မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) (ခ)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

ဒကာေတာ္တုိ႔ထံ တင္ျပထားတဲ့ ေျမကြက္ (၁.၂၇ ဧက)ကို ေရႊဆံႏြယ္ဆရာေတာ္က လွဴဒါန္းထားတာပါ။ ေရႊဆံႏြယ္ဆရာေတာ္ကိုလည္း ဦးစန္းလြင္+ေဒၚခုိင္ခိုင္စုိး(ဆင္ျဖဴေတာ္)မိသားစုက လွဴဒါန္းထားတာပါ။ အလွဴရွင္ မိသားစုလည္း သက္ရွိထင္ရွားရွိပါေသးတယ္။


11.12.2018 ရက္ေန႔မွာ ေရႊဆံႏြယ္ဆရာေတာ္က တုိင္းဥကၠ႒ဆရာေတာ္ႀကီးထံ သြားေရာက္ဖူးေျမာ္ ပါတယ္။ ေျမပုိင္ဆုိင္ေၾကာင္း အေထာက္အထားလုိခ်င္တယ္ဆိုလုိ႔ ဥကၠ႒ဆရာေတာ္ႀကီးကို သြားျပတာပါ။ ဆရာေတာ္ႀကီး ၾသဝါဒေပးလုိက္တာက “ေကာ္မတီကို ဖြဲ႔စည္းပုံျပင္ဆင္ၿပီး ျပန္တင္ပါ။ သံဃာေတြပါေနလို႔ ခြင့္ျပဳမိန္႔မက်တာပါ။ ဝါခင္းကုန္း(ျဗဟၼစုိရ္)ဆရာေတာ္ႀကီးေတာင္ မပါေစနဲ႔။ ပညာေရးမူဝါဒက သံဃာေတြမပါေစရ သတ္မွတ္ထားတယ္” ဆိုတာပါပဲ။


ေရႊဆံႏြယ္ဆရာေတာ္ကို မိန္႔ေတာ္မူတဲ့စကားက ရွင္းပါတယ္။ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး ေဆာက္မိန္႔မက်တာက သံဃာေတြပါေနလိုိ႔ ဆုိတာပါပဲ။ သံဃာအားလံုးကိုေတာင္ ဆုိလုိပံုမရပါဘူး။ ရန္သူေတာ္နံပါတ္တစ္ ကိုယ္ေတာ္ႀကီးကိုပဲ ရည္ရြယ္တာျဖစ္မွာပါ။ က်န္တဲ့သံဃာေတြလည္း ဂ်င္းနဲ႔ေပါင္းလုိ႔ အေထာင္းခံရတဲ့သေဘာပါ။ ဒီကုိယ္ေတာ္ႀကီးပါေနလို႔ ေဆာက္မိန္႔ခ်မေပးတာလို႔ တုိက္ရိုက္မေျပာရုံတစ္မည္ပါပဲ။


ပညာေရးမူဝါဒမွာ ဘုန္းႀကီးေတြ မပါေစရ သတ္မွတ္ထားလုိ႔ ေကာ္မတီကို သံဃာေတြခ်န္လွပ္ၿပီး လူေတြနဲ႔ပဲ ျပန္ဖြဲ႔စည္းပါ။ နာယကဆရာေတာ္ေတြလည္း မပါေစနဲ႔။ ၾသဝါဒဆရာေတာ္ေတြလည္း မပါေစနဲ႔။ ဝါခင္းကုန္း (ျဗဟၼစိုရ္)ဆရာေတာ္ႀကီးေတာင္ မပါေစနဲ႔လို႔ မိန္႔ေတာ္မူခဲ့တာကိုေထာက္ရင္ တုိင္းဥကၠ႒ဆရာေတာ္ႀကီးက ပညာေရးေကာ္မတီနဲ႔ ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီ မကြဲဘူးလို႔ ေျပာရမွာပါ။ ဒကာေတာ္တုိ႔ထံ တင္ျပ ထားတာက စာသင္ေက်ာင္းေဆာက္လုပ္ခြင့္ပါ။ ဖြဲ႔စည္းထားတဲ့ေကာ္မတီက စာသင္ေက်ာင္းျဖစ္ေျမာက္ေရး ေကာ္မတီပါ။ နာမည္အျပည့္အစံုက “မန္းမေဟာ္သဓာအမ်ဳိးသားေရး ကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ေကာ္မတီ”ပါ။


