သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (က)

ျမန္မာေနာင္းအယ္ဒီတာခ်ဳပ္ႀကီး ကိုေဆြဝင္းေရ
ေျပာခ်င္တာေလးေတြနဲ႔ ေမးခ်င္တာေလးေတြ ေရးေမးလုိက္ပါတယ္ေနာ္။ ကိုေဆြဝင္းက ဘေကာင္းအေကာင့္မွာ ေရးလုိက္တဲ့ မွတ္ခ်က္စကားနဲ႔ပတ္သက္ၿပီး ကိုေက်ာ္မ်ဳိးေရႊက တရားစြဲလုိ႔ ရွင္းလင္းပြဲလုပ္တဲ့အခါ ကိုေဆြဝင္းရဲ႕ လိပ္စာနဲ႔ မွတ္ပံုတင္နံပါတ္ အတိအက်ပါေနတာကိုေထာက္ၿပီး ျပည္ထဲေရးတုိ႔ စစ္တပ္တုိ႔က စံုစမ္းေပးတယ္ထင္ၿပီး တစ္ဖက္သတ္ေျပာေနတာ ေတြ႔ခဲ့ရပါတယ္။ မန္း မ်ဳိးခ်စ္သမဂၢက ရန္ကုန္အထိဆင္းၿပီး ရန္ကုန္မ်ဳိးခ်စ္သမဂၢႏွင့္အတူ လုိက္လံစံုစမ္းလုိ႔ သိရွိရတာပါေနာ္။ နာမည္ႀကီးသတင္းသမားတစ္ဦးရဲ႕ ေနရပ္လိပ္စာက စံုစမ္းမရေလာက္ေအာင္ ခက္ခဲေလာက္တဲ့ လွ်ဳိ႕ဝွက္ခ်က္ႀကီးတစ္ခု မဟုတ္ႏိုင္ဘူးဆိုတာကိုေတာ့ ကိုေဆြဝင္းတစ္ေယာက္ သိေလာက္မွာပါေနာ္။

“မီဒီယာေတြ ဝိုင္းအာတဲ့ပြဲ”
စခန္းမွဴး ဦးေက်ာ္သူနဲ႔ ကိုေဆြဝင္းတုိ႔ ဂ်ာနယ္ရံုးမွာ ေတြ႔ဆံုေျပာဆိုၾကတာေတြကိုလည္း Liveလႊင့္ေပးၾကလုိ႔ ၾကည့္လုိက္ရပါတယ္။ အိမ္တိုင္ရာေရာက္ ဝန္ေဆာင္မႈေပးတဲ့ ရဲတပ္ဖြဲ႔ကို အံ့ၾသမိသလို ရဲေခၚ အႏိုင္က်င့္လုိက္ၾကတဲ့ ကိုေဆြဝင္းတုိ႔ အေပါင္းအပါေတြရဲ႕ ၾသဇာအရွိန္အဝါကိုလည္း ခ်ီးက်ဴးမိလိုက္ပါရဲ႕။ ရဲက စစ္ခ်က္လာယူတာကို မီဒီယာေတြက တုိက္ရိုက္လႊင့္ေကာင္းရဲ႕လားဟင္။ တရားရံုးမွ မေရာက္ေသးဘူး ဥပေဒအႀကံေပးဆိုသူက တစ္ဖက္ေစာင္းနင္း ဖိေျပာတာဟာ ဝင္ေရာက္စြက္ဖက္ရာ မေရာက္ဘူးလားဟင္။ ဦးပဥၥင္းအျမင္အရ အဲဒီပြဲဟာ ရဲကအႏုိင္က်င့္ခံလုိက္ရၿပီး ျပစ္မႈက်ဴးလြန္သူက အင္အားျပ ဗိုလ္က်လုိက္တယ္လုိ႔ပဲ ျမင္မိတယ္ကြာ။ အဲဒီအေၾကာင္းကို ဦးေက်ာ္သူေျပာျပလုိ႔ ေနာက္မွသိရတာက စခန္းကိုေခၚၿပီး စစ္ဖုိ႔လုပ္တာပါတဲ့။ ကိုေဆြဝင္းက ဂ်ာနယ္ရံုးမွာ ဘယ္သူမွ မရွိဘူး