သတင်း







ဝီရသူ(မစိုးရိမ်)
18.11.2019
PM-12:55

“အင်အားပြဖို့ အချိန်တန်ပြီ”

မြန်မာ့တပ်မတော်ခေါင်းဆောင်တွေ ရန်ရှာခံရတာလည်း အချုပ်အခြာအာဏာ ထိပါးခံရတာပါပဲ။

မြန်မာအစိုးရခေါင်းဆောင်တွေ ရန်မူခံရတာလည်း အချုပ်အခြာအာဏာ ထိပါးခံရတာပါပဲ။

တပ်မတော်ခေါင်းဆောင်တွေတုန်းက အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ သံဃာတော်များနှင့် ပြည်သူများ တာဝန်ကျေခဲ့ကြပါပြီ။

အစိုးရအလှည့်ရောက်လာတော့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလော်ဘီများနှင့် တစ်ဆယ့်နှစ်သန်းသော ပြည်သူများ အချုပ်အခြာအာဏာကို တန်ဖိုးထားတယ်ဆိုရင် အင်အားပြသဖို့ အချိန်တန်ပါပြီ။

အမျိုးသားရေးသမားများကတော့ အချိန်မရွေး အားဖြည့်ပေးပြီး အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အဆင်သင့်ရှိနေကြပါတယ်။

ဝီရသူ(မစိုးရိမ်)
18.11.2019
PM-12:55