ေက်ာင္းေဆာင္တစ္ခုျဖစ္ေျမာက္ဖို႔အတြက္ ဆရာေတာ္သံဃာေတာ္ေတြကို ၾသဝါဒါစရိယေနရာ၊ နာယက ဆရာေတာ္ေနရာမွာထားၿပီး အၿမဲတန္း ဦးထိပ္ထားခဲ့တဲ့ ျမန္မာ့အစဥ္အလာတစ္ရပ္အရ ဖြဲ႔စည္းခဲ့ၾကတာ ထံုးစံပါ။ မင္းကြန္းဆရာေတာ္ႀကီး၊ သီတဂူဆရာေတာ္ႀကီး၊ ျဗဟၼစိုရ္ဆရာေတာ္ႀကီးတုိ႔လည္း ဒီလိုပဲ ေဆာက္လုပ္ခဲ့ၾကတာပါ။ ဒီအစဥ္အလာအရ အခုလို ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီကို သံဃာေတာ္ေတြ ဦးထိပ္ထားၿပီး ဖြဲ႔စည္းခဲ့တာဟာ ဘယ္တည္ဆဲဥပေဒနဲ႔ ဆန္႔က်င္ေနပါသလဲ။ ဘယ္ညႊန္ၾကားလႊာ၊ ဘယ္လုပ္ထံုးလုပ္နည္း၊ ဘယ္စည္းမ်ဥ္းစည္းကမ္း ေတြနဲ႔ မညီမညြတ္ ျဖစ္ေနပါသလဲ။


ေက်ာင္းေတာ္ႀကီးေဆာက္လုပ္ၿပီးစီးသြားတဲ့အခါက်မွ ပညာေရးေကာ္မတီလုိအပ္တာပါ။ အဲဒီအခါက်မွ အမ်ဳိးသားပညာေရးဥပေဒနဲ႔အညီ ပညာေရးေကာ္မတီ ဖြဲ႔စည္းၿပီး ပညာေရးဝန္ႀကီးဌာနထံ ဖြင့္လွစ္သင္ၾကားခြင့္ ေတာင္းရမွာပါ။ စာသင္ေက်ာင္းေဆာင္ေတာင္ မေဆာက္ရေသးဘဲ ပညာေရးေကာ္မတီ ဖြဲ႔စရာမလိုေသးပါဘူး။


ဒီလို ေက်ာင္းေဆာက္လုပ္ေရးေကာ္မတီနဲ႔ ပညာေရးေကာ္မတီကို ကြဲကြဲျပားျပား သိေတာ္မမူတဲ့ ဆရာေတာ္ ႀကီးေတြကို အပူကပ္ၿပီး ဝီရသူကို ထိန္းခုိင္းတာဟာ မႏၲေလးတုိင္းအစုိးရအေနျဖင့္ အစုိးရေကာင္းတစ္ရပ္ ျပဳလုပ္ အပ္တဲ့ လုပ္ရပ္ ဟုတ္ မဟုတ္ အေလးအနက္ စဥ္းစားဆင္ျခင္သင့္လွပါတယ္။

12.12.2018 ရက္ေန႔၊ မြန္းလြဲပုိင္းမွာ မန္းမေဟာ္သဓာေျမကြက္ရွိရာ ေက်ာက္ေခ်ာရြာသို႔ တုိင္းဥကၠ႒ ဆရာေတာ္ႀကီး ၾကြေတာ္မူပါတယ္။ ႀကဳိတင္အသိမေပးဘဲ ေရွာင္တခင္ၾကြလာတာကိုၾကည့္ရင္ ဆရာေတာ္ႀကီး လည္း အဂတိတရားကင္းကင္းနဲ႔ ဓမၼဓိ႒ာန္က်က် အတတ္ႏိုင္ဆံုးေဆာင္ရြက္တာ ထင္ရွားပါတယ္။ အသက္အရြယ္ နဲ႔မမွ်ေအာင္ အားထည့္ေဆာင္ရြက္ေတာ္မူျခင္းပါပဲ။ ေရႊဆံႏြယ္ဆရာေတာ္ လွဴတဲ့အကြက္ေရာ၊ ပညာဒါနက်ဴရွင္ ေက်ာင္းမွာပါ အေသးစိတ္ေလ့လာပါတယ္။ ဒါေေပမဲ့ဗ်ာ ကၽြမ္းက်င္ရာလိမၼာဆိုသလို သံဃကိစၥဆုိရင္ေတာ့ ဆရာေတာ္ႀကီးက ကၽြမ္းကၽြမ္းက်င္က်င္ဆံုးျဖတ္ႏိုင္မွာေပါ့။ အခုေတာ့ ေျမရာဇဝင္ကို လာေရာက္စံုစမ္းရတာ ျဖစ္ေနလုိ႔ အခုမွ စလံုးေရစဆိုသလို အစကေန ျပန္ေက်ာ့ရမည့္ပုံစံမ်ဳိးခ်ည္း ျဖစ္သြားတယ္။


