Monthly Archives: March 2022
သတင်း
ဉေယျဓမ်တောရသို့ … (၁၃)
ဉေယျဓမ်တောရသို့ … (၁၃) =============== စာရေးသူတို့ လိုက်ကြည့်တာက နတ်တလူသာသနာပြုစခန်းကြီး တစ်ခုလုံးလိုလို ဖြစ်သွားပါတယ်။ ထမင်းဟင်း ချက်ပြုတ်နေကြတာတွေရော၊ ဧည့်သည်တွေ ဆွမ်းလောင်းဖို့ ပြင်ဆင်နေကြတာတွေရော စုံနေအောင် လိုက်ကြည့်နေတော့ အပြန် နည်းနည်းနောက်ကျသွားပါတယ်။ ကျောင်းဝင်းကြီးက ကျယ်တာကိုး။ ဆရာငြိမ်းချမ်းသာတို့ ရောက်နှင့်နေပြီး စာရေးသူတို့ကိုစောင့်နေတာ တွေ့ရပါတယ်။ နတ်တလူသာသနာပြုစခန်းမှာ ဆရာသွေးတို့နှင့်လည်း ထပ်မံစကားပြောရ၊ နတ်တလူကပ္ပိယများနှင့်လည်း တွေ့ရလို့ စားရေးသူအပေါ်ထားရှိတဲ့ ဆရာတော်ကြီးရဲ့ သံယောဇဉ်ကို ပိုပြီး သိရှိခွင့်ရလာပါတယ်။ မန္တလေးမှ ကပ္ပိယကိုဟန်ဝင်း၊ ဉေယျဓမ်မှ ကပ္ပိယမောင်ညီထွန်းနှင့် မောင်ပုတီးကျော်တို့လည်း စားရေးသူကို ...
သတင်း
ဉေယျဓမ်တောရသို့ … (၁၂)
ဉေယျဓမ်တောရသို့ … (၁၂) ================ နတ်တလူကို သွားကြပါတော့မယ်။ စာရေးသူလည်း ကဗျာစပ်လိုက် စာကျက်လိုက်လုပ်ရင်း လမ်းလျှောက်နေပါတယ်။ ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ ပရိက္ခရာထဲက ဖိနပ်တစ်ရံကို ထုတ်ယူကြည့်လိုက်တော့ စာရေးသူစီးတဲ့ နံပါတ်(၉)ဖြစ်နေပါတယ်။ အဟောင်းကလည်း နံပါတ်(၉)ပါပဲ။ ဒါပေမဲ့ ဆိုဒ်အကြီး နံပါတ်(၉)ဖြစ်နေလို့ ဖနောင့်အပြင်ဘက် အတော်ထွက်နေပါပြီ။ ဒါကြောင့် အဟောင်းကို ကုဋီသွားရာအခန်းထဲက နံရံဘေးမှာ ထားခဲ့ပါတယ်။ အာဂန္တုဆရာတော်များ ကြွလာတဲ့အခါ ကုဋီတက်ရင်း စီးလို့ရအောင်ပါ။ ဘုရားရှိခိုးပြီး အားလုံးထွက်လာခဲ့ပါတယ်။ သာသနဝုဍ္ဎိကျောင်းဝင်းတံခါးကြီးမှ ထွက်လာတာနဲ့ ဘယ်ဘက်ဘေးမှာ ဆိုင်းဘုတ်ကလေးတစ်ခု တွေ့ရပါတယ်။ လမ်းအမည်လေးပါ။ ...
