Monthly Archives: November 2021
သတင်း
မျက်စိဝေဒနာရှင်များအတွက် သတင်းကောင်း (၁)
မျက်စိဝေဒနာရှင်များအတွက် သတင်းကောင်း (၁)======================== ပုံပါ မျက်စိဝေဒနာရှင် မိန်းကလေးတစ်ဦး ခံစားနေရတဲ့ ရောဂါဝေဒနာများကို သဘာဝ မန်ကျည်းမျက်စဉ်းဖြင့် ကုသလို့ ရပါတယ်။ သဘာဝမန်ကျည်းမျက်စဉ်းဟာ မန်ကျည်းသီးမှည့်နှင့် မိုးရေတို့ဖြင့်သာ ကျိုချက် ပေါင်းခံထားတဲ့ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ လိုင်းသုံးသူ ဂိန်းကစားသူများအတွက် ရည်ရွယ်၍ ဖော်စပ်ထားသော်လည်း မျက်စိအပေါ်ယံပိုင်းမှာ ဖြစ်ပွားသော ရောဂါဝေဒနာမှန်သမျှ သက်သာပျောက်ကင်းကြောင်း လေ့လာတွေ့ရှိရပါတယ်။မျက်စိအပေါ်ယံပိုင်းဆိုတာ မျက်ကြည်လွှာပေါ် မျက်လုံးအိမ်ပေါ် မျက်ခမ်းအပေါ် မျက်ခွံပေါ်တို့မှာ စွဲကပ်နေတဲ့ အညစ်အကြေး ထိခိုက်ဒဏ်ရာ မျက်စိစွံခြင်း မီးခိုးမွှန်ခြင်း အနာပေါက်ခြင်း သွေးခြေဥခြင်း မျက်ရည်ယိုခြင်း ...
သတင်း
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအလှူတော် (ကျောက်ဆည်)================================ တန်ဆောင်မုန်းလဆန်း ၁၁ရက် (14.11.2021)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ပညာရေးအကယ်ဒမီကျောင်းမှာ ပြုလုပ်ပါတယ်။နေ့လယ်စာဆွမ်းတစ်နပ်နှင့် ရေခဲမုန့် လှူဒါန်းတာ ဖြစ်ပါတယ်။ အလှူရှင်များကတော့ ကျောက်ဆည်မြို့နယ်၊ ပနံကျေးရွာနေ ကိုအောင်ထိုက် မိသားစု ဖြစ်ပါတယ်။သံဃာတော်များအား တစ်ပါးလျှင် တစ်သောင်းကျပ်စီလည်း လှူဒါန်းပါတယ်။ အပြန်မှာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။နမောတဿ အမြဲရွတ်ဖို့ မှာကြားလိုက်ပါတယ်။ အရဟံ ဂုဏ်တော်ပွား လာဘ်များ၍ တိုးသရေ။သမ္ဗုဒ္ဓေ ပွားလေက ဉာဏ်သွား။ဘဂဝါက ဘုန်းကံထူသည် မုန်းရန်သူ ရှိဘူးတဲ့လေး။(မန်လည်ဆရာတော်) ————————————— မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအလှူတော် (ကျောက်ဆည်)================================ တန်ဆောင်မုန်းလဆန်း ၁၁ရက် ...
သတင်း
မြင်းမူ ရေဝန်မင်းသားဆရာတော်ကြီး ကြွရောက်အားပေး
မြင်းမူ ရေဝန်မင်းသားဆရာတော်ကြီး ကြွရောက်အားပေး============================= တန်ဆောင်မုန်းလဆန်း ၉ရက် (12.11.2021)ရက်နေ့၊ ဓမ္မသဟာယကျောင်းသို့ ကိုယ်တော်တိုင် ကြွရောက်လာခြင်းဖြစ်ပါတယ်။ သင်္ကန်းနှင့် စားစရာများအပြင် ဆေးဝါးဓာတ်စာများပါ ယူဆောင်လာပါတယ်။စာရေးသူရဲ့ အခြေအနေကို သိလို့ထင်ပါတယ်။ ဆွမ်းချိုင့်လေးပါ ပါလာပါတယ်။သဟာယကျောင်းမှာပဲ ဆွမ်းစားပြီး ပြန်ကြွသွားပါတယ်။ ဆရာတော်ကြီးက သက်တော်လည်းရ ကျန်းမာရေးလည်း မကောင်းသည့်အပြင် ကိုရင်မရှိ ကျောင်းသားမရှိ တစ်ပါးတည်း သီတင်းသုံးတော်မူတာကြောင့် စာရေးသူက ဆရာတော်ကြီးအတွက် အမြဲတန်းစိတ်ပူခဲ့ရတာပါ။ ဆရာတော်ကြီးက သူ့ကျောင်းတိုက်ကြီးကို စာရေးသူထံ လာရောက်အပ်နှံဖူးပါတယ်။ စာသင်တိုက်ဖွင့်ဖို့ပါ။သာမန်စာသင်တိုက်မဟုတ်ဘဲ သာမဏေကျော်လေးတွေမွေးထုတ်တဲ့ သာမဏေကျော်စာသင်တိုက် ဖွင့်ချင်တာပါပဲ။စာရေးသူလည်း ပဲခူးသာမဏေကျော်စာသင်တိုက် ဆရာတော်များနှင့် ...