ဘိလပ္ေျမစက္ရုံစီမံကိန္းေတြေရာ ဝီရသူေဖာင္ေဒးရွင္းအေၾကာင္းေတြပါ သိလုိရာေမးေတာ္မူပါတယ္။ ဘိလပ္ေျမစီမံကိန္းကို စစ္အစုိးရလက္ထက္မွာ လုပ္ခဲ့တာပါ။ စလုပ္ကတည္းက ေရႊဆံႏြယ္ေျမကြက္မပါပါဘူး။ ေရႊဆံႏြယ္ဆရာေတာ္ပိုင္တဲ့ ေျမကြက္ျဖစ္လုိ႔ ခ်န္ထားခဲ့တာပါ။ တပ္မေတာ္ဘိလပ္ေျမစက္ရုံေျမကြက္ကလည္း ျပင္ဦးလြင္အပုိင္ပါ။ ေက်ာက္ေခ်ာအပိုင္ မဟုတ္ပါဘူး။ မန္းမေဟာ္သဓာရဲ႕ ေတာင္ဘက္ တစ္မိုင္ခန္႔မွာ ရွိပါတယ္။ တန္၂၅၀၀က် တပ္မေတာ္ဘိလပ္ေျမစက္ရုံလို႔ သတ္မွတ္ထားေပမယ့္ စက္ရုံကို လံုးဝ မတည္ျဖစ္ခဲ့ပါဘူး။ စက္ရုံဝင္း ရယ္လုိ႔လည္း သတ္သတ္မွတ္မွတ္ မရွိပါဘူး။ မီးတုိင္စုိက္တာ လမ္းေဖာက္တာေလာက္ပဲ လုပ္ခဲ့တာပါ။ ဘိလပ္ေျမစက္ရုံအစား ေက်ာက္ျပားစက္ရုံေသးေသးေလးပဲ ေဆာက္ထားတာေတြ႔ရပါတယ္။ တပ္မေတာ္ဘိလပ္ ေျမစက္ရုံ မတည္ျဖစ္သလို က်ားေခါင္းနဲ႔ AAA ပုဂၢလိကဘိလပ္ေျမစက္ရုံေတြလည္း ေက်ာက္ဆည္ၿမဳိ႕သို႔ ေျပာင္း ေရႊ႕သြားၾကပါၿပီ။


မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး တည္ေဆာက္ေတာ့မွာမုိ႔ တပ္မေတာ္ဘိလပ္ေျမစက္ရုံပိုင္ ေျမကြက္ ေတြမ်ားျဖစ္ေနမလားဆိုၿပီး စံုစမ္းၾကည့္ပါေသးတယ္။ စက္ရုံမွဴးကိုယ္တုိင္လာၾကည့္သြားၿပီး လြတ္ကင္းေၾကာင္း ေထာက္ခံသြားပါတယ္။ ဒါေပမဲ့ တုိင္းဥကၠ႒ဆရာေတာ္ႀကီးကိုေတာ့ ဘိလပ္ေျမစက္ရုံစီမံကိန္းေျမျဖစ္သလုိလို ၎စီမံကိန္းနဲ႔ မလြတ္သလုိလို ဂ်င္းထည့္ထားၾကဟန္တူပါတယ္။ ဆရာေတာ္ႀကီးကိုယ္တုိင္ လာစံုစမ္းလုိ႔ပါ။ ဒီကိစၥ ေျမယာေကာ္မတီကလည္း အႀကိမ္ႀကိမ္စစ္ေဆးၿပီး ဒကာေတာ္တုိ႔ထံ တင္ျပၿပီးသားဆိုတာ ဒကာေတာ္တုိ႔လည္း အသိဆံုးပါ။


