သတင်း


==========================





——————————— 
ပညာရေးအကယ်ဒမီအလှူတော် (ကျောက်ဆည်)
==========================

သီတင်းကျွတ်လဆုတ် ၁၀ရက် (30.10.2021) ရက်နေ့၊ မင်းကွန်းပုထိုးတော်ကြီးမှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများအတွက် ကျောက်ဆည်မြို့နေ ကိုအောင်ထိုက်မိသားစုဦးဆောင်သော ပရဟိတအဖွဲ့မှ ဆွမ်းဆန်တော်များ လာရောက်လှူဒါန်းကြပါတယ်။

ဆန်အိတ်ပေါင်း ၅၀ နှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါတယ်။
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ လာရောက်လှူဒါန်းကြခြင်းဖြစ်ပြီး ဇေယျာရွှေမြေဆရာတော်ကြီး ဦးကုသလ(ပါဠိပါရဂူ)ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြပါတယ်။

မင်းကွန်းမှအပြန် စာရေးသူထံ ဝင်ရောက်ပြီး ကန်တော့ကြပါတယ်။

နမောတဿ တရားထိုင်နည်း သင်ကြားပေးပြီး စွဲစွဲမြဲမြဲ ရွတ်ဆိုပွားများဖို့ တိုက်တွန်းခဲ့ပါတယ်။
စာရေးသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းနှိုးဆော်ခြင်း လုံးဝမရှိဘဲ ကလေးတွေရဲ့ ပညာရေးအတွက် စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါတယ်။

ကိုအောင်ထိုက်အမှူးပြုသော ကျောက်ဆည်သူကျောက်ဆည်သားများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေသော်…ဝ်။