ဆောင်းပါး
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)  စာနာမှုကျင့်စဉ် (၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၉)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး) ~~~~~~~~~~~~~~~~ စာရေးသူသည် တိရစ္ဆာန်များကို ချစ်ခင်ကြင်နာတတ်ပါသည်။ ချစ်ရခြင်းအကြောင်းက သနားခြင်းပင် ဖြစ်ပါသည်။ သူတို့ဘဝလေးများ အတိတ်ကံအကြောင်းတစ်ခုကြောင့် တိရစ္ဆာန်ဖြစ်ကြရသည်ဟူသော အတွေးက ချစ်တတ်အောင်သင်ပြပေးသကဲ့သို့ ရှိလေသည်။ လူနှင့်နီးကပ်သည့် ခွေး၊ ကြောင်လေးများမဆိုထားဘိ လူနှင့်မနီးကပ်သည့် ငှက်ကလေးများ၊ ရှဥ့်ကလေးများကိုလည်း တွေ့မြင်ရတိုင်း ချစ်ခင်ကြင်နာစိတ်များ တဖွားဖွားပေါ်လာတတ်ပေသည်။ ထို့ကြောင့် စာရေးသူသည် ...
သတင်း
ဉေယျဓမ်တောရသို့ … (၁၁)
ဉေယျဓမ်တောရသို့ … (၁၁) ================= တပေါင်းလဆန်း ၁၄ရက် (15.3.2022)ရက်နေ့၊ မနက် ၄း၀၀နာရီ အိပ်ရာထပြီး ပုံမှန်အတိုင်း မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပြီး တရားထိုင်ပါတယ်။ ညတုန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ စိတ်ပိုလန်းနေပါတယ်။ ရောက်ကာစတုန်းက နာရီကလည်း ၁၅မိနစ်တစ်ခါမြည်၊ ဆရာတော်ကြီးကို ဖူးချင်တဲ့စိတ်ကလည်း ဆန္ဒစောနေတာကြောင့် တစ်ဆက်တည်း မအိပ်လိုက်ရပေမယ့် မနေ့ညတုန်းကတော့ တစ်ဆက်တည်း အိပ်နိုင်ခဲ့ပါတယ်။ အရုဏ်ဆွမ်းစားပြီး နမောတဿ ရွတ်ရင်း ရေလောင်း၊ ရေလောင်းရင်း ဂုဏ်တော်ပွားဖြင့် သေနာသနဝတ် ဖြည့်ကျင့်ကြပါတယ်။ ကျောင်းသန့်ရှင်းရေးကုသိုလ်က တစ်ပိုင်း၊ ဂုဏ်တော်ပွားတဲ့ကုသိုလ်က တစ်ပိုင်း၊ ...
သတင်း
ဉေယျဓမ်တောရသို့ … (၁၀)
ဉေယျဓမ်တောရသို့ … (၁၀) =============== ဒီနေ့လည်း ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ လှူဖွယ်ဝတ္ထုတွေ ထပ်မံရောက်ရှိလာပါတယ်။ သုံးပါးလုံးအတွက် စိတ်တိုင်းကျ ရွေးချယ်စွန့်ကြဲတော်မူပုံပါပဲ။ သင်္ကန်းဆိုရင်လည်း အဝါရောင်၊ ဖိနပ်ဆိုရင်လည်း သင့်တော်မည့်နံပါတ်ပေါ့။ စာရေးသူက နံပါတ် ၉စီးမှ ကြည့်ကောင်းတာပါ။ စာရေးသူနဲ့ သင့်တော်မည့် နံပါတ် ၉ဖိနပ်ပါလာတာ အံ့သြစရာ။ ဒါ့အပြင် ဖောင်တိန်ပတ်ကား ပါကင်တစ်ဘူး၊ လက်သည်းညှပ်နှင့် ဆက်စပ်ကိရိယာလေးတွေပါတဲ့ ပါကင်တစ်ဘူး စုံနေတာပါပဲ။ နှုတ်တော်မှ ထုတ်ဖော်လို့ မှာတော်မူလိုက်သေးတာက “ရေနွေးဘူးကို မန္တလေးယူသွားပါ။ မထားခဲ့ပါနဲ့”ဆိုတာပါပဲ။ ဂရုစိုက်ရှာတယ်နော်။ ညနေမှာ ဘုရားသောက်တော်ရေကပ်၊ ...
