Monthly Archives: January 2022

သတင်း

စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း စာအုပ် အလှူတော်

စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း စာအုပ် အလှူတော်===================== ပြာသိုလဆုတ် ၆ရက် (22.1.2022)ရက်နေ့၊ မနက် ၁၁း၀၀နာရီ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ နေပြည်တော်မစိုးရိမ်တိုက်သစ်သို့ သွားရောက်လှူဒါန်းပါတယ်။ စာအုပ်အလှူရှင်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဦးတင်မောင်ဝင်း+ဒေါ်ဌေး (ရွှေအိမ်)မိသားစုဖြစ်ပြီး ဆရာတော်အရှင်ဝီရသူ(မစိုးရိမ်) အချုပ်သားလူနာဘဝနဲ့ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင် ၁၀၀၀)မှာ ရေးသာပြုစုခဲ့တဲ့ “စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း”စာအုပ်(၂၀၅)အုပ်၊ ရွှေမျက်စဉ်နှင့် ရွှေတံခါးရှူဆေးများကို နေပြည်တော်စိုးရိမ်တိုက်သစ်ရှိ စာချဆရာတော်များ၊ စာချတန်းသံဃာတော်များအား အပါးစေ့ လှူဒါန်းခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစုတို့လည်း လိုက်ပါကုသိုလ်ယူကြပါတယ်။ နေပြည်တော်ရှိ စာသင်တိုက်ကြီးများဖြစ်တဲ့ ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂) “အရုဏ်ဆွမ်းကျင့်စဉ် မေတ္တာအစိန္တေယျ” (17.1.2022 ရက်နေ့ထုတ်၊ အတွဲ(၁) အမှတ်(၂၁) ဂါးဒီးယန်းသတင်းစာမှ ကူးယူဖော်ပြသည်။)   ————————————————- စာရေးသူ မနက်အစော အရုဏ်ဆွမ်းအဖြစ် နေ့စဉ် ယာဂု(ဆန်ပြုတ်) သောက်ပါသည်။ ကျန်းမာရေးအတွက် ဖြစ်ပါသည်။ အရံအာဟာရအဖြစ် ကျောင်းသားများဆက်ကပ်သည်များလည်း ဘုဉ်းပေးသုံးဆောင်ပါသည်။ ပလာတာ၊ ထပ်တစ်ရာ၊ ပဲနံပြား၊ ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ မြီးရှည် စသည်ဖြင့် ကျောင်းသားများ ဝယ်ယူဆက်ကပ်တတ်ကြပါသည်။ ဒါယကာ ဒါယိကာမများ လှူဒါန်းထားသည့် အခွံမာသီးအပါအဝင် ငါးခြောက်ကြော်၊ ငါးကြော် စသည်များလည်း ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁) “နံနက်ခင်းကျင့်စဉ် အာရက္ခတရားလေးပါး” (17.1.2022 ရက်နေ့ထုတ်၊ အတွဲ(၁) အမှတ်(၂၁) ဂါးဒီးယန်းသတင်းစာမှ ကူးယူဖော်ပြသည်။)   ————————————————- စာရေးသူ မနက်အိပ်ရာနိုးသည့်အခါ ချက်ချင်းအိပ်ရာမထပါ။ နာရီကြည့်ပြီး ခဏပြန်မှိန်းနေတတ် ပါသည်။ ထိုသို့ပြန်မှိန်းနေခိုက်မှာ ဂုဏ်တော်ပွားများနေတတ်ပါသည်။ ဂုဏ်တော်ပွားများနေတတ်သည်မှာ နေ့စဉ်နီးပါးဖြစ်ပြီး တစ်ခါတရံတွင်မူ နှလုံးခုန်သံကို တရားရှုမှတ်နေတတ်ပါသည်။ အိပ်ရာနိုးလျှင်နိုးချင်း နှလုံးခုန်သံကို နားစွင့်တတ်ပါသည်။ နှလုံးခုန်သံ လုံးဝ မကြားရသည့်နေ့များက ပိုများပြီး နှလုံးခုန်သံ ကြားရသည့်နေ့က လွန်စွာနည်းပါးလှပါသည်။ နှလုံးခုန်သံမကြားရလျှင် ဂုဏ်တော်ပွားများနေတတ်ပြီး နှလုံးခုန်သံကြားရသည့်နေ့တွင် နှလုံးခုန်သံကို ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၆)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၆)  “အမျိုးသားရေးအတွက် ပေးဆပ်ရလေသလော” စာရေးသူ နိုင်ငံရေးလိုင်းမှ အမျိုးသားရေးလိုင်းသို့ ပြန်လည် ရောက်ရှိလာသည့် အချိန်မှစ၍ ယနေ့အချိန်ထိ အန္တရာယ်ပေါင်းများစွာ ကျရောက်ခဲ့ပေသည်။ ထိုအန္တရာယ်များတွင် အနီနှင့် အနက် အသိုင်းဝိုင်း နှစ်ရပ်ကပေးသော အန္တရာယ်က အများဆုံးပင်။ မီဒီယာမည်သည်ကား အနီနှင့်အနက်တို့၏ မွေးစားသား ဖြစ်နေသောကြောင့် ၎င်းတို့၏ မိထွေးဖထွေးများအလိုကျ စာရေးသူကို ပစ်မှတ်ထား၍ အမြဲတိုက်ခိုက်လေတော့၏။ မီဒီယာမှိုင်းမိသော ရဟန်းရှင်လူ ပြည်သူများသည် စာရေးသူအပေါ် အထင်အမြင် လွဲမှားရာမှ စော်ကားပြစ်မှားသည့်အဆင့်ထိ ရောက်ရှိခဲ့တော့၏။ ဤသည်ကို ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၅)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၅)  “မိန်းမတစ်ယောက်လောက် လိုချင်သည်” ကမ္ဘာကျော် ကပ်္ပိယများအကြောင်းကို စာရှုသူတို့ သိရှိပြီးကြပေပြီ။ စာရေးသူကို ၀န်းရံသူများနှင့် စာရေးသူ၏ တပည့်များ မနိုင်ဝန်ထမ်းနေကြပုံများ ဖြစ်၏။ ယခုမူ စာရေးသူ၏ အနီးအပါးရှိ အနီးနေ တပည့်များအကြောင်း ပြောမည် ဖြစ်ပါသည်။ စာရေးသူသည် စာသင်သားများအား စာရေးသူအတွက် ကိုယ်ရေးကိုယ်တာ ၀တ်ကြီးဝတ်ငယ်များ လုံးဝ မခိုင်းပါ။ မခိုင်းရခြင်းအကြောင်းကား “သူတို့တတွေ စာသင်ဖို့ လာကြခြင်းဖြစ်သည်။ ဝေယျာဝစ်္စလုပ်ဖို့ လာကြခြင်း မဟုတ်”ဟု ခံယူထားသောကြောင့် ဖြစ်သည်။ ကပ်္ပိယနှစ်ဦးသုံးဦး ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)  “ကမ္ဘာကျော် ကပ်္ပိယများ” ကပ္ပိယဟူသော ဝေါဟာရကို လူတိုင်းကြားဖူးကြပေသည်။ ဘုန်းတော်ကြီးများ၏ သက်တော်စောင့်၊ အပါးတော်မြဲ၊ နောက်လိုက်တပည့်၊ အနားမှာအမြဲနေထိုင်သူဟု အများစုက ထင်မြင်နေကြ၏။ အမှန်စင်စစ်ကား ထိုသို့မဟုတ်ပါ။ အပ်စပ်အောင် ဆောင်ရွက်ပေးသူဟု အဓိပ္ပါယ်ရပါသည်။ မှန်ပါသည်။  ကပ္ပိယဟူသည် ရဟန်းတော်များ ၀ိနည်းတော်နှင့် အပ်စပ် (သင့်တော်ညီညွတ်)အောင် စီစဉ်ပေးရသူ ဖြစ်ပါသည်။ ဥပမာ ရဟန်းတော်များ ထမင်းဟင်းမချက်ကောင်းပါ။ ထမင်းဟင်း မချက်ရဟု ပညတ်ထားသည့် ၀ိနည်းသိက္ခာပုဒ်အရ အာပတ်သင့် (အပြစ်ရှိ)ပါသည်။ သို့သော် ရှင်သာမဏေ ...
ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၃)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၃)  “တွေ့ကြုံဆုံရ လေယာဉ်စီး ခရီးသည်ဘ၀” စာရေးသူ လေယာဉ်စီး၍ ခရီးသွားရာ၌ အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ ခရီးသွားရာ၌ ခရီးဖော်မျိုးစုံက ပေးခဲ့သော အဖြစ်အပျက်များလည်း ပါဝင်ပါသည်။ မနက်အစော ယာဂုံ(ဆန်ပြုတ်)ဘုဉ်းပေးလာခဲ့သည်။ တံတားဦးလေဆိပ်သို့ ရောက်ပြီး၍ မကြာမီတွင် လေယာဉ်နောက်ကျကြောင်း ကြေညာသည်နှင့် ကြုံရ၏။ ခါတိုင်း၌ မနက်ရှစ်နာရီဆိုလျှင် ရန်ကုန်လေဆိပ်ရောက်နေပြီဖြစ်သော်လည်း ထိုနေ့၌ မနက်ဆယ်နာရီကျော်မှသာ လေယာဉ်ထွက်ပါသည်။ တစ်ဆယ့်တစ်နာရီထိုးပြီးကာစတွင် ပုံမှန်အတိုင်း လေယာဉ်မယ်က အာဟာရများဝေငှပါသည်။ စာရေးသူတို့ ရဟန်းတော်နှစ်ပါးအား ဆွမ်းကပ်လိမ့်မည် ထင်မှတ်ခဲ့သော်လည်း မကပ်ကြပါ။ ...