ဆရာေတာ္ႀကီးႏွယ္ ေျမယာေကာ္မတီလုပ္ရမည့္အလုပ္ကို ဆရာေတာ္ႀကီးက ဝင္လုပ္ေနတယ္လုိ႔ ဆရာ ေတာ္ႀကီးကို အျပစ္မဆုိဝံ့ေပမယ့္ လူအလုပ္ကို ဘုန္းႀကီးလုပ္ခုိင္းတာကိုေတာ့ စက္ဆုပ္မိတာအမွန္ပါ။

(ဆက္လက္ေဖာ္ျပပါမည္)

အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)” (ခ)

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

ဒကာတော်တို့ထံ တင်ပြထားတဲ့ မြေကွက် (၁.၂၇ ဧက)ကို ရွှေဆံနွယ်ဆရာတော်က လှူဒါန်းထားတာပါ။ ရွှေဆံနွယ်ဆရာတော်ကိုလည်း ဦးစန်းလွင်+ဒေါ်ခိုင်ခိုင်စိုး(ဆင်ဖြူတော်)မိသားစုက လှူဒါန်းထားတာပါ။ အလှူရှင် မိသားစုလည်း သက်ရှိထင်ရှားရှိပါသေးတယ်။


11.12.2018 ရက်နေ့မှာ ရွှေဆံနွယ်ဆရာတော်က တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သွားရောက်ဖူးမြော် ပါတယ်။ မြေပိုင်ဆိုင်ကြောင်း အထောက်အထားလိုချင်တယ်ဆိုလို့ ဥက္ကဋ္ဌဆရာတော်ကြီးကို သွားပြတာပါ။ ဆရာတော်ကြီး သြဝါဒပေးလိုက်တာက “ကော်မတီကို ဖွဲ့စည်းပုံပြင်ဆင်ပြီး ပြန်တင်ပါ။ သံဃာတွေပါနေလို့ ခွင့်ပြုမိန့်မကျတာပါ။ ဝါခင်းကုန်း(ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့။ ပညာရေးမူဝါဒက သံဃာတွေမပါစေရ သတ်မှတ်ထားတယ်” ဆိုတာပါပဲ။


ရွှေဆံနွယ်ဆရာတော်ကို မိန့်တော်မူတဲ့စကားက ရှင်းပါတယ်။ မန်းမဟော်သဓာကျောင်းတော်ကြီး ဆောက်မိန့်မကျတာက သံဃာတွေပါနေလို့ ဆိုတာပါပဲ။ သံဃာအားလုံးကိုတောင် ဆိုလိုပုံမရပါဘူး။ ရန်သူတော်နံပါတ်တစ် ကိုယ်တော်ကြီးကိုပဲ ရည်ရွယ်တာဖြစ်မှာပါ။ ကျန်တဲ့သံဃာတွေလည်း ဂျင်းနဲ့ပေါင်းလို့ အထောင်းခံရတဲ့သဘောပါ။ ဒီကိုယ်တော်ကြီးပါနေလို့ ဆောက်မိန့်ချမပေးတာလို့ တိုက်ရိုက်မပြောရုံတစ်မည်ပါပဲ။


ပညာရေးမူဝါဒမှာ ဘုန်းကြီးတွေ မပါစေရ သတ်မှတ်ထားလို့ ကော်မတီကို သံဃာတွေချန်လှပ်ပြီး လူတွေနဲ့ပဲ ပြန်ဖွဲ့စည်းပါ။ နာယကဆရာတော်တွေလည်း မပါစေနဲ့။ သြဝါဒဆရာတော်တွေလည်း မပါစေနဲ့။ ဝါခင်းကုန်း (ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့လို့ မိန့်တော်မူခဲ့တာကိုထောက်ရင် တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက ပညာရေးကော်မတီနဲ့ ကျောင်းဆောက်လုပ်ရေးကော်မတီ မကွဲဘူးလို့ ပြောရမှာပါ။ ဒကာတော်တို့ထံ တင်ပြ ထားတာက စာသင်ကျောင်းဆောက်လုပ်ခွင့်ပါ။ ဖွဲ့စည်းထားတဲ့ကော်မတီက စာသင်ကျောင်းဖြစ်မြောက်ရေး ကော်မတီပါ။ နာမည်အပြည့်အစုံက “မန်းမဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ကော်မတီ”ပါ။