သတင်း
ဉေယျဓမ်တောရသို့ … (၉)
ဉေယျဓမ်တောရသို့ … (၉) ============== နေ့ဆွမ်းစားပြီးတဲ့အခါ ကပ္ပိယကိုခင်မောင်ဝင်းတို့အဖွဲ့ ပြန်သွားကြပါတယ်။ နေ့ဘက် ခဏမကျိန်းခင်လေးမှာ စာရေးသူတို့တည်းခိုရာ သာသနဝုဍ္ဎိကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လေ့လာစူးစမ်းမိပါတယ်။ ကျောင်းပုံစံ၊ ကျောင်းဝင်းအကျယ်အဝန်း၊ သစ်ပင်ပန်းမာလ်စိုက်ပျိုးပုံ၊ စင်္ကြံလမ်း၊ စောင်းတန်း၊ မီးဖို၊ ရေကန် တည်ဆောက်ပုံများကို သဘောကျမိပါတယ်။ မီးဖိုချောင်ဆိုပေမယ့် ကုဋီ(အိမ်သာ)လို့ ထင်ရတဲ့ ဆောက်အဦးလေးပါ။ ဖွင့်ကြည့်မှ မီးဖိုမှန်း သိရတာပါ။ တစ်ပါးတည်း တောရဆောက်တည်နေလို့ ချက်ပြုတ်စရာမလိုပေမယ့် အရေးအကြောင်းဆို ရေနွေးတည်နိုင်အောင်လို့ စီမံပေးထားပုံရပါတယ်။ မီးဖိုရယ်၊ ရေနွေးအိုးရွယ်၊ ခွဲစိပ်ပြီးသားထင်းတုံးလေးတွေရယ်၊ ထင်းရှူးဆီသားလေးတွေရယ်၊ မီးခြစ်ရယ် ...
သတင်း
ဉေယျဓမ်တောရသို့ … (၈)
ဉေယျဓမ်တောရသို့ … (၈) =============== ကိုခင်မောင်ဝင်းတို့အဖွဲ့ နေ့ဆွမ်းလာကပ်ကြပါတယ်။ အရိုးအကြောဆိုင်ရာ ကျန်းမာရေးအခြေအနေကြောင့် စာရေးသူက အမဲ၊ ဝက်၊ ငါး၊ ပုစွန်၊ ပြောင်းဖူး၊ မျှစ်၊ ပဲပုတ်၊ ငှက်ပျောသီး၊ ဆီကြော်အစားအစာများ ရှောင်နေရကြောင်း သူတို့ကို ပြောမထားပါ။ တောထမင်း တောဟင်း စာလိုသောကြောင့် ဖြစ်ပါတယ်။ တောထဲတောင်ထဲဆိုပေမယ့် ဆရာတော်ကြီးရဲ့ ဘုန်းကံကြောင့် အစစအရာရာ ပြည်စုံပါတယ်။ ဆွမ်း ဆွမ်းဟင်းလည်း လိုလေသေးမရှိ၊ အချိုပွဲအတွက် သစ်သီးဝလံလည်း လိုလေသေးမရှိ ပြည့်စုံလှပါတယ်။ ဆွမ်းစားပြီး စကားတွေပြောဖြစ်ပါတယ်။ ကိုခင်မောင်ဝင်းတို့အဖွဲ့က ...
သတင်း
ဉေယျဓမ်တောရသို့ … (၇)
ဉေယျဓမ်တောရသို့ … (၇)============== တောလမ်းလေးအတိုင်း ပြန်လာခဲ့ကြပါတယ်။ ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ လှူဖွယ်များကို ကပ္ပိယကိုခင်မောင်ဝင်းအဖွဲ့က လိုက်ပို့ကြပါတယ်။ စာရေးသူတို့ သာသနဝုဍ္ဎိကျောင်း ပြန်ရောက်တယ်ဆိုရင်ပဲ ဉေယျဓမ်ဝင်းရဲ့ ဥပစာမှာရှိတဲ့ ပုညဝုဍ္ဎိဆောင်မှာတည်းခိုရတဲ့ ဒကာနှစ်ယောက် အပြေးအလွှားရောက်ရှိလာပါတယ်။ သူတို့နှင့်အတူ ကင်မရာဆရာလေးလည်း ပါလာပါတယ်။ ကင်မရာဆရာလေးက စာရေးသူနှင့်အတူ မစိုးရိမ်မှပါလာတဲ့ တပည့်ကျောင်းသားလေးပါ။ ဆရာတော်ကြီးနှင့် တွေ့ဆုံတဲ့အခါ စနစ်တကျ မှတ်တမ်းယူနိုင်ဖို့ သူ့ကိုခေါ်လာတာပါ။ ဒါပေမဲ့ သူလည်း ဖူးမြော်ခွင့်မရလိုက်၊ ကင်မရာဒေါက်တိုင်များလည်း မသုံးလိုက်ရပါ။ သွားခါနီးမှာ ကင်မရာဒေါက်တိုင် ရှာကြည့်ပေမဲ့ ကားပေါ်မှာမကျန်ခဲ့ဘဲ သူနှင့်အတူ ပါသွားတာကြောင့် ...
သတင်း
ဉေယျဓမ်တောရသို့ … (၆)
ဉေယျဓမ်တောရသို့ … (၆)============== စာရေးသူတို့ စကားလက်ဆုံကျနေတုန်းမှာ ကိုခင်မောင်ဝင်းတို့အဖွဲ့က စာရေးသူတို့အတွက် လှူဖွယ်ဝတ္ထုတွေ ရွေးချယ်နေကြပါတယ်။ မူလတုန်းက စာရေးသူနှင့် နောက်ပါတစ်ပါးဟု ထင်ထားပေမယ့် တကယ်လာတဲ့အခါ နောက်ပါနှစ်ပါးဖြစ်နေလို့ သုံးပါးစာ ပြင်ဆင်ပေးရတာပါ။ နှစ်ပါးစာက ပြင်ဆင်ပြီးသားဖြစ်လို့ တစ်ပါးစာအတွက်ပဲ လှူဖွယ်များ ရွေးချယ်နေရတာပါ။ ဆရာတော်ကြီးက သတိအားကောင်းပါတယ်။ အစစအရာရာ အသေးစိတ်မှတ်မိပါတယ်။ သပိတ်ထဲမှာ ဆပ်ပြာခဲထည့်ရဲ့လား၊ သွားတိုက်ဆေးဘူး သွားပွတ်တံပါလား စသည် စုံလင်အောင် မေးတော်မူပြီးမှ တစ်ပါးချင်းစီကို အကပ်ခိုင်းပါတယ်။ နောက်ဆုံးမှာတော့ စာရေးသူတို့ သုံးပါးလုံး ဆရာတော်ကြီးကို သြကာသကန်တော့ချိုးနဲ့ ...
သတင်း
ဉေယျဓမ်တောရသို့ … (၅)
ဉေယျဓမ်တောရသို့ … (၅)=============== မနက် ၇း၀၀နာရီ ထိုးပါပြီ။ ကပ္ပိယကိုခင်မောင်ဝင်းတစ်ဦးတည်း ရောက်လာပါတယ်။ သွားဖူးကြမယ်ဆိုတော့ မောင်ပဉ္စင်းနှစ်ပါး လိုက်လို့ရမလား မေးလိုက်ပါတယ်။ ရတယ်ဆိုလို့ ပျော်သွားကြပါတယ်။ ချက်ချင်းပဲ ကိုခင်မောင်ဝင်းနောက် လိုက်သွားကြပါတယ်။ သာသနဝုဍ္ဎိကျောင်းဝင်း တံခါးပေါက်မှဆင်းကာ တောလမ်းလေးအတိုင်း လိုက်လာခဲ့ပါတယ်။ တဲကလေးလိုလို ဇရပ်ကလေးလိုလိုတွေ့လို့ မေးကြည့်မှ ရေသိမ်ဖြစ်နေပါတယ်။ တောင်ကျချောင်းကလေးအတွင်း ဆောက်လုပ်ထားတဲ့ ခြေတံရှည်သိမ်လေးပါ။ နွေရာသီဖြစ်လို့ ရေတော့ခမ်းနေပါပြီ။ ဆရာတော်ကြီးတစ်ပါးတည်း သီတင်းသုံးပေမယ့် ဥပုသ်ပြုပုံတော့ရပါတယ်။ တစ်ပါးတည်းပြုရတဲ့ ဥပုသ်ဆိုတော့ အဓိဋ္ဌာန်ဥပုသ်ပေါ့။ “ဣမံ သတိံ အဓိဋ္ဌာမိ ဣမံ ...
