သတင်း
==================
—————————–—
တံတားဦးမစိုးရိမ် ကထိန်အလှူတော်
==================
တန်ဆောင်မုန်းလဆန်း ၄ရက် (7.11.2021) ရက်နေ့၊ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အေးကြည်ကုန်းကျေးရွာ၊ တံတားဦးမစိုးရိမ်ကျောင်းတိုက် ကထိန်အလှူတော်ဖြစ်ပါတယ်။
ကျောင်းထိုင်ဆရာတော်လေး ဦးမုနိန္ဒက မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း ဖြစ်ပါတယ်။
ကျောင်းတိုက်တည်ထောင်ခါစဖြစ်ပြီး ပွဲဦးထွက် ကထိန်ခင်းခြင်းပါပဲ။
ကထိန်အလှူရှင်များကတော့ ကထိန်ဒါယကာကြီး ဦးတင်မောင်ကို ရည်စူး၍ ကထိန်ဒါယိကာမကြီး ဒေါ်လှသိန်း မိသားစုတို့ ဖြစ်ပါတယ်။
နယ်ခံဆရာတော်ကြီးများနှင့် သံဃာတော်များလည်း စည်းလုံးညီညွတ်စွာ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။
“သံဃိက ကထိန ဒါန အလှူတော်”တရား ဟောကြားခဲ့ပါတယ်။
တိရစ္ဆာန်များအပေါ် ကြင်နာပါ၊ အစားအစာတွေလည်း ကျွေးမွေးပါ။
ဘဝတစ်ရာ ကျိုးငါးဖြာ၊ ဘုရားဟောကြားဒေသနာ။
(ဣတိဝုတ် ပါဠိတော်၊ ဒါနသုတ်။ ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏဝိဘင်္ဂသုတ်။)