သတင်း
မျိုးချစ်သမဂ္ဂ(မန္တလေး)အဖွဲ့ လာရောက်ဖူးမြော်
မျိုးချစ်သမဂ္ဂ(မန္တလေး)အဖွဲ့ လာရောက်ဖူးမြော်========================= တန်ဆောင်မုန်းလဆန်း ၆ရက် (9.11.2021)ရက်နေ့၊ မွန်းလွဲ ၁း၀၀နာရီ၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။ ဥက္ကဋ္ဌဆရာတော်လေး အရှင်ဣန္ဒဝီရ(လှည်းကူး) အမှူးပြုသော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး) ဖြစ်ပါတယ်။ပြင်ဆင်ဖွဲ့စည်းပြီး အသစ်စက်စက် ဥက္ကဋ္ဌလေးနှင့် အတွင်းရေးမှူးတို့ ဦးဆောင်ပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ မဘသအဖွဲ့အစည်းကြီးလည်း မရှိတော့ဘူး၊ မဘသဆိုင်းဘုတ်လည်း မရှိတော့ဘူး ဒီအချိန်မှာ အားကိုးစရာဆိုလို့ မျိုးချစ်သမဂ္ဂရဟန်းပျိုလေးများပဲ ကျန်ပါတော့တယ်။ ဒီရဟန်းတော်လေးများ ဝိဇ္ဇာနှင့် စရဏ (အရည်အချင်းနှင့် ကိုယ်ကျင့်တရား) ပြည့်စုံပါမှ အမျိုးသားရေးကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် ဝိဇ္ဇာစရဏသမ္ပဏ္ဏဂုဏ်တော်လာ ဝိဇ္ဇာနှင့် စရဏအကြောင်းကို အထူးအလေးပေး ...
သတင်း
သတင်း
ကျေးဇူးရှင် ရွှေကူညီဆရာတော်ကြီးအား ဖူးမြော်ပူဇော်
ကျေးဇူးရှင် ရွှေကူညီဆရာတော်ကြီးအား ဖူးမြော်ပူဇော်=========================== တန်ဆောင်မုန်းလဆန်း ၈ရက် (11.11.2021)ရက်နေ့၊ မနက် ၉း၀၀နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရွှေကူညီမိုးကုတ်ဝိပဿနာရိပ်သာသို့ သွားရောက်ဖူးမြော်ပါတယ်။ဆရာတော်ကြီးက သက်တော် ၇၆နှစ် ရှိပါပြီ။ စာရေးသူရဲ့ ငယ်ဆရာ(ဆရာရင်း)ပါ။ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက်မှာ စာရေးသူက ၁၃၄၇ မှ ၁၃၅၃ အထိ (1985-1991)အထိ မူလတန်းမှစပြီး အကြီးတန်းအောင် စာချတန်း တစ်နှစ်အထိ ၆နှစ်တိတိ စာသင်ယူခဲ့ပါတယ်။ ဆရာတော်ကြီးက မင်းကုန်းကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော်ကြီးပါ။ အခုတော့ ရွှေကူညီရိပ်သာမှာ တောရဆောက်တည်ရင်း နားအေးပါးအေး တရားလေးနဲ့ပဲ နေထိုင်ပါတော့တယ်။အကြောင်းကတော့ ...