သတင်း
ဉေယျဓမ်တောရသို့ … (၄)
 ဉေယျဓမ်တောရသို့ … (၄) ============== မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဖူးမြင်ရတော့မယ်ဆိုမှ လှူဖွယ်ဝတ္ထုကို သတိရလာတော့တယ်။ ဆရာတော်ကြီးကို ဆက်ကပ်လှူဒါန်းဖို့အတွက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဓဇ အထူးထုတ်မဂ္ဂဇင်းရယ်၊ စာရေးသူရဲ့ ပြည်သူ့မှာတမ်းရယ်၊ စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်းရယ်၊ ဆရာငြိမ်းချမ်းသာရဲ့ ရွာပြင်ထုတ်ခံရသူကြီးရယ်၊ မြန်မာဂါဒီးယန်းဂျာနယ်သစ်တွေရယ် ယူလာခဲ့ပါတယ်။ အဲဒါတွေအပြင် ဆရာတော်ကြီးကိုဆက်ကပ်ဖို့ ဒကာနှစ်ဦးဝယ်ယူလာတဲ့ သင်္ကန်းနှစ်စုံကိုလည်း ပြင်ဆင်ထားလိုက်ပါတယ်။ ဒကာနှစ်ဦးက ပုညဝုဍ္ဎိဆောင်မှာ တည်းခိုရတာဆိုတော့ သူတို့မဖူးမြော်လိုက်ရပေမဲ့ သူတို့သင်္ကန်းလှူလိုက်ရတယ်ဆိုရင်ကိုပဲ ဝမ်းသာနေကြမှာပါ။ ဒါကြောင့် သူတို့ကိုယ်စား ဆက်ကပ်ပေးဖို့ ပြင်ဆင်လိုက်တာပါ။ တစ်ခုသတိရလာတာက ဆရာတော်ကြီးအတွက် အမှတ်တရဖြစ်စေမယ့် ကဗျာတွေ ...
သတင်း
ဉေယျဓမ်တောရသို့ … (၃)
 ဉေယျဓမ်တောရသို့ … (၃) ===============  မနက် ၆း၀၀နာရီထိုးသည့်အခါ ကိုခင်မောင်ဝင်းတို့ ကပ္ပိယအဖွဲ့ အသံကြားရလို့ တရားထိုင်တာ ရပ်နားလိုက်ပါတယ်။ အရုဏ်ဆွမ်းလာကပ်ခြင်းဖြစ်ပါတယ်။ ဆီချက်ခေါက်ဆွဲ ကပ်လှူကြပါတယ်။ သစ်သီးပွဲလည်း ပါပါတယ်။ တောရဆိုပေမဲ့ မြို့လိုပဲ ခဲဘွယ်ဘောဇဉ်က စုံလင်လှပါတယ်။ စာရေးသူက ကော်ဖီ လဘက်ရည် သောက်လေ့မရှိတာကြောင့် ကော်ဖီတစ်ခုပဲ မသောက်ဘဲနေလိုက်တာပါ။ ကျန်တာတွေတော့ အကုန်လုံး ဘုဉ်းပေးသုံးဆောင်ခဲ့ပါတယ်။  ဆွမ်းပွဲပြီးသွားသည့်အခါ ကိုခင်မောင်ဝင်းက “မနက် ၇း၀၀နာရီ လာပင့်ပါ့မယ်ဘုရား”ဟု လျှောက်ထားသွားပါတယ်။ သဲထိတ်ရင်ဖို စွန့်စားခန်းမဟုတ်ပေမဲ့ ရင်ခုန်စရာကြီးပါ။  သံဃာတော်များနှင့် ပြည်သူများအားလုံးလိုလိုက ...