ကျောင်းဆောင်တစ်ခုဖြစ်မြောက်ဖို့အတွက် ဆရာတော်သံဃာတော်တွေကို သြဝါဒါစရိယနေရာ၊ နာယက ဆရာတော်နေရာမှာထားပြီး အမြဲတန်း ဦးထိပ်ထားခဲ့တဲ့ မြန်မာ့အစဉ်အလာတစ်ရပ်အရ ဖွဲ့စည်းခဲ့ကြတာ ထုံးစံပါ။ မင်းကွန်းဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ဗြဟ္မစိုရ်ဆရာတော်ကြီးတို့လည်း ဒီလိုပဲ ဆောက်လုပ်ခဲ့ကြတာပါ။ ဒီအစဉ်အလာအရ အခုလို ကျောင်းဆောက်လုပ်ရေးကော်မတီကို သံဃာတော်တွေ ဦးထိပ်ထားပြီး ဖွဲ့စည်းခဲ့တာဟာ ဘယ်တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေပါသလဲ။ ဘယ်ညွှန်ကြားလွှာ၊ ဘယ်လုပ်ထုံးလုပ်နည်း၊ ဘယ်စည်းမျဉ်းစည်းကမ်း တွေနဲ့ မညီမညွတ် ဖြစ်နေပါသလဲ။


ကျောင်းတော်ကြီးဆောက်လုပ်ပြီးစီးသွားတဲ့အခါကျမှ ပညာရေးကော်မတီလိုအပ်တာပါ။ အဲဒီအခါကျမှ အမျိုးသားပညာရေးဥပဒေနဲ့အညီ ပညာရေးကော်မတီ ဖွဲ့စည်းပြီး ပညာရေးဝန်ကြီးဌာနထံ ဖွင့်လှစ်သင်ကြားခွင့် တောင်းရမှာပါ။ စာသင်ကျောင်းဆောင်တောင် မဆောက်ရသေးဘဲ ပညာရေးကော်မတီ ဖွဲ့စရာမလိုသေးပါဘူး။


ဒီလို ကျောင်းဆောက်လုပ်ရေးကော်မတီနဲ့ ပညာရေးကော်မတီကို ကွဲကွဲပြားပြား သိတော်မမူတဲ့ ဆရာတော် ကြီးတွေကို အပူကပ်ပြီး ဝီရသူကို ထိန်းခိုင်းတာဟာ မန္တလေးတိုင်းအစိုးရအနေဖြင့် အစိုးရကောင်းတစ်ရပ် ပြုလုပ် အပ်တဲ့ လုပ်ရပ် ဟုတ် မဟုတ် အလေးအနက် စဉ်းစားဆင်ခြင်သင့်လှပါတယ်။

12.12.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မန်းမဟော်သဓာမြေကွက်ရှိရာ ကျောက်ချောရွာသို့ တိုင်းဥက္ကဋ္ဌ ဆရာတော်ကြီး ကြွတော်မူပါတယ်။ ကြိုတင်အသိမပေးဘဲ ရှောင်တခင်ကြွလာတာကိုကြည့်ရင် ဆရာတော်ကြီး လည်း အဂတိတရားကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အတတ်နိုင်ဆုံးဆောင်ရွက်တာ ထင်ရှားပါတယ်။ အသက်အရွယ် နဲ့မမျှအောင် အားထည့်ဆောင်ရွက်တော်မူခြင်းပါပဲ။ ရွှေဆံနွယ်ဆရာတော် လှူတဲ့အကွက်ရော၊ ပညာဒါနကျူရှင် ကျောင်းမှာပါ အသေးစိတ်လေ့လာပါတယ်။ ဒါေပေမဲ့ဗျာ ကျွမ်းကျင်ရာလိမ္မာဆိုသလို သံဃကိစ္စဆိုရင်တော့ ဆရာတော်ကြီးက ကျွမ်းကျွမ်းကျင်ကျင်ဆုံးဖြတ်နိုင်မှာပေါ့။ အခုတော့ မြေရာဇဝင်ကို လာရောက်စုံစမ်းရတာ ဖြစ်နေလို့ အခုမှ စလုံးရေစဆိုသလို အစကနေ ပြန်ကျော့ရမည့်ပုံစံမျိုးချည်း ဖြစ်သွားတယ်။