သတင်း
လူမသိပါစေနဲ့
သတင်း
အဋ္ဌသာလိနီစာဝါ ပို့ချခြင်း============= တန်ဆောင်မုန်းလဆန်း ၁ ရက် (4.11.2021)ရက်နေ့၊ ညနေ ၄း၀၀နာရီ၊ ဓမ္မသဟာယကျောင်းမှာ ပို့ချပါတယ်။ပထမရက် စာသင်တန်းအောင် သကျသီဟစာချတန်း ရဟန်းပျိုလေးများ စာဝါလိုက်ကြပါတယ်။ဒုတိယရက်မှစပြီး အစိုးရစာချတန်း ရဟန်းပျိုများပါ စာဝါလာလိုက်ကြပါတယ်။ ကျမ်းရင်းသုံးကျမ်းမှ အဋ္ဌသာလိနီကျမ်းကို ပို့ချပေးတာပါ။နံပါတ် ၁၀ ပစ္စည်းပြိုင်အတွက် မစိုးရိမ်နှစ်ချက်စုကို အခြေခံပြီး ပဋ္ဌာန်းသက်သက် သီးခြားတွဲ၍ ပို့ချပေးပါတယ်။ ကိုဗစ်ကာလ စာဝါများ ရပ်နားထားသဖြင့် သကျသီဟစာချတန်းနှင့် အစိုးရစာချတန်း နှစ်တန်းလုံးကို တစ်ပေါင်းတည်း ပို့ချပေးခြင်း ဖြစ်ပါတယ်။ တပည့်အားလုံး စာချတန်းအောင်ပန်း ဆင်မြန်းနိုင်ကြပါစေသော်…ဝ်။ —————————————- အဋ္ဌသာလိနီစာဝါ ပို့ချခြင်း============= ...
သတင်း
ကျောင်းတက်ပွဲအခမ်းအနား
ကျောင်းတက်ပွဲအခမ်းအနား============== သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (3.11.2021)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန် ငွေတော်ကျီကုန်းရပ်၊ ကျီကုန်းကျောင်းတိုက်မှာ ကျင်းပပါတယ်။ လက်ရှိ ကျီကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနက မဟာထေရ်က မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း နာယကဆရာတော် အရှင်သူရိယာဘိဝံသအား လွှဲအပ်လှူဒါန်းခြင်းအခမ်းအနား ဖြစ်ပါတယ်။ မစိုးရိမ်တိုက်ကြီး မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(တိုင်းဥက္ကဋ္ဌ)နှင့် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်)အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တာဝန်ရှိအစိုးရလူကြီးများ၊ ရွာသူရွာသားများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။ ကျောင်းတင်ပွဲအခမ်းအနားမှာ အခုရှုပ်မှ နောင်ရှင်း ဆိုသလို စာသင်တိုက်ဖွင့်လှစ်သည့်အခါ ...
သတင်း
မင်းကွန်းပညာရေးအကယ်ဒမီအလှူတော် (ကလေးမြို့)
မင်းကွန်းပညာရေးအကယ်ဒမီအလှူတော် (ကလေးမြို့)====================== ဆရာတော်အရှင်ဝီရသူ တည်ထောင်ထားသည့် မင်းကွန်းတောင်ရိုး ပညာရေးအကယ်ဒမီကျောင်းမှ သံဃာတော်များ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် စားနပ်ရိက္ခာ အလှူငွေ ငါးသိန်းကျပ်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများမှ လှူဒါန်းပါသည်။၂၀၂၀ ခုနှစ် ကျောင်းစတင်ဖွင့်လှစ်စဉ်ကလည်း ဗလာစာအုပ်ပေါင်း ၇၅၀ ဒါဇင် လှူဒါန်းခဲ့ပါသည်။ ပညာရေးအကယ်ဒမီကျောင်းသည် ဆရာတော်အရှင်ဝီရသူ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်ပါသည်။ကျောင်းများမပိတ်ခင်က အင်အား ၂၁၀ ရှိပြီး ယခုအခါမှာ ကျောင်းသား ၁၇၉၊ ဆရာ ဆရာမ ...