သတင်း
ဉေယျဓမ်တောရသို့ … (၂)
ဉေယျဓမ်တောရသို့ … (၂) တပေါင်းလဆန်း ၁၃ရက် (14.3.2022)ရက်နေ့၊ ဘုရားဝတ်တက်ပြီး ည ၁၀း၀၀နာရီမှာ အိပ်ရာဝင်ပါတယ်။တပည့်လေးနှစ်ပါးက အခန်းအပြင်ဘက်၊ စာရေးသူက အခန်းထဲမှာ အိပ်ပါတယ်။တပည့်လေးနှစ်ပါးက စာရေးသူထက် နှစ်ရက်စောပြီး ရောက်နေတာပါ။တပေါင်းလဆန်း ၁၂ရက်မှာ ချစ်ရင်ခတ် အမှတ်တံဆိပ် ရွှေမျက်စဉ်းလှူဖို့အတွက် ကြိုတင်ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ တပည့်လေးများပြောစကားအရ တပေါင်းလဆန်း ၁၂ရက်နေ့မှာ ရောက်ရှိလာတဲ့ ပရိသတ်က သောင်းကျော်ရှိပြီး ယူလာတဲ့ မျက်စဉ်းဘူး တစ်ထောင် ခဏလေးနဲ့ ကုန်သွားတယ်လို့ ဆိုပါတယ်။ကားတစ်စင်းလျှင် တစ်ဘူးနှုန်း လှူလျှင်တောင် မလောက်နိုင်ဟု ဆိုပါတယ်။မျက်စဉ်းဘူးလှူအပြီးမှာ မင်းဘိသိက်ခံ ...
သတင်း
ဉေယျဓမ်တောရသို့ … (၁)
ဉေယျဓမ်တောရသို့ … (၁)================ တပေါင်းလဆန်း ၁၃ရက် (14.3.2022)ရက်နေ့၊ မွန်းလွဲ ၃း၀၀နာရီမှာ သဟာယကျောင်းမှ ထွက်ခွာလာခဲ့ပါတယ်။ဒကာရင်းနှစ်ယောက်သာခေါ်လာခဲ့ပါတယ်။ တစ်ယောက်က ကားမောင်း၊ တစ်ယောက်က ကပ္ပိယလုပ်ပေါ့။ ညနေစောင်းမှာ မင်းဘိသိက်ခံစေတီတော်တည်ရှိရာ နတ်တလူသာသနာပြုစခန်းမှ ညီတော်လေး အရှင်ဇဋိလာလင်္ကာရာဘိဝံသ လာရောက်ကြိုဆိုပြီး ဉေယျဓမ်တောရသို့ လိုက်ပို့ပါတယ်။ဉေယျဓမ်တောရသို့ ရောက်ရှိသည်နှင့်တပြိုင်နက် မဟောဗောဓိမြိုင်ဆရာတော်ကြီး၏ မေတ္တာရိပ်ကိုခိုလှုံပြီးသားဖြစ်ကာ ဘဝအမောများ တဒင်္ဂချုပ်ငြိမ်းသွားပါတော့တယ်။ကိုခင်မောင်ဝင်းအမှူးပြုသော ဂေါပကလူငယ်များကလည်း လိုလေသေးမရှိအောင် စီစဉ်ပေးကြပါတယ်။နေဝင်ရီတရောအချိန်မှာ ရောက်ရှိသဖြင့် သမင်တောက်သံလေးများလည်း ကြားနေရပါတယ်။ သမင်သံကြားရတာ ဒီတစ်ခါ ပထမဦးဆုံးပါပဲ။ ဆရာတော်ကြီးသီတင်းသုံးတော်ခဲ့ရာ သာသနဝုဍ္ဎိကျောင်းဆောင်မှာ တည်းခိုရင်း တောရိပ်တောင်ရိပ်နှင့်အတူ ...
သတင်း