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးတစ်ဦးက ပြောဆိုရာမှာ အစိုးရပိုင်မြေဖြစ်နေလို့ အရောင်းအဝယ်လုပ်သူတွေကို ၆(၁)ဖြင့် တရားစွဲလို့ရကြောင်း ပါဝင်ပြီး နိုင်ငံရေးကင်းရှင်းပါတယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မလားဟု မေးမြန်းကြောင်း သိရှိရပါတယ်။ ၎င်းဝန်ကြီးစကားအရ တိုင်းဒေသကြီးအစိုးရဟာ အစိုးရပိုင်မြေနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေ မကွဲပြားသေးမှန်း သိလိုက်ရပါတယ်။ ၎င်းဝန်ကြီးကို မေးချင်ပါတယ်။ မန်းမဟော်သဓာမြေကွက်ဟာ အစိုးရပိုင်မြေဆိုရင် ဘယ်ဌာနပိုင်တဲ့ မြေကွက်ဖြစ်ပါသလဲ?။ သစ်တောပိုင်မြေဆိုရင် သစ်တောဌာနက ကင်းလွတ်ကြောင်း ထောက်ခံစာပေးထားပါတယ်။ ဆည်မြောင်း၊ လမ်းတံတား၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီ ကထိန်အလှူတော်
မင်းကွန်း နိုဝင်ဘာ-၉ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရား အနီး ဓမ္မစေတီကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ပညာရေးအကယ်ဒမီအတွက် ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဓမ္မစေတီကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ပညာရေးအကယ်ဒမီ ဩဝါဒါစရိယ မန္တလေးမြို့ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြသည်။ ...