လာခဲ့ပါလုိ႔ ေခၚသတဲ့။ မီဒီယာေတြရွိမွာစိုးလုိ႔ စခန္းကိုပဲ ေခၚတဲ့အခါ ကိုေဆြဝင္းက က်ေနာ္တာဝန္ယူပါတယ္လုိ႔ ေျပာသတဲ့။ ကိုေဆြဝင္းက ဆုတံဆိပ္ရွင္ႀကီး အယ္ဒီတာခ်ဳပ္ႀကီးဆိုေတာ့ ဂုဏ္သေရရွိ လူႀကီးလူေကာင္းႀကီးထင္ၿပီး ယံုၾကည္လုိက္တာပါတဲ့။ ဟိုေရာက္ေတာ့ သတင္းသမားေတြကို ေအာက္ထပ္မွာတံခါးပိတ္ေပးထားၿပီး စတင္ေဆြးေႏြးမွ အေပၚတင္ေပးလုိက္တာပါတဲ့။ ရာဇဝတ္မႈတစ္ခုဆိုရင္ေတာ့ လက္ပူးလက္ၾကပ္ဝိုင္းဖမ္းၾကလို႔ လက္ရဖမ္းလုိက္တာေပါ့ဗ်ာ။ အမဲလုိက္သမားဆိုရင္ေတာ့ သားေကာင္ကို အပီအျပင္အကြက္ဆင္ၿပီး ပိပိရိရိ ျမႇားေခၚကာ ပိုင္ပိုင္ႏိုင္ႏိုင္ႀကီး ေထာင္ေခ်ာက္ထဲ ေမာင္းထည့္ႏုိင္လုိ္က္ၾကတယ္လုိ႔ ေျပာရမွာေပါ့ေနာ္။ ကိုေဆြဝင္းေတာ္တယ္ေပါ့။ ေသြးေအးေအးနဲ႔ ရက္စက္တတ္တယ္ေပါ့။ ဦးေက်ာ္သူက ဆက္ေျပာပါတယ္။ သူတုိ႔ျပန္လာတဲ့အခါက်မွ ကိုေဆြဝင္းက ဖုန္းဆက္ၿပီး ျပန္ေတာင္းပန္ပါတယ္တဲ့။ ရဲအေပၚ အဲဒီလိုျပဳမူလုိက္ၿပီးမွ ဖုန္းဆက္ေတာင္းပန္တယ္ဆိုတာ ဟုတ္ပါသလားကိုေဆြဝင္း။ ဟုတ္တယ္ဆုိရင္ေတာ့ လူေရွ႕သူေရွ႕မွာ ဟီးရိုးလုပ္ျပၿပီး ကြယ္ရာမွာ လက္သိပ္ထုိးေတာင္းပန္တာဟာ ေယာက်္ားဆန္တဲ့ အျပဳအမူတစ္ခု ဟုတ္ႏုိင္ပါ့မလားကြာ။ အဲဒါေလး ေျဖေပးပါေနာ္။

“ဓာတ္တူ နံတူ စရိုက္တူ”
ဦးပဥၥင္းနဲ႔ပတ္သက္လုိ႔ ဘေကာင္းအေကာင့္မွာ ကိုေဆြဝင္းေရးသားခဲ့တဲ့ မွတ္ခ်က္စကားဟာ ျပစ္မႈမေျမာက္ဘူးလုိ႔ ယူဆထားရင္လည္း “ဒီလိုေရးတာ ဟုတ္ပါတယ္။ ဘေကာင္းအကာင့္ဟာ ကိုေဆြဝင္းသံုးတဲ့အေကာင့္ျဖစ္ပါတယ္။ ကၽြန္ပ်ဴတာနဲ႔ သံုးပါတယ္။ ဒါမွမဟုတ္ ဘယ္ဖုန္းနဲ႔သံုးပါတယ္။” ဒီေလာက္ဆိုရင္ လံုေလာက္ၿပီမဟုတ္လားကြာ။ ဘာေၾကာင့္ ဌာနဆုိင္ရာေတြထံ ခ်ဥ္းကပ္ေနရတာလဲ။ ဘာေၾကာင့္ သာ/ယဥ္ဝန္ႀကီးကို စာထုတ္ခုိင္းရတာလဲ။ အဲဒါေလးလည္း ေျဖေပးပါကြာ။ သာယဥ္သူရေအာင္ကိုဆိုသူကလည္း နဝတေခတ္မ်ား