သတင်း
ဇေယျာရွှေမြေဆရာတော်ကြီးအား ဖူးမြော်ပူဇော်
ဇေယျာရွှေမြေဆရာတော်ကြီးအား ဖူးမြော်ပူဇော်========================= သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် (3.11.2021)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းမှာ ကျင်းပပါတယ်။ အာစရိယပူဇော်ပွဲလေးပါ။ဇေယျာရွှေမြေဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)အား စာရေးသူနှင့် တပည့် ဒကာ ဒကာမများက သွားရောက်ပူဇော်ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးက သြဝါဒပေးတော်မူပါတယ်။ဆရာတော်ကြီးက နောက်တန်းခံတပ်မှူးကြီးပါ။ စာရေးသူမရှိခိုက် မန်းမဟော်သဓာနှင့် မင်းကွန်းပညာရေးအကယ်ဒမီကျောင်းတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူခဲ့ပါတယ်။စာရေးသူ့အပေါ်လည်း တပည့်အရင်းပမာ သားမြေးတမျှ မေတ္တာကရုဏာအပြည့်ဖြင့် စောင့်ရှောက်တော်မူပါတယ်။စာရေးသူကလည်း ဆရာတော်ကြီးအား အဖိုးလို ဆရာအရင်းလို လေးစားကြည်ညိုခဲ့ပါတယ်။ ဆရာတော်ကြီးအား အခုလို ဖူးမြော်ပူဇော်ခွင့်ရတာ စာရေးသူအတွက် အကြေနပ်ဆုံး ကုသိုလ်ထူးပါပဲ။မန်းမဟော်သဓာဥက္ကဋ္ဌကြီး ...
သတင်း
ပညာရေးအကယ်ဒမီအလှူတော် (ကျောက်ဆည်)========================== သီတင်းကျွတ်လဆုတ် ၁၀ရက် (30.10.2021) ရက်နေ့၊ မင်းကွန်းပုထိုးတော်ကြီးမှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများအတွက် ကျောက်ဆည်မြို့နေ ကိုအောင်ထိုက်မိသားစုဦးဆောင်သော ပရဟိတအဖွဲ့မှ ဆွမ်းဆန်တော်များ လာရောက်လှူဒါန်းကြပါတယ်။ ဆန်အိတ်ပေါင်း ၅၀ နှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါတယ်။မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ လာရောက်လှူဒါန်းကြခြင်းဖြစ်ပြီး ဇေယျာရွှေမြေဆရာတော်ကြီး ဦးကုသလ(ပါဠိပါရဂူ)ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပါတယ်။ မင်းကွန်းမှအပြန် စာရေးသူထံ ဝင်ရောက်ပြီး ကန်တော့ကြပါတယ်။ နမောတဿ တရားထိုင်နည်း သင်ကြားပေးပြီး စွဲစွဲမြဲမြဲ ရွတ်ဆိုပွားများဖို့ တိုက်တွန်းခဲ့ပါတယ်။စာရေးသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းနှိုးဆော်ခြင်း လုံးဝမရှိဘဲ ကလေးတွေရဲ့ ပညာရေးအတွက် ...
သတင်း
တံတားဦးမစိုးရိမ် ကထိန်အလှူတော်
တံတားဦးမစိုးရိမ် ကထိန်အလှူတော်================== တန်ဆောင်မုန်းလဆန်း ၄ရက် (7.11.2021) ရက်နေ့၊ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အေးကြည်ကုန်းကျေးရွာ၊ တံတားဦးမစိုးရိမ်ကျောင်းတိုက် ကထိန်အလှူတော်ဖြစ်ပါတယ်။ကျောင်းထိုင်ဆရာတော်လေး ဦးမုနိန္ဒက မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း ဖြစ်ပါတယ်။ကျောင်းတိုက်တည်ထောင်ခါစဖြစ်ပြီး ပွဲဦးထွက် ကထိန်ခင်းခြင်းပါပဲ။ ကထိန်အလှူရှင်များကတော့ ကထိန်ဒါယကာကြီး ဦးတင်မောင်ကို ရည်စူး၍ ကထိန်ဒါယိကာမကြီး ဒေါ်လှသိန်း မိသားစုတို့ ဖြစ်ပါတယ်။ နယ်ခံဆရာတော်ကြီးများနှင့် သံဃာတော်များလည်း စည်းလုံးညီညွတ်စွာ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။ “သံဃိက ကထိန ဒါန အလှူတော်”တရား ဟောကြားခဲ့ပါတယ်။ တိရစ္ဆာန်များအပေါ် ကြင်နာပါ၊ အစားအစာတွေလည်း ကျွေးမွေးပါ။ဘဝတစ်ရာ ကျိုးငါးဖြာ၊ ဘုရားဟောကြားဒေသနာ။(ဣတိဝုတ် ...