ဘိလပ်မြေစက်ရုံစီမံကိန်းတွေရော ဝီရသူဖောင်ဒေးရှင်းအကြောင်းတွေပါ သိလိုရာမေးတော်မူပါတယ်။ ဘိလပ်မြေစီမံကိန်းကို စစ်အစိုးရလက်ထက်မှာ လုပ်ခဲ့တာပါ။ စလုပ်ကတည်းက ရွှေဆံနွယ်မြေကွက်မပါပါဘူး။ ရွှေဆံနွယ်ဆရာတော်ပိုင်တဲ့ မြေကွက်ဖြစ်လို့ ချန်ထားခဲ့တာပါ။ တပ်မတော်ဘိလပ်မြေစက်ရုံမြေကွက်ကလည်း ပြင်ဦးလွင်အပိုင်ပါ။ ကျောက်ချောအပိုင် မဟုတ်ပါဘူး။ မန်းမဟော်သဓာရဲ့ တောင်ဘက် တစ်မိုင်ခန့်မှာ ရှိပါတယ်။ တန်၂၅၀၀ကျ တပ်မတော်ဘိလပ်မြေစက်ရုံလို့ သတ်မှတ်ထားပေမယ့် စက်ရုံကို လုံးဝ မတည်ဖြစ်ခဲ့ပါဘူး။ စက်ရုံဝင်း ရယ်လို့လည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။ မီးတိုင်စိုက်တာ လမ်းဖောက်တာလောက်ပဲ လုပ်ခဲ့တာပါ။ ဘိလပ်မြေစက်ရုံအစား ကျောက်ပြားစက်ရုံသေးသေးလေးပဲ ဆောက်ထားတာတွေ့ရပါတယ်။ တပ်မတော်ဘိလပ် မြေစက်ရုံ မတည်ဖြစ်သလို ကျားခေါင်းနဲ့ AAA ပုဂ္ဂလိကဘိလပ်မြေစက်ရုံတွေလည်း ကျောက်ဆည်မြို့သို့ ပြောင်း ရွှေ့သွားကြပါပြီ။


မန်းမဟော်သဓာကျောင်းတော်ကြီး တည်ဆောက်တော့မှာမို့ တပ်မတော်ဘိလပ်မြေစက်ရုံပိုင် မြေကွက် တွေများဖြစ်နေမလားဆိုပြီး စုံစမ်းကြည့်ပါသေးတယ်။ စက်ရုံမှူးကိုယ်တိုင်လာကြည့်သွားပြီး လွတ်ကင်းကြောင်း ထောက်ခံသွားပါတယ်။ ဒါပေမဲ့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးကိုတော့ ဘိလပ်မြေစက်ရုံစီမံကိန်းမြေဖြစ်သလိုလို ၎င်းစီမံကိန်းနဲ့ မလွတ်သလိုလို ဂျင်းထည့်ထားကြဟန်တူပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် လာစုံစမ်းလို့ပါ။ ဒီကိစ္စ မြေယာကော်မတီကလည်း အကြိမ်ကြိမ်စစ်ဆေးပြီး ဒကာတော်တို့ထံ တင်ပြပြီးသားဆိုတာ ဒကာတော်တို့လည်း အသိဆုံးပါ။


ဆရာတော်ကြီးနှယ် မြေယာကော်မတီလုပ်ရမည့်အလုပ်ကို ဆရာတော်ကြီးက ဝင်လုပ်နေတယ်လို့ ဆရာ တော်ကြီးကို အပြစ်မဆိုဝံ့ပေမယ့် လူအလုပ်ကို ဘုန်းကြီးလုပ်ခိုင်းတာကိုတော့ စက်ဆုပ်မိတာအမှန်ပါ။

(ဆက်လက်ဖော်ပြပါမည်)

အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