ေအာက္ေမ့ေနသလားမသိဘူး။ တရားေရးကို ဝင္ေရာက္စြက္ဖက္ေနလုိ႔ မ်ဳိးခ်စ္သံဃာေတြမ်ားႏွင့္ မ်ဳိးခ်စ္ျပည္သူမ်ားရဲ႕ အျပင္းအထန္ ဆန္႔က်င္ရႈတ္ခ်ခံခဲ့ရတဲ့အဆင့္ထိ ရဟန္းတစ္ပါးအေပၚ မတရားလုပ္ခဲ့တာ ေတြ႔ရတယ္။ ေခတ္အဆက္ဆက္မွာ သာသနာ့ဝန္ထမ္း ရွင္ရဟန္းေတြကို အကာအကြယ္ေပးတဲ့ သာသနာေရးဝန္ႀကီးပဲ ေတြ႔ဖူးတယ္။ ေစာ္ကားတဲ့သူဘက္ရပ္တည္ၿပီး ရဟန္းတစ္ပါးကို ထပ္မံအႏုိင္က်င့္တဲ့ ဝန္ႀကီးမ်ဳိး ၾကားေတာင္ မၾကားဖူးပါဘူးကြာ။ ဒါလည္း ေကာင္းပါတယ္ေလ။ ဓာတ္တူ နံတူ စုၾကတဲ့ သေဘာပဲမဟုတ္လား။ ကိုေဆြဝင္းရယ္၊ ဥပေဒအႀကံေပးဆိုသူရယ္၊ သူရေအာင္ကိုဆိုသူရယ္၊ ရပ္တည္နီပိန္းေတြရယ္၊ ဘုန္းႀကီးအခ်ဳိ႕ရယ္ကို ၾကည့္ၿပီး ငါးရာငါးဆယ္ဇာတ္ေတာ္ထဲက အႏၲဇာတ္ကို သတိရမိပါတယ္ကြာ။ သိခ်င္ရင္ ဖတ္ၾကည့္ပါေနာ္။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (က)

မြန်မာနောင်းအယ်ဒီတာချုပ်ကြီး ကိုဆွေဝင်းရေ
ပြောချင်တာလေးတွေနဲ့ မေးချင်တာလေးတွေ ရေးမေးလိုက်ပါတယ်နော်။ ကိုဆွေဝင်းက ဘကောင်းအကောင့်မှာ ရေးလိုက်တဲ့ မှတ်ချက်စကားနဲ့ပတ်သက်ပြီး ကိုကျော်မျိုးရွှေက တရားစွဲလို့ ရှင်းလင်းပွဲလုပ်တဲ့အခါ ကိုဆွေဝင်းရဲ့ လိပ်စာနဲ့ မှတ်ပုံတင်နံပါတ် အတိအကျပါနေတာကိုထောက်ပြီး ပြည်ထဲရေးတို့ စစ်တပ်တို့က စုံစမ်းပေးတယ်ထင်ပြီး တစ်ဖက်သတ်ပြောနေတာ တွေ့ခဲ့ရပါတယ်။ မန်း မျိုးချစ်သမဂ္ဂက ရန်ကုန်အထိဆင်းပြီး ရန်ကုန်မျိုးချစ်သမဂ္ဂနှင့်အတူ လိုက်လံစုံစမ်းလို့ သိရှိရတာပါနော်။ နာမည်ကြီးသတင်းသမားတစ်ဦးရဲ့ နေရပ်လိပ်စာက စုံစမ်းမရလောက်အောင် ခက်ခဲလောက်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု မဟုတ်နိုင်ဘူးဆိုတာကိုတော့ ကိုဆွေဝင်းတစ်ယောက် သိလောက်မှာပါနော်။

“မီဒီယာတွေ ဝိုင်းအာတဲ့ပွဲ”
