သတင်း






ဗမာတရား ဟောကြားပါတယ်။











 

 

“၂၀၁၈ တေရသမဓမ္မသဘင် (ရန်ကုန်/ရွှေပြည်သာ”

၁၃၈၀ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ (17.4.2018)ရက်နေ့၊ ည(၈း၀၀)နာရီ၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဈ/၃၄၊ ၁၀ ရပ်ကွက်၊ ဧကရီပန်းခြံ၊ ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာချစ်မြတ်နိုးသူများ၏ မြန်မာနှစ်ကူး နှစ်ဦးဓမ္မသဘင်။

ဒညှင်းကုန်းလမ်းဆုံမှာ ကြိုဆိုရေးအဖွဲ့တွေ စောင့်ကြိုနေကြပါတယ်။ ဆိုင်ကယ်တန်းနှင့် ကားတန်းကြီးပါ။ ရှမ်းအိုးစည်အဖွဲ့လည်း ပါပါတယ်။
မြို့တစ်ပတ်လှည့်လည်ပြီးမှ ခဏနားပါတယ်။ ဦးမောင်ဦး+ဒေါ်စန်းစန်းမော် မိသားစုနေအိမ်မှာ မျိုးချစ်သမဂ္ဂညီတော်လေးများ၊ အမျိုးသားရေးမောင်မယ်များ၊ မျိုးချစ်ပြည်သူများနှင့် တွေ့ဆုံပါတယ်။

ထုံးစံအတိုင်းပေါ့နော်။ ပြိတ္တာလောင်းလျာတွေက အမျိုးမျိုးနှောက်ယှက်ထားတာကြောင့် ပြည်သူတွေမှာ အကြောက်တရား ဖိစီးနေတော့တာပေါ့။

ဗမာတရား ဟောကြားပါတယ်။
တရားတော်ရဲ့အမည်က WE STAND WITH YOU ပါ။
စီးပွားရေးက ကျ၊ ကုန်ဈေးနှုန်းက ထောင်တက်၊ ဘဏ္ဍာရေးက အကြွေးထူ၊ မီဒီယာလည်း ဖိနှိပ်ခံနေရ၊ အမျိုးဘာသာလည်း ပစ်ပယ်ခံနေရလို့ တစ်တိုင်းပြည်လုံး မွဲပြာကျနေတာတောင် တကြော်ကြော်လော်နေကြတဲ့ လော်ဘီတွေကို ရည်ရွယ်ဟောကြားတာပါ။

ဝီစတန်းဝစ်သ်ယူ – စီးပွားရေးက နလန်မထူ။
ဝီစတန်းဝစ်သ်ယူ – ဘဏ္ဍာရေးက အကြွေးထူ။
ဝီစတန်းဝစ်သ်ယူ – ကုန်ဈေးနှုန်းတွေ ထောင်တက်သူ။
ဝီစတန်းဝစ်သ်ယူ – အမျိုးဘာသာကို ပစ်ပယ်သူ။
ဝီစတန်းဝစ်သ်ယူ – ဥပဒေဖိနပ် စီးထားသူ။
ဝီစတန်းဝစ်သ်ယူ – မီဒီယာကို ဖိနှိပ်သူ။
ဝီစတန်းဝစ်သ်ယူ – လူတစ်စုသာ ကောင်းစားသူ။
ဝီစတန်းဝစ်သ်ယူ – သူ့ပထွေးကျ ကြောက်ကြသူ။