စခန်းမှူး ဦးကျော်သူနဲ့ ကိုဆွေဝင်းတို့ ဂျာနယ်ရုံးမှာ တွေ့ဆုံပြောဆိုကြတာတွေကိုလည်း Liveလွှင့်ပေးကြလို့ ကြည့်လိုက်ရပါတယ်။ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ကို အံ့သြမိသလို ရဲခေါ် အနိုင်ကျင့်လိုက်ကြတဲ့ ကိုဆွေဝင်းတို့ အပေါင်းအပါတွေရဲ့ သြဇာအရှိန်အဝါကိုလည်း ချီးကျူးမိလိုက်ပါရဲ့။ ရဲက စစ်ချက်လာယူတာကို မီဒီယာတွေက တိုက်ရိုက်လွှင့်ကောင်းရဲ့လားဟင်။ တရားရုံးမှ မရောက်သေးဘူး ဥပဒေအကြံပေးဆိုသူက တစ်ဖက်စောင်းနင်း ဖိပြောတာဟာ ဝင်ရောက်စွက်ဖက်ရာ မရောက်ဘူးလားဟင်။ ဦးပဉ္စင်းအမြင်အရ အဲဒီပွဲဟာ ရဲကအနိုင်ကျင့်ခံလိုက်ရပြီး ပြစ်မှုကျူးလွန်သူက အင်အားပြ ဗိုလ်ကျလိုက်တယ်လို့ပဲ မြင်မိတယ်ကွာ။ အဲဒီအကြောင်းကို ဦးကျော်သူပြောပြလို့ နောက်မှသိရတာက စခန်းကိုခေါ်ပြီး စစ်ဖို့လုပ်တာပါတဲ့။ ကိုဆွေဝင်းက ဂျာနယ်ရုံးမှာ ဘယ်သူမှ မရှိဘူး လာခဲ့ပါလို့ ခေါ်သတဲ့။ မီဒီယာတွေရှိမှာစိုးလို့ စခန်းကိုပဲ ခေါ်တဲ့အခါ ကိုဆွေဝင်းက ကျနော်တာဝန်ယူပါတယ်လို့ ပြောသတဲ့။ ကိုဆွေဝင်းက ဆုတံဆိပ်ရှင်ကြီး အယ်ဒီတာချုပ်ကြီးဆိုတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းကြီးထင်ပြီး ယုံကြည်လိုက်တာပါတဲ့။ ဟိုရောက်တော့ သတင်းသမားတွေကို အောက်ထပ်မှာတံခါးပိတ်ပေးထားပြီး စတင်ဆွေးနွေးမှ အပေါ်တင်ပေးလိုက်တာပါတဲ့။ ရာဇဝတ်မှုတစ်ခုဆိုရင်တော့ လက်ပူးလက်ကြပ်ဝိုင်းဖမ်းကြလို့ လက်ရဖမ်းလိုက်တာပေါ့ဗျာ။ အမဲလိုက်သမားဆိုရင်တော့ သားကောင်ကို အပီအပြင်အကွက်ဆင်ပြီး ပိပိရိရိ မြှားခေါ်ကာ ပိုင်ပိုင်နိုင်နိုင်ကြီး ထောင်ချောက်ထဲ မောင်းထည့်နိုင်လိုက်ကြတယ်လို့ ပြောရမှာပေါ့နော်။ ကိုဆွေဝင်းတော်တယ်ပေါ့။ သွေးအေးအေးနဲ့ ရက်စက်တတ်တယ်ပေါ့။ ဦးကျော်သူက ဆက်ပြောပါတယ်။ သူတို့ပြန်လာတဲ့အခါကျမှ ကိုဆွေဝင်းက ဖုန်းဆက်ပြီး ပြန်တောင်းပန်ပါတယ်တဲ့။ ရဲအပေါ် အဲဒီလိုပြုမူလိုက်ပြီးမှ ဖုန်းဆက်တောင်းပန်တယ်ဆိုတာ ဟုတ်ပါသလားကိုဆွေဝင်း။ ဟုတ်တယ်ဆိုရင်တော့ လူရှေ့သူရှေ့မှာ ဟီးရိုးလုပ်ပြပြီး ကွယ်ရာမှာ လက်သိပ်ထိုးတောင်းပန်တာဟာ ယောကျ်ားဆန်တဲ့ အပြုအမူတစ်ခု ဟုတ်နိုင်ပါ့မလားကွာ။ အဲဒါလေး ဖြေပေးပါနော်။

“ဓာတ်တူ နံတူ စရိုက်တူ”
ဦးပဉ္စင်းနဲ့ပတ်သက်လို့ ဘကောင်းအကောင့်မှာ ကိုဆွေဝင်းရေးသားခဲ့တဲ့ မှတ်ချက်စကားဟာ ပြစ်မှုမမြောက်ဘူးလို့ ယူဆထားရင်လည်း “ဒီလိုရေးတာ ဟုတ်ပါတယ်။ ဘကောင်းအကာင့်ဟာ ကိုဆွေဝင်းသုံးတဲ့အကောင့်ဖြစ်ပါတယ်။ ကျွန်ပျူတာနဲ့ သုံးပါတယ်။ ဒါမှမဟုတ် ဘယ်ဖုန်းနဲ့သုံးပါတယ်။” ဒီလောက်ဆိုရင် လုံလောက်ပြီမဟုတ်လားကွာ။ ဘာကြောင့် ဌာနဆိုင်ရာတွေထံ ချဉ်းကပ်နေရတာလဲ။ ဘာကြောင့် သာ/ယဉ်ဝန်ကြီးကို စာထုတ်ခိုင်းရတာလဲ။ အဲဒါလေးလည်း ဖြေပေးပါကွာ။ သာယဉ်သူရအောင်ကိုဆိုသူကလည်း နဝတခေတ်များ အောက်မေ့နေသလားမသိဘူး။ တရားရေးကို ဝင်ရောက်စွက်ဖက်နေလို့ မျိုးချစ်သံဃာတွေများနှင့် မျိုးချစ်ပြည်သူများရဲ့ အပြင်းအထန် ဆန့်ကျင်ရှုတ်ချခံခဲ့ရတဲ့အဆင့်ထိ ရဟန်းတစ်ပါးအပေါ် မတရားလုပ်ခဲ့တာ တွေ့ရတယ်။ ခေတ်အဆက်ဆက်မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို အကာအကွယ်ပေးတဲ့ သာသနာရေးဝန်ကြီးပဲ တွေ့ဖူးတယ်။ စော်ကားတဲ့သူဘက်ရပ်တည်ပြီး ရဟန်းတစ်ပါးကို ထပ်မံအနိုင်ကျင့်တဲ့ ဝန်ကြီးမျိုး ကြားတောင် မကြားဖူးပါဘူးကွာ။ ဒါလည်း ကောင်းပါတယ်လေ။ ဓာတ်တူ နံတူ စုကြတဲ့ သဘောပဲမဟုတ်လား။ ကိုဆွေဝင်းရယ်၊ ဥပဒေအကြံပေးဆိုသူရယ်၊ သူရအောင်ကိုဆိုသူရယ်၊ ရပ်တည်နီပိန်းတွေရယ်၊ ဘုန်းကြီးအချို့ရယ်ကို ကြည့်ပြီး ငါးရာငါးဆယ်ဇာတ်တော်ထဲက အန္တဇာတ်ကို သတိရမိပါတယ်ကွာ။ သိချင်ရင် ဖတ်ကြည့်ပါနော်။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020